iMyanmarHouse.com - Best Property Website for Myanmar
×











ကိုယ့်ဘက်က ဘယ်လောက်ပဲ သည်းခံနေပါစေ .. မင်းအတွက်မကြည့်တဲ့လူကတော့ မင်းကိုထပ်အနိုင်ယူနေဦးမှာပဲ !

ကိုယ့်ဘက်က ဘယ်လောက်ပဲ နားလည်ပေးနေပါစေ .. မင်းဘက်ကိုထည့်မစဉ်းစားပေးတဲ့သူက မင်းကိုထပ်နာကျင်စေဦးမှာပဲ !


မင်းဘက်က ချစ်တဲ့စိတ်ကြောင့် သူ့အတွက်နဲ့ ဘယ်လောက်ပဲ မင်းမာနတွေ မင်းသိက္ခာတွေကို မင်းကိုယ်တိုင်ရိုက်ချိုးနေပါစေ .. မင်းကို စာနာမပေးနိုင်တဲ့သူက မင်းကို ကွယ်ရာမှာ ဟားတိုက်ရယ်နေဦးမှာပဲ !

အကြောင်းပြချက်မရှိပဲ မင်းကိုစွန့်ပစ်သွားတဲ့သူအတွက် အချိန်ကုန်ခံပြီး သူ့ဆီက ဖြေရှင်းချက် အကြောင်းပြချက်တွေကိုစောင့်မနေပါနဲ့ ..

တစ်ခါတစ်လေမှာ ကိစ္စတချို့က တစ်ဖက်သတ်ဆန်နေတတ်တယ် ..
အကြောင်းပြချက်မဲ့နေတတ်တယ် ..

အဲ့ဒီအတွက်လည်း အတတ်နိုင်ဆုံး လွမ်းစရာကို နာစရာနဲ့အစားထိုးဖြေတတ်ရတယ်
မင်းကိုယ်မင်း '' ရင့်ကျက်တဲ့လူ '' တစ်ယောက်ဖြစ်ဖို့ပေါ့ !~

Credit : Heart Canteen
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top