iMyanmarHouse.com - Best Property Website for Myanmar
×










သင့်ရဲ့အဖြစ်နဲ့ တူချင်မှ တူပါလိမ့်မယ်။ တူရင်လည်း တူနေပါလိမ့်မယ်။ ဒါပေမယ့် အမျိုးသား အများစုကို ဘာ့ကြောင့် သူတို့ကောင်မလေးတွေကို ထားခဲ့ဖို့၊ ပြတ်စဲဖို့ ဆုံးဖြတ်ခဲ့ကြရသလဲဆိုတဲ့ အဖြေအများစုကို စုစည်းကြည့်လိုက်ရင် တူညီနေတဲ့ အဖြေတွေဟာ အောက်မှာဖော်ပြထားတဲ့ အကြောင်းအချက်တွေ ကြောင့်ပါပဲ။

၁။အမျိုးသမီးတွေက သူတို့ပြောချင်တာကိုသာ စွတ်ပြောတတ်ကြတယ်။

ကိုယ့်ချစ်သူကောင်လေးက တစ်ခုခုပြောချင်နေတယ်၊ ပြောဖို့ကြိုးစားနေတယ်ဆိုရင် သူပြောတာကို နားထောင်ပေးလိုက်ပါ။ ကိုယ်ချည်းပဲ တောက်လျှောက်စွတ်ပြောနေရင် သူတို့ဘက်က ပြသနာတက်တိုင်းဖြေရှင်းခွင်းဆိုတာ မရှိနိုင်တော့သလို သူတို့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊ ခံစားနေရတယ်ဆိုတာကိုလည်း ပြောဆိုခွင့် မရှိနိုင်တော့ပါဘူး။ ဒီလို အခြေအနေကြာရှည်လာရင် သူတို့သင့်ကို စိတ်ပျက်လာပါလိမ့်မယ်။

၂။အမျိုးသမီးတွေဟာ သူတို့သူငယ်ချင်းစကားတွေကို ပိုနားဝင်ကြတယ်။

မိန်းကလေးသူငယ်ချင်းအချင်းချင်း ဘယ်လောက်ခင်တယ်၊ ချစ်တယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် တစ်ခါမှရည်းစားမထားဖူးတဲ့ သူငယ်ချင်းကောင်မလေးပေးတဲ့ အကြံဥာဏ်တွေကိုယူပြီး ကိုယ်တွေနှစ်ဦးအတွက် ပိုအဆင်ပြေအောင် ကြိုးစားနေတယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ဒါမှမဟုတ် သူငယ်ချင်းကောင်မလေးတွေက နင့်ဘဲကဘာညာဆိုပြီး ပြောလိုက်ပြန်ရင်လည်း ငါ့ဘဲက သူတို့ပြောသလို ဟုတ်နေပြီလားဆိုပြီး ယုန်ထင်ကြောင်ထင် ထင်တတ်ကြပြန်ရော။ မခက်ဘူးလား။

၃။အချစ်ရေးဆိုတာ မိသားစုရေးနဲ့ ဘယ်လိုမှ မတူညီပါဘူး။

ကိုယ့်ကောင်မလေးကို ချစ်တာဟာ သူ့ကို မိသားစုကနေ အဝေးကြီးကို ထုတ်သွားတာ မဟုတ်ပါဘူး။ ဒါဟာအချစ်ရေးပါ။ ပြန်ပေးဆွဲတာမျိုးမှ မဟုတ်တာ။ ခက်တာက နှစ်ယောက်ကြားဖြစ်တဲ့ ပြသနာတိုင်းကို အကြီးချဲ့ပြီး အိမ်က အစ်မတွေ၊ အမေတွေကို ပြန်ပြောပြနေတာမျိုးပေါ့။ နောက်ဆုံးလည်းကျရော ကိုယ်က လူဆိုးကြီးဖြစ်ပြီး အမေတွေ၊ အစ်မတွေက သဘောမတူဘူးဖြစ်ရော။ ဒါတွေဘာ့ကြောင့်ဖြစ်ရသလဲ စဉ်းစားလေ။

၎။ဘယ်နေရာသွားသွား အတင်းခေါ်ပြီး ဘေးနားထိုင်ခိုင်းတတ်ကြတယ်။

ပြောရရင်တော့ ရင်ချင်းဆက်လည်းမဟုတ်၊ တင်းချင်းဆက်လည်း မဟုတ်ဘူးပဲ။ ဒီတော့ သူသွားသမျှ နေရာတိုင်း ကိုယ်လိုက်ဖို့တော့ အဆင်မပြေနိုင်ဘူး။ မိန်းကလေးသူငယ်ချင်းတွေနဲ့ သီးသန့်တွေ့ချင်ရင်တွေ့လို့ရတယ်။ ယောင်္ကျားလေးတွေချည်း တွေ့တဲ့နေရာဆိုလည်း ကိုယ့်ကောင်မလေးကို ခေါ်မသွားဘူး။ ဒါပေမယ့် သူကကျတော့ သူသူငယ်ချင်းတွေနဲ့ဆုံလည်းခေါ်၊ ဒီတော့ သူတို့ပြောနေကြတဲ့ လက်သည်းနီအကြောင်း၊ နှုတ်ခမ်းနီ၊ ဆံပင်အကြောင်း ကိုယ်ကဘယ်လိုဝင် ဆွေးနွေးရမလဲ။

၅။ဒါဟာအချစ်ရေးလား၊ ထောင်ကျနေတာလား။

ကိုယ်ဘာတွေလုပ်နေလဲ အမြဲတင်ပြနေရတယ်။ မကြာမကြာ sms ပို့နေရတယ်။ ဘယ်ရောက်နေလဲ check in ၀င်ရတယ်။ အဲ ဒီ့ထက်ဆိုးတာက ကျွန်တော့ personal email တွေလည်း ၀င်စစ်လို့စစ်၊ facebook password တွေတောင်းပြီး ၀င်ကြည့်တာမျိုးတွေ တော်တော်စိတ်ကုန်သွားပြီ။ ယုံကြည်မှု နည်းနည်းလေးမှ မရှိမှတော့ ဘယ်လိုရှေ့ဆက်စခန်းသွားမလဲ စဉ်းစားစရာပေါ့။

၆။အရမ်းမှီခိုလွန်းတာလည်း ပြသနာ။

ကလေးလည်း မဟုတ်တော့ဘူး။ တစ်ခုခုဆို အားလုံး ကိုယ့်ခေါင်းပေါ်ချည်းရောက်လာတယ်။ ပြသနာတိုင်း လိုက်ရှင်းပေးရတယ်။ တစ်ခုခုဆို ကိုယ့်ချည်း ဆုံးဖြတ်ခိုင်းတယ်။ ဘယ်သွား၊ ဘယ်လာ လိုက်ပို့ပေးရတယ်။ ကိုယ့်စိတ်နဲ့ကိုယ်တောင် အသက်မရှင်ရတော့သလိုပဲ။ သူ့ကိုချည်း လိုက်ပံ့ပိုးပေးနေရတာ။ အရမ်းမှီတွယ်လွန်းတော့လည်း စိတ်ညစ်လာရတယ်။

၇။တစ်ချိန်လုံး ဝေဖန်ပြောဆိုခံနေရတာမျိုး စိတ်ကုန်မိတယ်။

စကားအကောင်း အပြောခံလိုက်ရရင် အဲ့ဒီနေ့ကို သေချာမှတ်ထားလိုက်ပေတော့။ ဘယ့်နှယ်။ တစ်ခုခုဆို အပြစ်တင်မယ်၊ ဝေဖန်မယ်။ ဆူဆောင့်အောင့်နေမယ်ဆိုတာလောက်ပဲ တတ်တာ။ ဘယ်လိုများ စကားအကောင်းပြောရမလဲဆိုတာ စဉ်းစားနေရတယ်။ လူရှေ့မှာ ရန်တွေ့တာမျိုးဆို အဆိုးဆုံးပဲ။

၈။အတိတ်တုန်းက ဖြစ်ခဲ့တာတွေကို အမြဲထည့်ပြောတတ်တယ်။

လက်ရှိ နှစ်ဦးသားဘယ်လို အဆင်ပြေအောင်နေမယ် ဘယ်တော့မှ မစဉ်းစားဘူး။ အရင်တုန်းက ဖြစ်ခဲ့သမျှအားလုံးကို ပြန်ဆွဲယူပြီး ထောက်ပြပြောဆိုတတ်တာ ခံရဖန်များတော့ လူလည်း စိတ်ကုန်လာမိရော။ အနာဂတ်မှာဘာဆိုတာမျိုး ပြောချင်မှပြောမယ်။ ဒါပေမယ့် နင်ငါနဲ့မတွေ့ခင်တုန်းက ဘာ၊ ဘယ်သူနဲ့ ဘယ်လို ဆိုတာမျိုးတွေပဲ နေ့တိုင်းကြားနေရတော့ လမ်းခွဲလိုက်တာ အကောင်းဆုံးလို့ ထင်တယ်။

၉။ဟိုလူနဲ့သ၀န်တို၊ ဒီလူနဲ့သ၀န်တို

ကိုယ်နဲ့စကားပြောလိုက်တဲ့သူ အမျိုးသမီးဆိုတာနဲ့ အဲ့ဒါဘယ်သူလဲ၊ ဘယ်တုန်းက သိနေတာလဲ၊ ဘာလို့ဒီအကြောင်း မပြောပြတာလဲ၊ နောက်တစ်ခါသူနဲ့ မတွေ့အောင်နေ၊ တွေ့ရင်မခေါ်နဲ့နော်၊ စတာတွေကို နေ့တိုင်းကြားနေရတယ်။ အမျိုးသမီးဆို ငယ်ငယ်ကြီးကြီး ဘယ်သူနဲ့မှ မေးထူးခေါ်ပြောတောင် မလုပ်ရဲလောက်အောင်ပဲ။ မဆိုးလွန်းဘူးလား။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top