iMyanmarHouse.com - Best Property Website for Myanmar
×









ဗယ်လင်တိုင်းနေ့လေး နီးလာပြီဆိုပေမယ့် ကိုယ့်မှာ ချောကလက်ပေးမယ့်သူလည်းမရှိ၊ ကိုယ်ကပြန်ပေးရမယ့်သူလည်း မရှိဖြစ်နေလို့ စိတ်ညစ်မနေပါနဲ့။ တစ်ကိုယ်တည်းဖြစ်နေလို့ အားသာချက်တွေလည်း အများကြီးပါ။ တကယ်တော့ ချစ်သူများနေ့ဆိုတာ ချစ်သူရည်းစားတွေနဲ့သာ ပတ်သက်နေတာမှ မဟုတ်တာ။ ကိုယ့်ကိုချစ်တဲ့ မိသားစုဝင်တွေ၊ ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေနဲ့လည်း ဒီရက်လေးကို ဆင်နွှဲလို့ရနေသေးတာပဲ မဟုတ်လား။ ဒီလိုမှမဟုတ်ပဲ ဗယ်လင်တိုင်းနေ့ကို တစ်ကိုယ်တော်သာ ဖြစ်သန်းချင်တယ်ဆိုရင်တော့ သာသာယာယာကုန်ဆုံးနိုင်မယ့် နည်းလေးတွေ ပြောပြပေးပါရစေ။

၁။သင်လုပ်ချင်တာတွေ လုပ်ဖို့ အချိန်ရောက်ပါပြီ။

သင့်အိမ်မှာ အခွေကြည့်ရင်း အချိန်ဖြုန်းချင်သလား၊ ဒါမှမဟုတ် စာအုပ်တွေဖတ်၊ ကော်ဖီလေးသောက်ရင်း စိတ်ချမ်းသာစွာနေကြည့်မလား၊ ဒါမှမဟုတ် ဖက်ရှင်စာအုပ်တွေထဲက ကိုယ်ကြိုက်တဲ့ အင်္ကျံအ၀တ်အစားတွေချည်း သီးသန့်ရွေးပြီး ရှော့ပင်ထွက်ဖို့ ပြင်ဆင်ထားမလား။ သင့်စိတ်ထဲရှိတာတွေကို အဲ့ဒီနေ့လေးမှာ အကုန်လုပ်ပစ်လိုက်ပါ။ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိုက်ပါသလဲ။

၂။အလုပ်တွေ အပြီးသတ်ချင်လည်း ရပါသေးတယ်။

အချိန်တွေကို အလဟာသမဖြစ်ချင်ဘူးဆိုရင်တော့ သင့်အလုပ်အတွက်၊ ကျောင်းအတွက် အကျိုးရှိမယ့် အရာတွေကို လုပ်ဆောင်ပါ။ အလုပ်မပြီးသေးဘူးဆိုရင် အလုပ်တွေပြီးအောင် လုပ်ဆောင်လိုက်ပါ။ ဒါမှမဟုတ် သင့်စာအုပ်စင်ကို ရှင်းတာ၊ အ၀တ်ဗီရိုကို ရှင်းတာမျိုးတွေ လုပ်နိုင်ပါတယ်။

၃။အသစ်အဆန်းတစ်ခုခု လုပ်ကြည့်ပါ။

တစ်ခါမှ မလုပ်ကြည့်ဖူးတဲ့ အရာတွေ အဲ့ဒီနေ့မှာ စတင်လုပ်ဆောင်ကြည့်နိုင်ပါတယ်။ ဥပမာ ယောဂကျင့်တာမျိုး၊ ဘဲလေးအကသင်တန်း စတက်တာမျိုး၊ မီးဖိုချောင်မှာ ဟင်းပွဲအသစ် ချက်ကြည့်တာမျိုးတွေ လုပ်ပါ။ သင့်စိတ်အပြောင်းအလဲ ဖြစ်မှာ သေချာပါတယ်။

၎။သင်ချစ်တဲ့သူ တစ်ယောက်ယောက်ဆီကို လက်ဆောင်ပို့ပါ။

သင်နဲ့ အရမ်းနီးစပ်ပြီး အခင်ဆုံးလို့ သတ်မှတ်ထားတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်ကို ချောလလက်ပို့ပေးတာ၊ ပန်းစည်း၊ လက်ဆောင်ပို့တာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ ဒီလိုသာဆိုရင် သင်ရော၊ သင့်သူငယ်ချင်းပါ ပျော်ရွင်ကြည်နူးမှုကို ခံစားနိုင်မှာပါ။

၅။သူငယ်ချင်းတွေ အားလုံးချိန်းပြီး ပျော်ရွှင်စရာကောင်းမယ့်အချိန်တွေ ဖန်တီးပါ။

မိန်းကလေးသူငယ်ချင်း၊ ဒါမှမဟုတ် ယောင်္ကျားလေးသူငယ်ချင်းတွေ စုပြီး ကာရာအိုကေ ဆိုတာမျိုးတွေ၊ အိမ်တစ်အိမ်မှာ ပါတီလုပ်တာမျိုးတွေ၊ စုပြီး ထမင်း၊ ဟင်းချက်စားတာမျိုးတွေ လုပ်ပေးမယ်ဆိုရင်လည်း ဗယ်လင်တိုင်းနေ့လေးအတွက် ပျော်စရာကောင်းသွားမှာပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top