iMyanmarHouse.com - Best Property Website for Myanmar
×












ညဆို တီဗီရှေ့ထိုင်ပြီး တစ်ခုပြီး တစ်ခု၊ တစ်ခွေပြီး တစ်ခွေ မဆုံးနိုင်အောင် ကြည့်တတ်ပါသလား။ ထိုသို့ဆိုလျှင် အထီးကျန် စိတ်ဝေဒနာ ခံစားနေရသူ ဖြစ်ဖို့ အလွန်နီး စပ်နေပြီ။
အရက်ကို တစ်ချီတည်းနှင့် အလွန်အမင်း သောက်သုံးကာ လူမှန်းသူမှန်း မသိအောင် ကိုယ့်ကိုယ့်ကို ဖန်တီး လိုက်ခြင်းသည် အထီးကျန်မှုကို ဖြေဖျောက် လိုသူတို့၏ လက္ခဏာ တစ်ရပ် ဖြစ်သည်။ အလားတူပင် တီဗီကို နာရီ တော်တော် ကြာအောင် တစ်ချီတည်း ထိုင်ကြည့်ခြင်းသည်လည်း မိမိ၏ အထီးကျန်စိတ်ကို ဖျောက်လိုသူ များ၏ လုပ်ရပ် ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ တီဗီကို အချိန်ကြာကြာ ထိုင်ကြည့်ခြင်းသည် အထီးကျန်ခြင်း၊ စိတ်ကျခြင်း လက္ခဏာ ဖြစ်သည်။

 လက်တွေ့ လေ့လာမှု အရလည်း လူတွေဟာ အထီးကျန်ဆန်လာလေ၊ စိတ်ကျလာလေ သူတို့မှာပေါ်လာမည့် အဆိုးမြင် အဖျက်တွေး စိတ်များ ရန်မှ ခုခံရန် တီဗီကို ဖိကြည့်တတ် ကြကြောင်း တွေ့ရှိရသည်။ တီဗီကြည့်ခြင်းသည် ဘာမျှ ပြဿနာ ရှိသော အလုပ် မဟုတ်ဟု ထင်ကောင်း ထင်လိမ့်မည်။ သို့သော် တီဗီရှေ့ ထိုင်ပါများသူသည် အ၀လွန်ခြင်း၊ မောပန်းစိတ်ကျခြင်းတို့ ပိုကြုံရ တတ်ကြောင်း လေ့လာ သုတေသနများက ဖော်ပြ ထားသည်။

 လေ့လာမှု စစ်တမ်းကို အမေရိကန် နိုင်ငံ အော်စတင်မြို့ရှိ   တက္ကဆက်ပြည်နယ် တက္ကသိုလ် သုတေသန အဖွဲ့ ပြုလုပ် ထားခြင်း ဖြစ်သည်။  အသက် (၁၈) မှ (၂၉) ကြား လူ (၃၀၀) ကို  လေ့လာထားခြင်း ဖြစ်သည်။ ထို သူများ တီဗီ ကြည့်နှုန်း၊ အထီးကျန် စိတ်ဝေဒနာ ခံစားရနှုန်း၊ စိတ်ဓာတ် ကျနှုန်း၊ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင် တော့သည့် စိတ် အနေအထားသို့ ရောက်ရှိနှုန်း များကို စစ်တမ်း ကောက်ယူ ခဲ့သည်။

 မိမိမှာ အခြား လုပ်စရာများ ရှိနေသေး သည့်တိုင် တီဗီ အစီအစဉ်များကို တစ်ခုပြီး တစ်ခု ပြောင်းကြည့်နေသည့် လုပ်ရပ်ကို မရပ်နိုင်ဘဲ ဆက်ကြည့် နေမိခြင်းကို မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်းဟု ဆိုလိုသည်။ ထိုသို့ ဖြစ်လာပါက ဆက်မကြည့်သင့် တော့ဘူးဟု စိတ် ကသိနေသည့်တိုင် ကိုယ့်ကိုယ်ကို မတားဆီး နိုင်ဖြစ်ရတတ်သည်။ ယခုတွေ့ရှိချက်သည် လူမှု စိတ်ပညာ နယ်ပယ် အတွက် အရေးကြီးသော တွေ့ရှိမှု တစ်ရပ် ဖြစ်ကြောင်း သုတေသန အဖွဲ့ခေါင်း ဆောင် ယွန်ဟီဆန်ကပြောသည်။


Credit :  Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top