iMyanmarHouse.com - Best Property Website for Myanmar
×














နားကြပ်ကို မှန်ကန်အောင် အသုံးပြုတတ်ခြင်းဟာ သင့်နားကျန်းမာရေးအတွက် ကာကွယ်မှုတစ်မျိုးပါပဲ။ နေ့စဉ်နေ့တိုင်း ဘတ်စ်ကားစီးတဲ့အခါ၊ အလုပ်၊ ကျောင်း စတဲ့နေရာတွေကို သွားတဲ့အခါ၊ အိမ်မှာ ဘာအလုပ်မှ လုပ်စရာမလိုတဲ့အခါ ဖုန်းနဲ့ နားကြပ်လေးကောက်ချိတ်ပြီး သီချင်းတွေ နားထောင်တတ်ကြပါတယ်။ ဒါပေမယ့် နားကြပ်ကို ဘယ်လိုမှန်ကန်အောင် သုံးရမယ်ဆိုတာတော့ မသိကြပါဘူး။

၁။အံဝင်တဲ့ဟာကိုရွေးပါ။ ပြီးနောက် function တွေကိုမှန်ကန်အောင်လုပ်ပါ။
ဒီအချက်ရဲ့အဓိကအကြောင်းအရာကတော့ သင်နဲ့အံဝင်မယ့် နားကြပ်တွေကို မှန်မှန်ကန်ကန်ရွေးနိုင်ဖို့ဖြစ်ပါတယ်။ သင့်ရဲ့ mobile ဖုန်း ဒါမှမဟုတ် အခြား portable ဖြစ်တဲ့ ကရိယာနာအတူပါလာတဲ့ နားကြပ်နဲ့အမျိုးအစားတူကိုပဲ သင်က စွဲလမ်းကောင်းစွဲလမ်းနေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ့ နားကြပ်အမျိုးအစားက သင်နဲ့အံဝင်ချင်မှ ၀င်မှာပါ။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ နားတွေဟာ အရွယ်အစား ပုံသဏ္ဍာန်တူညီနိုင်မှာမဟုတ်တဲ့အတွက် မှန်ကန်တဲ့အရာကို ရှာဖွေဖို့ကမရှိမဖြစ်လိုအပ်တဲ့အရာပါ။ သင့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နားကြပ်တံဆိပ်အမျိုးအစားကိုဝယ်ယူပါ။

၂။ နားကြပ်ကို အံကျကျတပ်ပါ။
နားကြပ်တပ်တာတောင် နည်းလမ်းတွေရှိပါတယ်။ ဘယ်အခြမ်းက ဘယ်နားအတွက် ရည်ရွယ်တယ်ဆိုတာကို ခွဲခြားပါ။ ဆိုလိုတာက ဘယ်ညာနားနှစ်ဖက်အတွက် L နဲ့ R သင်္ကေတတွေကို ရှာကြည့်နိုင်ပါတယ်။ နားကြပ်တပ်တဲ့အခါမှာ နေသားတကျဖြစ်ပြီး ပြုတ်မကျနိုင်လောက်ဘူးလို့ခံစားမိတဲ့အထိ အထဲကိုထိုးသွင်းပါ။ လျော့တိလျော့ရဲနဲ့တွဲလောင်းကျနေတဲ့ တပ်ဆင်မှုမျိုးက သင့်ကို အသံတွေပိုကျယ်မိစေပြီး နားကိုဖိအားတွေဖြစ်စေမှာဖြစ်လို့ ရှောင်ကြဉ်သင့်ပါတယ်။

၃။ နားကြပ်ကိုပြုတ်မကျအောင်တပ်ဆင်ပါ။
နားကြပ်တပ်ရာမှာ မှန်ကန်တဲနည်းလမ်းကတော့ သူ့ရဲ့နဂိုမူလ ပုံသဏ္ဍန်ပြန်မဖြစ်ခင် နားကျပ်ကနားရဲ့နေရာလွတ်ကို ထောက်ကန်ထားနိုင်ဖို့ နားအပြင်ဆုံးပြွန်တွေကိုဆွဲဆန့်တဲ့နည်းဖြစ်ပါတယ်။ ပြင်ပကလာတဲ့ အသံတွေကိုတားဆီးပေးနို်င်ပြီး နားကြပ်နဲ့အတူတူတွဲပါပြီးသားဖြစ်တဲ့ ဆီလီကွန် ဒါမှမဟုတ် ပလက်စတစ် အဖုံးတွေကိုအသုံးပြုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချွေးကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေက ဘက်တီးရီးယား ကူးစက်မှုဖြစ်စေနိုင်တဲ့အတွက် နားကြပ်တွေကိုသန့်ရှင်းရေးလုပ်ဖို့မမေ့ပါနဲ့။

၎။ အသံအတိုးအကျယ်
တစ်ခါလောက် သင့်ရဲ့နားထဲမှာမှန်မှန်ကန်ကန် နားကြပ်တပ်ဆင်အသုံးပြုဖူးပြီဆိုတာနဲ့ အရမ်းသိသာထင်ရှားတဲ့ခြားနားမှုကို သင်သတိပြုမိမှာပါ။ ပြင်ပဆူညံသံတွေကို တားဆီးပြီး သင့်စိတ်ကြိုက် ဂီတသို့မဟုတ် audiobook ကိုကြည်လင်ပြတ်သားစွာ နားဆင်နိုင်တာကို ဆိုလိုတာကဖြစ်ပါတယ်။ သင် ဂီတနားဆင်တဲ့အခါ ပြင်ပအနှောက်အယှက်နည်းနည်းနဲ့  လုံလောက်တဲ့ bass ကိုကြားနိုင်မယ်ဆိုရင် ဒီရည်ရွယ်ချက် ပြီးမြောက်ပြီလို့သာမှတ်လိုက်ပါ။

၅။ သင့်ရဲ့ကရိယာကို သင့်တော်တဲ့ ပုံစံမျိုးနဲ့ထိမ်းသိမ်းထားပါ။
ဒီအချက်က နားကြပ်တပ်ဆင်အသုံးပြုတာနဲ့ ထပ်တူအရေးကြီးပါတယ်။ နားကြပ်တွေကိုကောင်းမွန်စွာသိမ်းဆည်းထားဖို့လဲအရေးကြီးပါတယ်။ တစ်ခုနဲ့တစ်ခုထိုက်ခိုက်တာမျိုးမဖြစ်အောင် သင့်ရဲ့နားကြပ်ေ တွကို ခေါက်ထားပါ။ ပြီးတော့ နားကြပ်အဖုံးတွေကိုလဲ အမြဲတမ်းသန့်ရှင်းနေပါစေ။ သီးခြားနေရာလုပ်ပြီးထားပေးပါ။ သိမ်းဆည်းတဲ့ကိစ္စမှာပြသနာမတတ်အောင် ၀ယ်တဲ့အခါကတည်းက စဉ်းစားသွားပါ။ အချိန်မှန်သန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် မှို၊ဘက်တီးရီးယား နဲ့ ချွေးကြောင့်ဖြစ်တဲ့ အစွန်းအထင်း ကင်းစင်အောင်ထားပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top