iMyanmarHouse.com - Best Property Website for Myanmar
×











ဗြိတိန်ပေါ့ပ် အဆိုတော် ဆမ်စမစ်သည် ၂၀၁၅ ဂရမ်မီဆုပေးပွဲ၌ တေးဂီတထူး ချွန်ဆုလေးဆုရရှိပြီး ဖေဖော်ဝါရီ ၈ ရက် ဂရမ်မီည၏ ဆုအများဆုံး ကို သိမ်းပိုက်ခဲ့သည်။

အသက် (၂၂)နှစ်အရွယ် ဆမ်စမစ်သည် ၂၀၁၅ ဂရမ်မီဆု ပေးပွဲက ချီးမြှင့်သော Best Pop Vocal Album, Record of the Year, Song of the Year နှင့် Best New Artist ဆုတို့ကို ရရှိခဲ့ သည်။

ဆမ်စမစ်သည် နောက်ဆုံး ဆုကို လက်ခံရယူပြီးနောက် ပြော ကြားသည့် ကျေးဇူးတင်စကား တွင် ရည်းစားဟောင်းအား လှောင်ပြောင်ခဲ့သည်။

‘‘ဒါဟာ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးညပါ။ ဒီသီချင်း တွေဖြစ်လာစေဖို့ လှုံ့ဆော်ပေးခဲ့ တဲ့ လူကိုလည်း ကျေးဇူးတင်ပါ တယ်။ ခင်ဗျားကြောင့် ကျွန်တော် ဂရမ်မီဆုလေးဆုရရှိခဲ့တာပါ။ ကျွန်တော့်အသည်းကိုခွဲသွားတဲ့ အတွက် ခင်ဗျားကို အထူးပဲကျေး ဇူးတင်ပါတယ်’’ဟု ဆမ်စမစ်က လှောင်ပြောင်ပြောကြားသည်။

ဆမ်စမစ်က ၎င်းမှာ မိန်းမ လျာတစ်ဦးဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် မေလတွင် လူသိရှင်ကြားထုတ် ဖော်ပြောကြားခဲ့သည်။

၂၀၁၅ ဂရမ်မီဆုဆန်ခါတင် စာရင်း၌ ဆမ်စမစ်ကဲ့သို့ပင် ထူး ချွန်ဆုပေါင်းခြောက်ဆုစီ အမည် စာရင်းတင်သွင်းခံရသော ဘီယွန်စေးနှင့် ဖာရဲလ်ဝီလီယမ်တို့သည် ဂရမ်မီဆုပေးပွဲမှ ချီးမြှင့်သည့် ထူးချွန်ဆုသုံးဆုစီဆွတ်ခူးရရှိခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက်ညတွင် အမေရိကန်နိုင်ငံ လော့စ်အန်ဂျ လိစ်မြို့ Staples Center ၌ ပြု လုပ်သည့် (၅၇)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် မက်ဒေါနား၊ ကေတီပယ်ရီ၊ ရီဟားနား၊ လေဒီ ဂါဂါ၊ ဂျက်စီဂျေး၊ မီရန်ဒါလမ်း ပတ်၊ အက်ရှီရန်၊ ဂျွန်မေယာ၊ အဒမ်လက်ဗင်း စသည့် နာမည် ကျော်အဆိုတော်များက သီချင်း များဖြင့် ပါဝင်သီဆိုဖျော်ဖြေခဲ့ကြသည်။ 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top