iMyanmarHouse.com - Best Property Website for Myanmar
×












ကမ္ဘာတစ်ဝန်းမှ ပရိသတ်များသည် JYJ ကေပေါ့ပ်အဖွဲ့ဝင် ကင်ဂျယ်ဂျွန်းပါဝင်သည့် Spy ဇာတ်လမ်းတွဲကို အထူးအားပေး ကြကြောင်း ဖော်ပြသည်။

‘‘ကင်ဂျယ်ဂျွန်းအပေါ် နိုင်ငံ တကာပရိသတ်ရဲ့ တုံ့ပြန်မှုက စိတ်လှုပ်ရှားစရာပါပဲ။ ကင်ဂျယ် ဂျွန်းကိုရော ဒရာမာဇာတ်လမ်းတွဲ ကိုပါ အထူးအားပေးကြောင်း နိုင်ငံတကာကပရိသတ်တွေက ဖော်ပြခဲ့ကြပါတယ်’’ဟု JYJ အဖွဲ့ အေဂျင်စီ C-Jes အန်တာတိန်းမန့် က ပြောကြားသည်။ ဟောင်ကောင်၊ ဖိလစ်ပိုင်နှင့် အာရပ်နိုင်ငံများမှ ပရိသတ်များသည် ချမ်းချမ်းစီးစီးထဲ ဒရာမာဇာတ်လမ်းတွဲရိုက်ကူးနေကြသော ကင်ဂျယ်ဂျွန်းနှင့်Spyရိုက်ကူးရေးအဖွဲ့သားများအတွက်အစားအစာပူပူနွေးနွေးများနှင့်
  ကော်ဖီပူပူများပို့ပေးခဲ့သည်ဟု C-Jes အေဂျင်စီက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောသည်။

 ကေပေါ့ပ်စတား ကင်ဂျယ်ဂျွန်းသည် လက်ရှိတွင် KBS2 ရုပ်သံလိုင်း၏ Spy ဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်လျက်ရှိသည်။ ကင်ဂျယ်ဂျွန်းသည် Protect the Boss၊ Doctor Jin၊ Triangle စသည့်ဒရာမာဇာတ်လမ်းတွဲများ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံတကာပရိသတ်၏ အားပေး မှု ပိုမိုရရှိလာသူဖြစ်သည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top