iMyanmarHouse.com - Best Property Website for Myanmar
×














ခေါင်းမလျှော်ရသေးလို့ ဆံပင်တွေက ညစ်ပတ်နေတယ်လို့ ခံစားနေရပါသလား။ ဒီလိုအချိန်မျိုး အပြင်ထွက်ဖို့ပါ ကြုံလာရတဲ့အခါ ဆံပင်ကို ဘယ်လိုပြင်ဆင်ရမလဲဆိုပြီး ခေါင်းမစားရလေအောင် အကြံကောင်းလေးတွေ ပေးချင်ပါတယ်။

၁။ဘေဘီပေါင်ဒါကို dry shampoo အဖြစ်သုံးပါ။

တစ်ခါတစ်လေ မနက်အစောကြီး အပြင်သွားဖို့ အခြေအနေဖြစ်လာတယ်။ ညဉ့်နက်နေပြီမို့ ခေါင်းလျှော်ဖို့လည်း အဆင်မပြေတော့ဘူးဆိုရင် ဘေဘီပေါင်ဒါကို ခေါင်းကိုနည်းနည်းဖြူးလိုက်ပြီး ညအိပ်ယာဝင်လိုက်ပါ။ ဒီပေါင်ဒါမုန့်တွေက သင့်ဆံပင်ပေါ်က အညစ်အကြေးနဲ့ အဆီတွေကို စုပ်ယူသွားမယ့်အပြင် သင့်ဆံပင်ကိုလည်း မွေးပျံ့တဲ့ရနံ့လေးတွေ ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် နိုးတဲ့အခါ သင့်ဆံပင်ဟာ အပြင်ထွက်ဖို့အတွက် အဆင်သင့်ဖြစ်နေတာကို သင်မြင်ရပါလိမ့်မယ်။

၂။ဆံပင်ကို ခပ်ပွပွဖြစ်သွားအောင် နည်းနည်းခြစ်ထုတ်လိုက်ပြီး ဆံထုံးထုံးလိုက်ပါ။

ဆံထုံး ထုံးခိုင်းလို့ ဘယ်လိုကြီးဖြစ်သွားလိမ့်မလဲလို့ မတွေစပါနဲ့။ ပထမဆုံး ဆံပင်ကို ပိုနီတေး ခပ်မြင့်မြင့် မစည်းခင် အရင်ဆုံး ဆံပင်သား ပွသွားအောင် ဘီးနဲ့ ခြစ်ထုတ်လိုက်ပါ။ ပြီးတော့မှ ပိုနီတေး ခပ်မြင့်မြင့်စည်းပြီး ဆံထုံးကို ခပ်ပွပွလေး ထုံးလိုက်ပါ။ ပုံမှာပြထားသလိုပေါ့။

၃။ဆံပင်ကို အရေးကြီးတဲ့ အပေါ်ယံလေး ကွက်လျှော်တာ၊ ဒါမှမဟုတ် ရှေ့အတိထားသူတွေအတွက် ရှေ့ဆံပင်လေးပဲ ကွက်လျှော်လိုက်ပါ။

သင့်ဆံပင်က အုံထူတာမို့ ခေါင်းလျှော်ပြီး ခြောက်အောင်လုပ်ဖို့ အချိန်တော်တော်လေး ယူရတယ်ဆိုရင် သင့်ဆံပင်ရဲ့ အပေါ်လွှာလေးကိုပဲ ကွက်လျှော်လိုက်ပါ။ အရေးကြီးတာကလည်း အဲ့ဒီအပေါ်လွှာလေးပါပဲ။ ဒါ့အပြင် သင်က ရှေ့အတိဆံပင်ပုံစံမျိုး ထားတယ်ဆိုရင်လည်း ရှေ့ဆံပင်လေးကို ပုံကျနေဖို့အတွက် ကွက်လျှော်နိုင်ပါတယ်။

၎။ကျစ်ဆံမြီး ကျစ်လိုက်ပါ။

ဒီအချက်ကလည်း လွယ်ကူပြီး ထိရောက်ပါတယ်။ သင့်ဆံပင် ညစ်ပတ်နေလား၊ ခေါင်းမလျှော်ရသေးဘူးလားဆိုတာ အခြားလူတွေ သတိမပြုမိအောင် ကျစ်ဆံမြီး ကျစ်လိုက်ရုံပါပဲ။ ကျစ်ဆံမြီးကို နည်းနည်း ပွယောင်းယောင်လေးဖြစ်အောင် ကျစ်ပါ။ အရမ်းကြီး သေသပ်နေတာမျိုး မဖြစ်ပါစေနဲ့။

၅။ဆံပင်ခွဲထား ပြောင်းလိုက်ပါ။

သင့်ဆံပင်က အရင်တုန်းက ဘယ်ဘက်ခွဲနေကျဆိုရင် ခုအခါမှာတော့ ညာဘက်ပြောင်းခွဲလိုက်ပါ။ ဒါဆိုရင် သင်ညစ်ပတ်နေတယ်လို့ ထင်တဲ့ ဆံပင်တွေကို အုပ်သွားနိုင်ပါလိမ့်မယ်။ အရင်ခွဲထားအဟောင်းမှာ ညစ်ပတ်နေတဲ့ အဆီတွေ၊ အညစ်အကြေးတွေကို သင်ဖုံးပစ်လိုက်နိုင်ပါပြီ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top