iMyanmarHouse.com - Best Property Website for Myanmar
×














သူမရဲ့ စွဲဆောင်မှုရှိလှတဲ့ မျက်နှာပေးအလှ၊ ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ body Structure ကို ပိုင်ဆိုင်ထားတဲ့ သင်ဇာဝင့်ကျော်ဟာ တက်သစ်စ အချိန်မှာ အချို့သော သတင်းတွေကြောင့် ပရိသတ်တွေ နှာခေါင်းရှုံ့စရာဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပရိသတ်ရဲ့ ဝေဖန်မှုတွေကြောင့် ပြောင်းလဲပြီး လိမ္မာလို့ နေခဲ့ပါပြီ။

သင်ဇာဝင့်ကျော်က ခုချိန်မှာ ကားရိုက်တွေနဲ့မိသားစုကိုသာ ဦးစားပေးနေပြီး လက်ရှိမှာ အချစ်ကို မရှာချင်လို့ တစ်ယောက်တည်းသာ ဖြတ်သန်းနေတဲ့ အကြောင်းကို “အချစ်ကတော့ မလိုချင်တော့ဘူး။ အရင်ငယ်ရွယ်တဲ့ အချိန်တုန်းကတော့ အချစ် ၊ အချစ်ဆို ပြီး လိုက်ယောင်ခဲ့ဖူးတယ်။ ပြီးတော့ ဘာမှလဲ မဟုတ်ခဲ့ဘူး။ အတည်တကျ မရှိခဲ့ဘူး။ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့တော့ အချစ်က အဲ့ဒီအရွယ်မှာ စိတ်ကစားမှု တစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ ခုချိန်မှာ ပြန်တွေးကြည့်မိရင်တော့ ရယ်စရာတွေ ဖြစ်နေပါပြီ။ ခုတော့ အချစ်က ပေးတဲ့ ပူလောင်မှုတွေကို မလိုချင်လို့ single ပဲနေပါတယ်”တဲ့။

သူမရဲ့ လက်ရှိ အနုပညာ အကြောင်းအရာများနဲ့ပတ်သက်ပြီးတော့ သူမက “လက်ရှိက သင်ဇာခု ကိုဟိန်းဝေယံနဲ့ပြိုင်လိုက်ပါဦးဆိုတဲ့ ဟာသကားလေးကို ဒါရိုက်တာ ဦးမိုးဦး၊ ကိုရဲအောင်တို့နဲ့ ရိုက်ကူးနေပါတယ်။ ဖန်စီ အပျော်ဟာသ ကားလေးပဲပေါ့။ ဗီဒီယိုတွေကတော့ ဆက်တိုက် ရိုက်ဖို့ရှိတယ်။ ပြီးတော့ ၃ လပိုင်းမှာ 7 Ladies show နဲ့ကိုရီးယားကို ဖျော်ဖြေရေးသွားဖို့ရှိတယ်။

သရုပ်ဆောင်တွေရော၊ အဆိုတော်တွေရောပေါ့။ အဲ့ဒီပွဲတွက်လဲ သင်ဇာ စိတ်လှုပ်ရှားတယ်။ ရင်လဲ ခုန်နေပါတယ်။ ဂီတဖျော်ဖြေမှု တစ်ခုအနေနဲ့သွားရမှာဆိုတော့လေ။ အဲ့ဒီတွက် ဖက်ရှင်တွေ ပြင်ဆင်နေတယ်။ သီချင်းတွေ ပြင်ဆင်နေပါတယ်။ အဲ့ဒီပွဲမှာလဲ အကောင်းဆုံး ဖျော်ဖြေခဲ့မယ်။ ပြီးတော့ အုပ်စုလိုက် သင်္ကြန်အခွေမှာ သင်ဇာ တစ်ပုဒ်ဝင်ဆိုဖို့ ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top