iMyanmarHouse.com - Best Property Website for Myanmar
×










စကားတွေ အများကြီးပြောပြီး နားပူနားဆာလုပ်တဲ့ မိန်းမတွေထက် ပိုကြောက်ဖို့ ကောင်းတာက လုံးဝစကားမပြော (မခေါ်မပြော) တဲ့ မိန်းမတွေပါ။ ငိုတာ၊ နားပူနားဆာ လုပ်တာတွေအပြင် မိန်းမတွေရဲ့ လက်နက်တိုက်ထဲက လက်နက်ကြီး တစ်မျိုး ရှိပါသေးတယ်။ အဲ့ဒီဟာကတော့ မခေါ်မပြော လုပ်တာပါပဲ။ သူကဘာ့ကြောင့် မခေါ်မပြောဘဲ ဆိတ်ဆိတ်နေရသလဲဆိုတာ နားလည်ဖို့ ခက်နေတယ်ဆိုရင်တော့ အဓိပ္ပါယ်ဖွင့်ဆိုချက် ၆ရပ် ကိုပြောပြပေးပါမယ်။

၁။ ငါတော့ အမှားကြီးမှားပြီ။

ချစ်သူတွေဟာစိတ်လှုပ်ရှားစရာ ချစ်ရေးချစ်ရာတွေ ကြုံပြီးတဲ့နောက်မှာတော့ တည်ငြိမ်တဲ့ အိမ်ထောင် တစ်ခုကို ထူထောင်လိုက်ကြပါတော့တယ်။ အိမ်ထောင်ကျပြီးတဲ့နောက် ကိစ္စအရပ်ရပ်ဟာ ထင်ထားသလို ဖြစ်မလာတော့တဲ့အခါ မိန်းမဖြစ်သူဟာ အိမ်ထောင်ပြုခဲ့တာအမှားကြီးမှားပြီလို့ ထင်မြင်လာတတ်ပါတယ်။ သူဟာ သင့်ကိုကြည့်တော့ကြည့် ဖြစ်မယ်၊ ဒါပေမဲ့ စကားမပြောပဲ တိတ်ဆိတ်နေမယ်။ မိန်းမဖြစ်သူဟာ အစစအရာရာ အဆင်ပြေပြေနေတတ်အောင် ကြိုးစား ယူရဦးမယ်လေ။ ရန်ဖြစ်ရင်တော့ ငိုမှာ၊ အော်မှာပါပဲ။  ဒါပေမဲ့ မိန်းမဖြစ်သူက ခပ်အေးအေးမျက်နှာထားနဲ့ မခေါ်မပြော လုပ်နေမယ် ဆိတ်ဆိတ်နေမယ်၊ သင့်ကိုလည်း အကြာကြီးစိုက်ကြည့်နေမယ် ဆိုရင် သင်ဟာ ဒုက္ခလှလှတွေ့တော့တာပါပဲ။

၂။ အဲ့ဒီ့အကြောင်းပြောရမှာစိတ်လေတယ်။

တချို့မိန်းမတွေက ဆိတ်ဆိတ်နေပြီး သင့်ကို မျက်နှာချင်းမဆိုင်တဲ့ အပြင် ခေါင်းကိုတောင် တိတ်တိတ်လေး ခါနေတတ်ကြပါသေးတယ်။ အဲ့ဒီ့ အခိုက်အတန့်လးမှာ သူ့အတွက် ခါးသီးစရာတွေ ရှိကောင်း ရှိလေရဲ့။ ဒီအချိန်မှာသင့်က ရန်ဖြစ်နေမယ့် အစားလေသံလေးလျှော့၊ ပြဿနာရဲ့အရင်းအမြစ်ကို အဖြေရှာ တိုင်ပင်ရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးက သိပ်ကိုအရေးကြီးပါတယ်။

၃။ သင့် မုတ်ဆိတ်၊ ဆံပင်နဲ့ ပတ်သက်ပြီး တစ်ခုခုတော့ လုပ်ဖို့ လိုလာပြီ။

အခန့်မသင့်လို့ ရန်ဖြစ်တာက အချိန်တိုင်း၊ နေရာတိုင်း ဖြစ်နိုင်တာပါပဲ။ သူ့ကိုရှင်းပြ၊ ဖျောင်းဖျပေါ့။ အဲ့ဒီလိုရင် ရန်ဖြစ်စရာ မလိုတော့ပါဘူး။ သူက မျက်နှာထိ မျက်နှာထားနဲ့ သင့်ကို စိုက်ကြည့်ကောင်းစိုက်ကြည့်လိမ့်မယ်။ ပြီးတော့ အဲ့ဒါဟာလည်း တကယ့်ဆက်ဆံရေးအစစ်မှ မဟုတ်တာ။ ပြေပြေလည်လည်ပြန်ဖြစ်လာပြီဆိုရင်တော့ သူကလည်း အကောင်းဆုံးနည်းလမ်းကိုတွေးပြီး သင့်ဆံပင် ရှုပ်ထွေးနေကြောင်း၊ သင့်မုတ်ဆိတ်က ကပျစ်ကညစ် ဖြစ်နေကြောင်းပြောလာပါလိမ့်မယ်။ ဒါဆိုရင်တော့ အဆင်ပြေပါပြီ။ နောက်တစ်ခါဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

၎။ အဲ့ဒီ့အကြောင်းပြောပြသင့်လား။

တနင်္ဂနွေလိုနေ့မျိုးမှာ ခုံတန်းတစ်ခုပေါ် ပျင်းပျင်းနဲ့ ထိုင်နေတုန်းနောက်ဆုံးပေါ် Johnny Depp ရုပ်ရှင် ဇာတ်ကွက်တွေ အကြောင်း သင်ကမိန်းမဖြစ်သူကိုပြောပြမိနေပါလိမ့်မယ်။ ပြီးတော့ သူကလည်း သင့်ကိုကြောင်တောင်တောင် အကြည့်တွေနဲ့ ကြည့်နေပါလိမ့်မယ်။ သူ့စိတ်ထဲမှာတော့ အထက်တန်းကျောင်းတုန်းက ယောက်ျားလေးသူငယ်ချင်း ဖြစ်ခဲ့သူ မနေ့က ဖုန်းဆက်လာတဲ့ အကြောင်းကိုပြောချင်နေလိမ့်မယ်။ ဟုတ်ပါပြီ။ ဒါဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပါပဲ။ ဘယ်သူ့ဘယ်သူ အမှားမှ မဟုတ်ဘူး။ သူရဲ့အကြောင်းတွေ ပြောပြလာရင် သင်မပေါက်ကွဲဘူးလို့ ပြောလို့ရမလား။ပြောရင်ကောင်းမလား၊ မပြောသင့်ဘူးလားလို့တွေးရင်း ဆိတ်ဆိတ်နေမိနေတာ ပါ။

၅။ ငါစိတ်ဆိုးနေတာမသိရကောင်းလား။

မိန်းမဖြစ်သူရဲ့ စိတ်ထဲမှာဘာတွေ ခံစားနေရတယ်၊ ဘာတွေဖြစ်နေတယ် ဆိုတာကို ဂရုစိုက်ကြည့်တတ်မယ် ဆိုရင် မိန်းမတွေဟာ ထင်သလောက် ခက်တဲ့ အမျိုး မဟုတ်တော့ပါဘူး။ သင်ကလည်းဘာာကြောင့် စိတ်ဆိုးနေတာလဲ ဆိုတာမသိဘဲ တစ်ခုခုပြောလိုက်မိရင် သူကသင့်ကို စူပုတ်ပုတ် မျက်နှာထားနဲ့ကြည့်မယ်၊ နဖူးကြောတင်းပြီး ကြည့်မယ်၊ နှာကစ်လာမယ်။ သင်ပြောမိတဲ့ စကားတွေကို ပြန်ရုပ်သိမ်းလိုက်တာပိုကောင်းပါလိမ့်မယ်။

၆။ တယ်……. ငါပြောလိုက်ရ……။

ကသီလင်တ နိုင်တဲ့ အလုပ်များတဲ့ နေ့မျိုးကို ဖြတ်ကျော်ပြီးတဲ့နောက်တော့ ကောင်းမွန်လှတဲ့ ညစာစားဝိုင်းကို သင်ဟာရောက်နေပါပြီ။ မိန်းမက သင့်ကို နိုင်ငံကူးလက်မှတ် လဲဖို့ ပြောနေတာ (ဒါမှမဟုတ် တစ်ခုခုပေါ့) လဲ ၅ကြိမ်လောက် ရှိနေပေမယ့် သင်ကလည်း မလုပ်ရသေးဘူး။ ဒီလိုဆိုရင် မိန်းမဖြစ်သူက သင့်ကိုသနားတဲ့အကြည့် တွေနဲ့ကြည့်ပြီး သူ့ပါးစပ်ကိုလဲသူပိတ်ထားမှာပါ။ သူ့ရဲ့ သည်းခံနိုင်စွမ်း မကုန်ခင် သူပြောထားတဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ အရေးကြီးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top