iMyanmarHouse.com - Best Property Website for Myanmar
×














လက်ရှိမှာ Documentary ရိုက်ကူးရေးအတွက် နယ်တွေသွား၊ ခရီးတွေထွက်၊ ဓာတ်ပုံတွေ ရိုက်နေရတဲ့အပြင် ချင်းလူမျိုးနဲ့ပတ်သက်တဲ့ ရုပ်ရှင်ကားကြီးတစ်ကားကို လဲ ဖန်တီးပုံဖော်ဖို့ ကြိုးစားနေတဲ့ နေမင်းနဲ့တွေ့ဆုံခိုက် ဇာတ်လမ်းရွေးချယ်မှုအကြောင်း မေးကြည့်လိုက်တဲ့အခါ “ဇာတ်ကတော့ မကြိုက်ရင် မရိုက်တာများပါတယ်။

ဒါပေမဲ့ ခုနောက်ပိုင်းကျ စိတ်က ကိုယ်တစ်ယောက်တည်း မဟုတ်တော့ ပရိသတ်က ဟိုလိုမျိုး ကြည့်ချင်တယ်။ ဒီလိုမျိုး ကြည့်ချင်တယ်ဆို သူတို့ အကြိုက်ရိုက်ပေးရတာမျိုးလဲ ရှိတာပေါ့နော်။ ဇာတ်လမ်းပိုင်းကတော့ အားလုံးရဲ့ အိုင်ဒီယာနဲ့စဉ်းစားပြီး တိုင်ပင်ရိုက်ဖြစ်တယ်။

ခုလက်ရှိက မြင့်မာလာရယ်၊ စိန်ပန်းရယ်၊ ရွှေစင်ဦးရယ်ရိုက်ဖြစ်နေတယ်။ ခုဒီနှစ်ထဲမှာ ရွှေစင်ဦးတိုက်က ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိတယ်။ ချင်းမှာပေါ့။ ချင်းကားပေါ့။ ချင်းရိုးရာဓလေ့နဲ့ဆိုင်တဲ့ ကားလေးပေါ့။ ဇာတ်ကလဲ ချင်းလူမျိုးတွေ တော်တော် များများ ပါမယ်။ ခုဇာတ်ကောင်တွေလဲ ရွေးနေပါတယ်။ လူမျိုး အများကြီးရဲ့အကြောင်းကို ရိုက်ချင်ပေမဲ့ ချင်းဒေသက ကျတော့ တိုးတက်မှု နှေးတဲ့အခါကျတော့ သူတို့ရဲ့ ဒေသဖွံ့ဖြိုးစေဖို့အတွက် ကိုယ့်ဖက်က ကူညီပေးနိုင်သလောက် ကူညီပေးချင်တဲ့သဘောပါ။ ဒါရိုက်တာက ဦးမီးပွားနဲ့ရိုက်မှာပါ။”လို့ သူက ပြောပြသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ခုလိုအနုပညာရှင်ဖြစ်လာရတာဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ဖွင့်ဟလာတဲ့ သူက “မြန်မာလူမျိုးဆိုတာ ရိုးသားတယ်။ ယုံလွယ်တယ်။ သနားတတ်တယ်။ ကြင်နာတတ်တယ်။ အဲ့ဒီစိတ်တွေကြောင့် အမျိုးမျိုး လှည့်ဖျားခြင်းခံရတယ်။ အစ်ကိုတို့အနုပညာရှင်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်တို့ငိုရင် သူတို့လိုက်ငိုတယ်။ ရယ်ရင် လိုက်ရယ်တယ်။ အစ်ကိုတို့ရဲ့ စိတ်အခြေအနေကလဲ သူတို့အပေါ်မှာ အများကြီး လွှမ်းမိုးမှုရှိတယ်။

အစ်ကို့ကို အောင်ဇမ္မူတောရ ကျောင်းက ဘုန်းဘုန်းဟောဖူးတယ်။ ငါတို့တရားပွဲတစ်ပွဲလုပ်ရင်တောင်လူစုရသေးတယ်။ အဲ့ဒီလူတွေက လာမယ် မလာဘူး မကျိန်းသေဘူးတဲ့။ မင်းတို့အလုပ်က ကြည့်တဲ့သူတွေ အားလုံးက မင်းတို့ကို အားပေးနေကြတယ်။ အလိုလိုနေရင်း ကြည့်နေကြတယ်။ အဲ့ဒီအတွက် ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်းဆုံးလုပ်ပါတဲ့။ အဲ့ဒီတစ်ခုနဲ့တင် ဒီအလုပ် တော်တော်ကြီး ဖြစ်လာတာကို ၀မ်းသာမိပါတယ်။ ဗမာ လူမျိုးဖြစ်ရတာကို အရမ်းဂုဏ်ယူတယ်။ ဒီနိုင်ငံမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အတွက်ကို ပိုပြီးဂုဏ်ယူမိပါတယ်”တဲ့။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top