iMyanmarHouse.com - Best Property Website for Myanmar
×














စိတ်ဖိစီးမှုခံစားနေရချိန်တွင် ခန္ဓာကိုယ်သည် ဗီတာမင်ဘီကို ပိုမိုလိုအပ်ခြင်းကြောင့် ယင်းအချိန်တွင် ဗီတာမင်ဘီပါဝင်သော အစားအသောက်များကို ရွေးချယ်စားသုံးသင့်ကြောင်း သိရသည်။

ဗီတာမင်ဘီသည် အဆီနှင့် ပရိုတင်းတို့ပြိုကွဲရန်၊ အာရုံစူးစိုက်မှုကောင်းစေရန်၊ သွက်လက်နိုးကြားစေ ရန်၊ ဦးနှောက်နှင့်အာရုံကြောပုံမှန်လုပ်ဆောင်ရန်နှင့် စိတ်ကျန်းမာရေးကောင်းမွန်စေရန်တို့အတွက် အထောက်အကူဖြစ်စေပြီး အစားအစာမှ စွမ်းအင်ထုတ်လုပ်မှုဖြစ်စဉ်တွင်လည်း မရှိမဖြစ်လိုအပ်သကဲ့ သို့ဆဲလ်များ ကြီးထွားမှုတွင်လည်း အရေးပါကြောင်းသိရသည်။

“စိတ်ကိုတတ်နိုင်သမျှလျှော့ချပြီး အကောင်းမြင်တတ်တဲ့အလေ့အကျင့်တွေ ပျိုးထောင်ပေးရမယ်၊ လေ့ ကျင့်ခန်းလုပ်ရမယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးရမယ်၊ ဗီတာမင်ဘီအား ဆေးသောက်သုံးပေးဖို့လိုတယ်” ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာအောင်ဆန်းဝင်းက အကြံပြုဖြည့်စွက်ပြောသည်။

ပဲ၊ ဝက်သား၊ အမဲသား၊ နွားနို့၊ ဆန်လုံးညို၊ အသည်းစသည်တို့မှာ ဗီတာမင်ဘီကြွယ်ဝသော အစားအ သောက်များဖြစ်ပြီး အစားအသောက်များထဲတွင် ဗီတာမင်ဘီလုံလောက်စွာမပါဝင်ခြင်း၊ အသင့်စားအ စားအသောက်များကို စားသောက်ခြင်း၊ လှုပ်ရှားမှုများသည့် အလုပ်လုပ်နေရသူများနှင့် အရက် သောက်သုံးသူများတွင် ယင်းအစားအစာများကို စားသုံးပေးသင့်ကြောင်း သိရသည်။

“လူတစ်ဦးနဲ့တစ်ဦးကတော့ စိတ်ဖိစီးမှုကမတူကြဘူး။ တစ်မျိုးစီတော့ရှိကြတယ်။ အတိုင်းအတာတစ်ခု အထိ တွန်းအားလိုအပ်ပါတယ်။ ခံနိုင်ရည်အားကတော့ တစ်ဦးနဲ့တစ်ဦးကွာခြားမှုတွေ ရှိကြပါတယ်” ဟု ဒေါက်တာအောင်ဆန်းဝင်းက ပြောသည်။

စိတ်ဖိစီးမှုများပါက မောပန်းခြင်း၊ ရေရှည်ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အစားအသောက်ပျက် ခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း၊ ယုံကြည်မှုလျော့နည်းခြင်း၊ သွေးတိုးခြင်း၊ အာရုံအကြောဆွဲခြင်း၊ စွမ်း ဆောင်ရည်ကျဆင်းလာခြင်း၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် အိပ်မပျော်သည့်ရောဂါ လက္ခဏာများ ဖြစ်ပေါ်တတ်ကြောင်းသိရသည်။

“စိတ်ဖိစီးမှုတွေများနေရင် ဘာလို့လဲဆိုတာကိုသိအောင် ကြိုးစားရမယ်။ အတတ်နိုင်ဆုံးလျှော့ချဖို့လဲ လိုအပ်ပါတယ်။ လိုအပ်ရင်တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်သင့်တယ်။ အရေးကြီးတာကတော့ မိမိတို့သဘောနဲ့ မိမိတို့အရက်သောက်တာ၊ ဆေးလိပ်တွေသောက်တာတွေ ဆရာဝန်တွေရဲ့ ညွှန်ကြား ချက်မရှိတဲ့ ဆေးတွေသောက်တာကို မလုပ်ရဘူး။ အဲဒါတွေက အခိုက်အတန့်လောက်လေးပဲသက် သာသယောင်ရှိပြီး နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိတယ်” ဟု စိတ်ပိုင်းဆိုင်ရာ အထူးကု ဆရာဝန်ကြီးဒေါက်တာစိုးမင်းက အကြံပြုပြောကြားသည်။

စိတ်ဖိစီးမှုကို ဖြေရှင်းကြရာတွင် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ တားမြစ်ဆေးဝါးများကို အသုံးပြုခြင်း၊ လှုပ်ရှားမှုများခြင်း၊ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်ခြင်း၊ ထပ်တလဲလဲအပြုအမူများ ပြုမူခြင်းများပြုလုပ်တတ်ကြောင်း သိရသည်။

လျှော့ချကြရန်လိုအပ်ကြောင်းကိုလည်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီးဒေါက်တာဝင်းဝင်းမြင့် ကပြောသည်။

“တချို့က စိတ်ဖိစီးမှုများတယ်ဆိုပြီး မူးယစ်ဆေးဝါးတွေ၊ အရက်သောက်တာတွေနဲ့ဖြေဖျောက်ကြ တယ်။ အဲဒါတွေကမှားတယ်။ ခရီးထွက်တာတို့၊ အပန်းဖြေတာတို့၊ သီချင်းနားထောင်တာမျိုးတွေနဲ့ စိတ်ဖိစီးနေတာကို ဖြေဖျောက်သင့်ပါတယ်။ အရင်သုံးလေးနှစ်ကထက် အခုနောက်ပိုင်းမှာ စိတ်ဖိစီးမှု ကြောင့်နောက်ဆက်တွဲရောဂါဖြစ်တဲ့သူတွေ ပိုများလာပါတယ်” ဟု ဒေါက်တာဝင်းဝင်းမြင့်က ဆိုသည်။

စိတ်ဖိစီးမှုဖြစ်ပွားရခြင်းမှာ သက်ဆိုင်ရာပတ်ဝန်းကျင်၊ လုပ်ငန်းခွင်စသည်တို့နှင့် တိုက်ရိုက်ပတ်သက် ဆက်နွှယ်နေရာ မိမိတွင်စိတ်ဖိစီးမှုဖြစ်မလာစေရန်အတွက် မိမိစိတ်နေသဘောထားကို ပြုပြင်ပြောင်း လဲရန်လိုအပ်ပါက အလိုက်သင့်ပြောင်းလဲနိုင်ရန်လိုအပ်ကြောင်း သိရသည်။

“လူတစ်ယောက်မှာ စိတ်ကအရေးအကြီးဆုံးပဲ။ ဘာသာရေးနဲ့ ထိန်းချုပ်ထားနိုင်ရင်လဲကောင်းတယ်။ ဥပမာ တရားထိုင်တာမျိုးပေါ့။ ဒါဆိုရင် နောက်ဆက်တွဲရောဂါဝင်ဖို့လမ်းနည်းသွားနိုင်တယ်။ အလုပ်ခွင် ထဲမှာ အဆင်မပြေဘူးဆိုရင်လဲ အဲဒီလူကစိတ်ဖိစီးမှုရောဂါဖြစ်ဖို့များတယ်။ လူတစ်ယောက်ရဲ့ ကျန်းမာ ရေးအခြေအနေက ဘာနဲ့ဆိုင်သလဲဆိုရင် သူ့ရဲ့ပတ်ဝန်းကျင်အလုပ်ဌာနတွေမှာထားတဲ့ သူ့ရဲ့စိတ်နေ စိတ်ထား၊ သဘောထားတွေက အလုပ်ခွင်မှာအများကြီး သက်ရောက်မှုရှိတယ်။ လူတစ်ယောက်အ တွက် ကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့ လိုပါတယ်။ ဒါမှစိတ်ဓာတ်ပိုင်းပါကျန်းမာမှာ” ဟုစိတ်ရောဂါ အထူးကုဆရာဝန်ကြီးတစ်ဦးကလည်း ဆိုသည်။

တစ်ဦးတစ်ယောက်တည်း သီးသန့်နေထိုင်ခြင်းကလည်း ကိုယ်ရောစိတ်ပါကျန်းမာစေမည် မဟုတ် သည့်အတွက် အာသင်းအဖွဲ့နှင့် ပါဝင်ပူးပေါင်းလုပ်ဆောင်ရသည့် ကိစ္စများတွင်ပါဝင်ခြင်း၊ စိတ်ပျော်ရွှင် စေမည့်စာအုပ်များ ဖတ်ရြှုခင်း၊ ကခုန်ခြင်း၊ ရယ်မောပျော်ရွှင်စွာနေထိုင်ခြင်း စသည့်နေထိုင်မှုပုံစံများက စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုအထိလျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲ
စိတ်ဖိစီးမှုကို လျှော့ချနိုင်ရန်အတွက် ဟင်းနုနယ်၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ကြက်သွန်ဖြူ၊ ဘယ်ရီသီး၊ နို့၊ ချောကလက်၊ ထောပတ်သီး၊ ကောက်နှံစာ စသည်တို့အားစားသုံးသင့်ကြောင်း သိရသည်။

လူတစ်ယောက်သည် ကိုယ်ခန္ဓာရော စိတ်ပါကျန်းမာမှသာလျှင် ပြီးပြည့်စုံသောဘဝတစ်ခုပိုင်ဆိုင်နိုင် မည်ဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာပြီး စိတ်ဆင်းရဲနေပါကလည်း ကျန်းမာခြင်းနှင့်ပြည့်စုံသောသူတစ် ယောက်ဟုမခေါ်ဆိုနိုင်ကြောင်း၊ ရောဂါမရှိသော်လည်း စိတ်သည်အမြဲတမ်းဆင်းရဲနေပါက ကျန်းမာ ခြင်းနှင့် ပြည့်စုံသည်ဟု မခေါ်နိုင်ကြောင်း အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးဒေါက်တာဝင်းဝင်း မြင့်က ဆက်လက်ပြောကြားခဲ့သည်။

Credit : Democracy Today Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top