iMyanmarHouse.com - Best Property Website for Myanmar
×











အခြေအနေတွေက Taylor Swift နဲ့ Matt Healy တို့ တစ်ယောက်ဖုန်းနံပါတ်တစ်ယောက် အလဲအလှယ်လုပ်ပြီးနောက်ပိုင်း တော်တော်လေး ပြောင်းလဲကုန်တာပါပဲ။ သူတို့နှစ်ယောက်ဆက်နွယ်မှုတွေ ရှိလာမယ်လို့ အားလုံးက ထင်ကြေးပေးကြသလို ခုလိုအခြေအနေထိ ကြီးကြီးကျယ်ကျယ်ဖြစ်သွားလိမ့်မယ်လို့တော့ Matt Healy က မထင်ခဲ့ပါဘူးတဲ့။

ဒီအကြောင်းကို သြစတြေးလျရဲ့ 2DayFMကနေတစ်ဆင့် Matt ပြောသွားတာက "ခုအားလုံး ပြောနေကြတဲ့ Taylor Swift နဲ့ကိစ္စက ကောလာဟလပါ။ ဒါတမင်သက်သက် ဖွရှုပ်လုပ်ကြတာပါ။ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ဖုန်းနံပါတ်တွေ အလဲအလှယ်လုပ်ခဲ့ကြတာတော့ အမှန်ပါပဲ။ ဒီလိုလေး လုပ်လိုက်တာနဲ့ ဒီလောက်ထိ ပြောစရာ ဖြစ်သွားလိမ့်မယ်တော့ မထင်ထားဘူး။ ဖုန်းနံပါတယူတယ်ဆိုတာ သူငယ်ချင်းတွေ တစ်ယောက် ဖုန်းနံပါတ်တစ်ယောက် ယူသလိုပဲ။

 နောက် အလုပ်ကိစ္စအတွက်လည်း ဖြစ်ပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးအဆိုတော်တွေမှာ တစ်ယောက်ဖြစ်နေပါပြီ။ ကျွန်တော်က သြစတြေးလျမှာမှ လူသိများသလောက်ရှိတာပါ။ ကျွန်တော်တို့ကြားမှာ ချစ်ရေးချစ်ရာနဲ့ ပတ်သက်ပြီး ဘာမှမရှိဘူး။ ဘာမှလည်း မဖြစ်ဘူး။ ခုလူတွေပြောနေတာတွေကို ကြားရင် ကျွန်တော် ရယ်ချင်လွန်းလို့ပါ" လို့ သူက ဆိုပါတယ်။
Taylor Swift ရဲ့ယောင်္ကျားလေး သူငယ်ချင်းဖြစ်ရတာတောင် မလွယ်ပါလား။ သူ့ကြောင်လေးဖြစ်ရတာမှ ပိုကောင်းဦးမယ်နော်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top