iMyanmarHouse.com - Best Property Website for Myanmar
×










ရုံးချိန်ကိုကျော်လွန်ပြီး ညကြီးမိုးချုပ်ထိအလုပ်လုပ်ရတယ်ဆိုတာ ဘယ်လိုမှသာယာနာပျော်ဖွယ်မရှိသလို၊ စိတ်ညစ်ညူးစရာ လည်း တော်တော်ကောင်းပါတယ်။ ဒါ့အပြင် ဆင်းလိုက်တဲ့အချိန်ပိုအတွင်း လုပ်လိုက်တဲ့အလုပ်ကတစ်လွဲ ဖြစ်သွားခဲ့မယ်ဆိုရင် သိက္ခာ ကျစရာလည်း ဖြစ်သွားနိုင်ပါသေးတယ်။ “နိုးထချိန်ကနေ (၁၇) နာရီအတွင်း လူတစ်ယောက်ဟာကောင်းကောင်း အလုပ်လုပ်နိုင်ပေမဲ့၊ (၁၇) နာရီကျော်သွားတာနဲ့ လုပ်ဆောင်မှုတွေကျဆင်းပြီး အိပ်ချင်စိတ်တွေများလာနိုင်ပါတယ်။ ဒီလောက်အလုပ်ချိန်ကြာကြာ အလုပ်တစ် မျိုးတည်းကို လုပ်နေရမယ်ဆိုရင်တော့ ဘီယာ(၂)ခွက်လောက်သောက်ထားတဲ့ သူလိုအာရုံထုံထိုင်းလာနိုင်ပါတယ်”လို့ သိပ္ပံနည်းကျ သုတေသနအဖွဲ့  Alertness Solution ရဲ့ ဒု-ဥက္ကဌဖြစ်သူ Kevin Gregory က ပြောကြားထားပါတယ်။

ကဲဒီတော့ သင်လည်းညကြီးမိုးချုပ်ထိ အချိန်ပိုဆင်းရပြီဆိုရင် သင့်ရဲ့အချိန်နာရီတွေကို ဘယ်လိုနည်းနဲ့ ပြင်ဆင်ထားမလဲ….. အောက်မှာဖော်ပြထားတဲ့ အချက်တွေကို လေ့လာကြည့်ပါဦး…

ခဏတဖြုတ် အိပ်စက်ပါ
ပုံမှန်အလုပ်ချိန် အတွင်းမှာတော့ ခဏတဖြုတ်အိပ်စက်ဖို့ နည်းလမ်းကို ရွေးချယ်လို့မရပေမဲ့ ညအချိန်အထိ အချိန်ပိုဆင်းရ မယ်ဆိုရင် အနည်းဆုံး (၁၀) မိနစ်လောက်တော့ သင့်ဦးနှောက်ကို အနားပေးဖို့ကြိုးစားပါ။ (၁၀) မိနစ်လောက်က ဘာလုပ်ရမလဲလို့ အတွေးမရောက်စေချင်ပါဘူး။ (၁၀) မိနစ်လောက်ပေမဲ့ သင့်ကို အာရုံလန်းဆန်းစေပြီး ဆက်အလုပ်လုပ်ဖို့ အင်အားပေးနိုင်ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ အိပ်ချင်စိတ်ကို အတင်းတွန်းလှန်ပြီး အလုပ်ဆက်လုပ်နေမယ်ဆိုရင် အာရုံထိုင်းမှိုင်းပြီး အလုပ်မှာအမှားများနိုင်ပါတယ်။

နေ့လည်ဘက်မှာ နောက်ထပ်ကော်ဖီ တစ်ခွက်သောက်ပါ
ကဖိန်းဓာတ်ဟာ သင့်ကို နာရီအနည်းငယ် တက်ကြွလန်းဆန်းမှုကို ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ညဘက်မှာညနက်နက်အထိအချိန်ပိုဆင်းရမယ်ဆိုရင် နေ့လည်ဘက်မှာ
 ကော်ဖီတစ်ခွက်ထပ်သောက်ခြင်းဖြင့် သင့်အာရုံတွေကို နိုးကြားအောင် ပြုလုပ်ထားပါ။ သို့သော်လည်း ကော်ဖီအလွန်အကျွံသောက်ခြင်းက သင့်ကိုအိပ်ချင်စိတ် လုံးဝပျောက်သွားစေပါတယ်။ ဒါကြောင့် ည(၂) နာရီကျော်တာနဲ့ ကော်ဖီမသောက်ဘဲ နေမယ်ဆိုရင် မနက်မိုးလင်းလို့ အိပ်ပြန်ရောက်သွားတဲ့အချိန်မှာ သင်ပုံမှန်အတိုင်း အိပ်ပျော်ပါလိမ့်မယ်။

သင့်ရဲ့ အာရုံဝင်စားမှုက ဘယ်အချိန်လဲဆိုတာ သိပါ
ညနေပိုင်း (၃) နာရီကနေ (၅) နာရီအတွင်း အာရုံခြောက်ပြီး နှေးကွေးလေးလံသလို ခံစားလာရပါသလား။ ဒီလိုအချိန်မှာ နေ့ လယ်စာလည်းစားပြီးချိန်ဖြစ်တဲ့အတွက် အိပ်ချင်စိတ်ဖြစ်လာတတ်တာ ဓမ္မတာပါပဲ။ ဒါပေမဲ့ အချို့သောသူတွေကတော့ အဲဒီလို နေ့ခင်းနေ့ လယ်အချိန်ရောက်ခါမှ အာရုံဝင်စားပြီး အလုပ်လုပ်လို့ ကောင်းလာတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီတော့ အာရုံစားမယ့်အလုပ်တွေကို နေ့ခင်းအချိန်မှာ အပြီးသတ်ထားပြီး ညပိုင်းအချိန်တွေနဲ့ ညပိုင်းအချိန်တွေမှာ တခြားအလုပ်တွေလုပ်မယ်ဆိုတာ အစီအစဉ်ဆွဲထားပါ။

သွေးပူအောင်လုပ်ပါ
အလုပ်လုပ်ရင်း ညစာစားဖို့ အချိန်ရောက်လာတဲ့အခါ ရုံးအရောက်လာပို့တဲ့ ညစာကို ရွေးချယ်မယ့်အစား အပေါင်းအသင်းများနဲ့ လမ်းလျှောက်ရင်း၊ စကားပြောရင်း ဟိုဆိုင်ဒီဆိုင် လိုက်ကြည့်ရင်း ညစာစားဖို့ နည်းလမ်းကို ရွေးချယ်ပါ။ ဒီလိုမှ မဟုတ်လို့ သွားစားရမယ့် နေရာက သိပ်ဝေးလွန်းတယ်ဆိုရင်လည်း ညစာကိုရုံးအထိမှာစားပြီး စားသောက်ပြီးစီးတဲ့အခါ သွေးနည်းနည်းပူအောင် ရုံးအတွင်း ဟိုဟို ဒီဒီလမ်းလျှောက်ပါ။ အလုပ်စားပွဲကထပြီး ဖော်ပြပါနည်းလမ်းတွေထဲက တစ်နည်းနည်းနဲ့ သွေးပူအောင်လုပ်ခြင်းဖြင့် အာရုံပြန်လည် နိုး ကြားပြီး အလုပ်ပိုလုပ်နိုင်လာပါလိမ့်မယ်။

မီးအလင်းရောင်ကောင်းကောင်းနဲ့ အလုပ်လုပ်ပါ
သင်အလုပ်လုပ်တဲ့နေရာကို မီးအလင်းရောင်ကောင်းကောင်း ထွန်းထားမယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်တွင်းကနာရီကို နေ့အချိန် အလားလှည့်စားထားနိုင်ပါလိမ့်မယ်။ ဒါဆိုရင် အိပ်ချင်ထိုင်းမှိုင်းမှု နည်းသွားပြီး တက်ကြွလန်းဆန်းနေစေပါတယ်။

အချိန်တစ်ဆက်တည်း အလုပ်မလုပ်ပါနဲ့
အလုပ်တစ်ခုတည်းကို အချိန်ကြာမြင့်စွာ ဆက်တိုက်လုပ်မယ်ဆိုရင် ပျင်းရိစရာကောင်းလာတဲ့အတွက် အာရုံထိုင်းမှိုင်းလာနိုင်ပါ တယ်။ ဒါကြောင့် ခေတ္တနားချိန်ယူဖို့ ကြိုးစားပါ။ အပေါင်းအသင်းများနဲ့ ကော်ဖီသောက်ရင်း ခဏတဖြုတ်စကားစမြည် ပြောဆိုတာပဲ ဖြစ်ဖြစ်၊ နောက်ရက်မှ လုပ်ရမယ့်အလုပ်တွေကို ကြိုကြည့်ရင်း ကြိုစဉ်းစားထားတာပဲဖြစ်ဖြစ် နည်းလမ်းတစ်ခုခုနဲ့ အာရုံပြောင်းပါ။

Credit : people magazine

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top