iMyanmarHouse.com - Best Property Website for Myanmar
×










ခေါင်းမလျှော်ပဲ သို့မဟုတ် လေ့ကျင့်ခန်းမလုပ်ဘဲ ဘယ်တော့မှ ရက်သတ္တပတ်တွေကြာအောင် မနေဖူးပေမယ့် နေ့တိုင်း မိမိသွားနဲ့ ပတ်သက်လို့ ဥပေက္ခာပြုနေတဲ့ အရာလေးတွေ လုပ်ကောင်းလုပ်မိပါလိမ့်မယ်။ မိမိသွားများကို ဂရုစိုက်တယ်ဆိုတာ ရောဂါကြိုတင်ကာကွယ်ထားရာရောက်ပါတယ်။

(၁) သွားဆရာဝန်ဆီ မပြခြင်း

အကောင်းဆုံး သွားတိုက်တံ၊ အကောင်းဆုံး သွားသန့်စင် ပစ္စည်း ကိရိယာတွေ ဝယ်သုံးနိုင်လို့ မိမိသွားဟာ သန့်ရှင်းသန့်ပြန့် နေမယ်လို့ ထင်မိကောင်း ထင်မိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွားဆရာဝန်ဆီ အနည်းဆုံး တစ်နှစ်တစ်ခါလောက်တော့ သွားဖြစ်အောင်ကြိုးစားပါ။

(၂) သွားမတိုက်ပဲ သွားကြားတွေကိုသာ သန့်စင်ပေးခြင်း

မိမိပါးစပ်က တချိန်လုံး ဘက်တီးရီးယားပိုး အပြည့်ရှိနေတာပါ။ ဘက်တီးရီးပိုးများ ပါးစပ်အတွင်း အချိန်ကာလတစ်ခုကြာ ရှိနေတဲ့အခါ ခံတွင်းကို စတင်စိုးမိုးလာပြီး သွားများကို ပျက်ဆီးစေနိုင်တဲ့ အက်ဆစ်တွေ ထုတ်ပေးပါတယ်။ သွားတိုက်ပေးခြင်းဟာ သွားပေါ်ပူးပြီးကပ်နေတဲ့ သွားချေးတွေကို ရှင်းထုတ်ပေးပါတယ်။

(၃) သွားကို ဟိုးဘက်ဒီဘက် ပွတ်တိုက်ခြင်း

ကပ်နေတဲ့ ဘက်တီးရီးယားတွေ ကွာကျစေဖို့ သွားဖုံးတလျှောက်နဲ့ သွားရဲ့ အနောက်ဘက်ခြမ်းကို သေချာတိုက်ဖြစ်အောင် တိုက်ပေးပါ။

(၄) ဖလိုရိုက်မပါသော သွားတိုက်ဆေးအသုံးပြုခြင်း

သွားကျန်းမာနေစေဖို့ ဖလိုရိုက်က မရှိမဖြစ် လိုအပ်ပါတယ်။ ဖလိုရိုက်က ဘက်တီးရီးယားပိုးကြောင့် ပျက်ဆီးသွားတဲ့ သွားများကိုတောင် ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

(၅) သွားကို လက်နက်သဖွယ်အသုံးပြုခြင်း

အိတ်အထုပ်တွေ ဖွင့်တာ၊ လက်သည်းကိုက်တာ ပြီးတော့ အထူးသဖြင့် ပုလင်းအဖုံးဖွင့်ဖို့တာမျိုးတွေအတွက် သွားကို အသုံးပြုခြင်းက သွားကို ပျက်စီးစေတာပါပဲ။ အဲဒီလိုအတွက်သုံးတာ နှစ်နဲ့ချီကြာလာတာနဲ့အမျှ သွားရဲ့ အစွန်းအဖျားတွေ ပါးပါးသွားပါတယ်။

(၆) ရေခဲတုံးဝါးစားခြင်း

အရိုး၊ သစ်သီးစေ့ ကဲ့သို့သော ပစ္စည်းအမာစားတွေကို ကျိုး၊အက်စေလောက်အောင် ခုခံနိုင်စွမ်း သွားမှာ မရှိပါဘူး။ အထူးသဖြင့်ရေခဲနဲ့ဆိုရင် ပိုဆိုးပါသေးတယ်။ 

(၇) သကြားအချိုဓာတ်များတဲ့ အချိုရည်ကို တချိန်လုံးသောက်ခြင်း

သကြားအချိုဓာတ်ပါဝင်တဲ့ အချိုရည်တာက မိမိပါးစပ်ထဲရှိ ဘက်တီးရီးယားပိုးတွေကို အစာကျွေးနေတာဖြစ်တဲ့ အတွက်ကြောင့် သင့်သွားကို သင်အန္တရာယ်ဖြစ်အောင် လုပ်နေတာနဲ့ အတူတူပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top