iMyanmarHouse.com - Best Property Website for Myanmar
×












Mr.တစ်ဦး ဖြစ်သည့် ခါရာ၊ ဗီဒီယိုကား ရိုက်ကူးမှုများ ပြုလုပ်နေပြီး အနုပညာ ဆန်ဆန် ပြသချင်ကြောင်း ပြောသည်။ ဗီဒီယို တစ်ကား ရီုက်ပြီး သွားပါပြီ။ မင်းသမီး ကတော့ စိုးနန္ဒာကျော်ပါ။ ပထမဆုံး ခေါင်းဆောင် အနေနဲ့ပေါ့နော်။ ဇာတ်လမ်းလေး ကတော့  ကျောင်းသား ဟာသ ကားမျိုးတော့ မဟုတ်ဘူး။ လူငယ်တွေ အများကြီး ပါတယ်။ ကျွန်တော့် သူငယ်ချင်း မော်ဒယ်တွေလည်း ပါတယ်။ အရမ်းကြီး ခက်ခဲတာ မျိုးတော့ မရှိပေမယ့် ပထမဆုံး ဆိုတော့ လုပ်ရတာ ခက်တော့ ခက်တယ်။

သရုပ်ဆောင် သင်တန်းတွေ တက်ထားတယ် ဆိုပေမယ့် တကယ် လုပ်တော့ ခက်တယ် ပေါ့နော်။ ဒါရိုက်တာ တွေကလည်း သင်ပေးပါတယ်။ ဖိုက်တင်ချနေတဲ့ ပုံကတော့ ကျွန်တော့် အနေနဲ့ ခက်တယ်ဗျ။ ဘာလို့လဲ ဆိုတော့ အပြင်မှာ တကယ်လုပ်ရတာ  မဟုတ်တော့လေ။ ရည်းစားစကား ပြောတာ၊ နည်းနည်း အော်တဲ့နေရာ၊ ရန်ဖြစ်တာ ပထမဦးဆုံး ဆိုတော့ နည်းနည်းတော့ ရှိတယ်။

 နောက်ထပ် ရိုက်ဖို့ တော့ရှိတယ် အတိအကျ ရယ်လို့တော့ မပြောသေးဘူး။ ရိုက်ဖြစ်မယ် လို့တော့ ကမ်းလှမ်းထားတာ ရှိတယ်။ ကြော်ငြာလည်း ရှိတယ်။ ကျွန်တော် ဘယ်လို အနုပညာကိုပဲ လုပ်လုပ် ကျွန်တော် အစွမ်းကုန် ကြိုးစားမယ်။ ပရိသတ် ကိုလည်း ပြည့်ပြည့်၀၀ ခံစားစေ ချင်တယ်။ ဇာတ်ကားလေး တစ်ကား ကြည့်လိုက်တာနဲ့ ဇာတ်ကား အဓိပ္ပါယ် အကုန်လုံးကို  သေချာလေး နားလည်အောင် လုပ်ပြချင်တယ်။ အနုပညာ ဆန်ဆန် ချပြချင်တယ် ဟု ခါရာက ပြောသည်။ ခါရာသည် ရိုက်ကူးရေး အပိုင်းကိုလည်း လုပ်ဆောင်နေပြီး ကြော်ငြာ များလည်း ရိုက်ကူးနေရကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top