iMyanmarHouse.com - Best Property Website for Myanmar
×














ဇာတ်ကားမရိုက်ကူးဖြစ်သည်မှာ ငါးနှစ်တာရှိပြီဖြစ်သော်လည်း ယခုနှစ်အတွင်း၌ ဗီဒီယိုဇာတ်ကားများရိုက်ကူးရန် အစီအစဉ်ရှိပြီး ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရန်လက်ခံထားကြောင်း ထွန်းထွန်းကပြောသည်။

‘‘ဒီနှစ်ထဲမှာ ဇာတ်ကားတွေ ပြန်ရိုက်ဖို့အစီအစဉ်ရှိပါတယ်။ အရင်ကလုပ်ခဲ့တဲ့ အလုပ်တွေထက် ပိုပြီးတော့ အချိန်တိတိကျကျ သပ်သပ်ရပ်ရပ်နဲ့ လူကြီးဆန်ဆန်လုပ်သွားဖို့ရှိပါတယ်’’ဟု ၎င်းကပြောသည်။

ဗီဒီယိုမရိုက်ဖြစ်သည်မှာ ၂၀၀၉ ခုနှစ်ကတည်းကဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားအချို့တွင်သာ ပါဝင်ရိုက်ကူးဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘ဒီနှစ်ထဲမှာရိုက်ဖို့ ရုပ်ရှင်လေးကားလောက် လက်ခံထားပါတယ်။ တစ်ကားကတော့ မတ်လဆန်းပိုင်းလောက်မှာ စရိုက်ဖြစ်မယ်။ ဒါရိုက်တာကတော့ ဦးညီညီထွန်းလွင်ပါ။ ဗီဒီယိုရိုက်ကူးမှုကိုတော့ ဒီလထဲမှာစပြီး ပြန်ရိုက်ဖြစ်မယ်ထင်တယ်’’ဟု ထွန်းထွန်းကပြောသည်။

ဂီတလှုပ်ရှားမှုအနေဖြင့် ၎င်း၏စူပါစတားကို ဖေဖော်ဝါရီလအတွင်း၌ ထွက်ရှိနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း အငြိမ့်ကရမည်ဖြစ်၍ မတ်လထဲအတွင်းမှသာ ဖြန့်ချိနိုင်တော့မည်ဟု ၎င်းကဆိုသည်။

‘‘ပြီးခဲ့တဲ့နှစ် ရတနာပုံနှင်းဆီအငြိမ့်ကပြီးကတည်းက Study Hour သေချာထားပြီး စာတွေပြန်ဖတ်ဖြစ်တယ်။ အနုပညာနဲ့ ပတ်သက်ပြီး ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဂီတပဲဖြစ်ဖြစ် တစ်နှစ်လောက် သေသေချာချာလေ့လာဖြစ်တယ်။ အခု ရယ်ဒီဖြစ်ပြီထင်လို့ ပြန်လာတာပါ။ ကြုံတွေ့ထားတဲ့အတွေ့အကြုံနဲ့ အကောင်းဆုံးတည်ဆောက်ပြီး ရင့်ကျက်မှုတစ်ခုနဲ့ အလုပ်ဆက်လုပ်သွားနိုင်မယ်ထင်ပါတယ်’’ဟု ထွန်းထွန်းကပြောသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top