iMyanmarHouse.com - Best Property Website for Myanmar
×










မိန်းကလေးတွေဟာ တစ်ကယ်ချစ်တတ်လာပြီဆိုရင် သူတို့ ချစ်တဲ့သူက အားကိုးရတဲ့ လက်လေးတစ်စုံ မဟုတ်ဘဲ တစ်ဖက်ကိုသာ ကမ်းပေးလည်း သတ္တိရှိရှိ ဆုတ်ကိုင်ပြီး စွန့်စားရဲ့တဲ့ သူတွေပါ။
မိန်းမကောင်းတွေ ရွေးချယ်ဖြစ်တဲ့ အမျိုးသားများဟာ လုံးချော ပြီးပြည့်စုံတဲ့ သူမျိုး မဟုတ်ပါဘူး။
သူတို့ချစ်လို့ ရွေးချယ်လိုက်တဲ့သူဟာ ငွေကြေးအများကြီးရှိတဲ့သူ မဟုတ်ပါဘူး။ ပညာအရမ်း တတ်နေတဲ့သူလည်း မဟုတ်ကြပါဘူး။

သင်က အရမ်း ညံ့ဖျင်းပြီး စိတ်ဆင်းရဲ စရာတွေ တစ်နေ့တစ်မျိုး မရိုးအောင် သယ်ဆောင်လာမယ့် လူမျိုးလည်း မဟုတ်ဘူး ဆိုရင် သင့်ချစ်သူ မိန်းကလေးက သင့်ရဲ့ အားပေးတတ်တဲ့ လက်လေးတစ်ဖက်ကိုသာ မက်မောလို့ပါ။
မိန်းကလေး တစ်ယောက်ရဲ့ ချစ်ခြင်းကို ဖန်တီးပေးနိုင်တဲ့ လက်ရွေးစင် လက်လေးတစ်ဖက် ကမ်းပေးနိုင်ဖို့ဆိုရင်

(၁) သူပြောတာ၊ တိုင်ပင်ကြည့်တာတွေကို အကြံဥာဏ်ကောင်း မပေးနိုင်ရင်တောင် စိတ်ရှည်ရှည်နဲ့ နားထောင်ပေးနိုင်တဲ့သူ ဖြစ်ရပါမယ်။

(၂) သင်က အပြောကောင်းသူ ဖြစ်ရတယ်။ မကြာခဏ ရှုပ်ထွေးလာတတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်ကို ဖြေလျှော့လာအောင် ဟာသဥာဏ် ရှိသူ၊ ချီးမွမ်းစကားတွေနဲ့ အားပေး ဖြောင်းဖြ နိုင်သူ ဖြစ်နေရပါမယ်။
ဒီနှစ်ချက်သာ ရှိနေရင် သင့်ချစ်သူက သင့်ကို ဘဝ လက်တွဲဖော် အဖြင့်ရွေးချယ်ဖို့ ၇၀ % လောက် သေချာနေပါပြီ။ မယုံမရှိနဲ့။

လူကြီးတွေပြောစကားအရ ဆိုရင် မိန်းမတွေက အချစ်နဲ့ ပါတ်သက်လာရင် နှာခေါင်းမရှိ ချီး စားတယ်တဲ့ ။
မိန်းကလေးတွေကို နှိမ်ပြောတာ မဟုတ်ပါနော် ။ မိန်းကလေး အများစုက အချစ်သာ ပါလာရင် ရှင်းရှင်းကြီးမြင်နေရတာတောင် ရူးမိုက်တတ်ကြလို့ပါ။

Credit : Yangon Life

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top