iMyanmarHouse.com - Best Property Website for Myanmar
×

ဂီတလောကတွင် ပထမဆုံးအကြိမ်အဖြစ် ‘ဂယ်ဘဲ ဂယ်ဘဲ’ သီချင်းတစ်ပုဒ်တည်းပါဝင်သည့် ဒီဗီဒီကို ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ဖြန့်ချိမည်ဟု နီနီခင်ဇော်က ပြောသည်။

‘‘ဒီ Single Song က နီနီအ တွက် ပထမဆုံးခြေလှမ်းဖြစ်သလို Single Song Music Video ကို ပထမဆုံးဖြန့်ချိတာဖြစ်တဲ့အတွက် အားစိုက်ရတာတွေ ကြိုးပမ်းရတာတွေ များပါတယ်’’ဟု ၎င်းက ပြောသည်။

      ‘ဂယ်ဘဲ ဂယ်ဘဲ’သီချင်းအော် ဒီယိုကို ယင်းနေ့တွင် Myanmar Music Store မှ စတင်ဖြန့်ချိမည် ဖြစ်ပြီး ယင်းသီချင်အမ်တီဗီတစ် ပုဒ်တည်းသာ ပါဝင်မည့် ဒီဗီဒီကို လည်း ဘိုဘိုအင်တာတိန်းမန့်မှ ဖြန့်ချိမည် ဖြစ်သည်။

‘‘Music Video ပါတဲ့ ဒီဗီဒီကို ၆၀၀ ကျပ်နဲ့ စတင်ဖြန့်ချိပေးပါ မယ်။ နောက်ပြီး NiNiKhinZaw LEGACY ဆိုတဲ့ ယူကျူ့ဘ်မှာလည်း အဲဒီ့ Music Video ကို HD ဗားရှင်းနဲ့ စတင်ပေးမှာ ပါ’’ဟု နီနီခင်ဇော်က ပြောသည်။

ဂယ်ဘဲ ဂယ်ဘဲဆိုသည့် အမည်မှာ ဆန်းနေသဖြင့် အဓိပ္ပာယ်ပေါ်လွင်စေရန် အမ်တီဗီကိုတစ်ခါတည်းရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ပျော်စရာ ကောင်းသည့် အငွေ့အသက်များဖြင့် ဖန်တီးထားသည်ဟုဆိုသည်။

‘‘ဂယ်ဘဲ ဂယ်ဘဲဆိုတာ ယောက်ျားလေးတစ်ယောက်က   မိန်းမအ၀တ်အစားဝတ်ထားတာ မဟုတ်ဘဲ Spa သွားရတာကြိုက်တယ်။ မိန်းကလေးတစ်ယောက်ထက် နွဲ့နွဲ့နောင်းနောင်းနေတတ်တယ်။ နောက်ပြီး မိန်းကလေးတွေထက် မိတ်ကပ်ကြိုက်တယ်။ မျက်ခုံးမွေးတွေဆွဲတယ်။ အဲဒီလိုပုံစံ လေးတွေကို ဘယ်သူ့ကိုမှ တိုက်ခိုက်တဲ့ ပုံစံမဟုတ်ဘဲ   ပျော်စရာတဲ့ပုံစံလေးနဲ့  ရိုက်ထား တယ်’’ဟု နီနီခင်ဇော်က ပြောသည်။

ယင်းသီချင်းအမ်တီဗီကို    မျှော်လင့်ချက်တစ်စုံတစ်ရာသီချင်းရိုက်ကူးသည့် ဒါရိုက်တာ မောင်မောင်သာမြင့်က      ရိုက်ကူးပေးထားပြီး အလှကြိုက်သည့် ယောက်ျားလေးနေရာတွင် မော်ဒယ် အာကာဟိန်းက သရုပ်ဆောင်ပေးထားသည်။

ဂယ်ဘဲ ဂယ်ဘဲ သီချင်းကို တေးရေး ဆလိုင်းက ရေးသားပေးထားခြင်းဖြစ်ပြီး Lazy  Club တီးဝိုင်းက တီးခတ်ပေးထားကြောင်း နီနီခင်ဇော် က ပြောသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top