iMyanmarHouse.com - Best Property Website for Myanmar
×









ရိုးသားစွာ နေထိုင်တတ်ဖို့ကြိုးစားပါ...
သို့သော် ပြောဆိုမှုတိုင်း တန်ဖိုးရှိတဲ့စကားတွေ ဆိုနိုင်ပါစေ ။

ရည်မှန်းချက်ထားပြီး ကြိုးစားပါ
သို့သော် ကိုယ်သွားတဲ့လမ်းကြောင်း ဦးတည်ချက်ရှိပါစေ ။

စာများများဖတ်နိုင်အောင်ကြိုးစားပါ
သို့သော် လေ့လာမှတ်သားပြီး အမှန် ၊ အမှားခွားခြားတတ်ပါစေ ။

လူအများနဲ့ ဆက်ဆံနိုင်အောင်ကြိုးစားပါ
သို့သော် ပြောဆိုဆက်ဆံမှုတိုင်း ဗဟုသုတ ၊ အတွေ့အကြုံယူတတ်ပါစေ ။

မိမိ ရဲ့ အချိန် နဲ့ ငွေတွေကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်အောင်ကြိုးစားပါ
သို့သော် မလိုအပ်တဲ့အရာတွေကို ဦးစားပေးတာမျိုး ရှောင်ကြဉ်တတ်ပါစေ ။

သူငယ်ချင်း ၊ အပေါင်းအသင်းတွေကို အချိန်အများကြီး မပေးမိအောင်ကြိုစားပါ
သို့သော် မိတ်ဆွေကောင်း ၊ မိတ်ဆွေတုတော့ ခွဲခြားတတ်ပါစေ ။

အချစ်ကိုဦစားပေးလွန်းသူတစ်ယောက် မဖြစ်အောင်ကြိုးစားပါ
သို့သော် ဘဝလက်တွဲဖော်ကောင်းကိုတော့ ရွေးချယ်တတ်ပါစေ ။

Credit : ခွန်နေ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top