iMyanmarHouse.com - Best Property Website for Myanmar
×














အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ ၂ ယောက်စာ စားတယ်လို့ ပြောလေ့ရှိပါတယ်။
ဒါပေမယ့် ဒါကို ကျွမ်းကျင်သူတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင် ရဲ့ လွန်ကဲတဲ့ အစားအသောက် တွေဟာ ကလေးငယ်ရဲ့ နောင်တစ်ချိန်မှာ ဖွံ့ဖြိုးမှုအတွက် အန္တရာယ်ရှိနိုင်တယ်လို့ သတိပေး လိုက်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ် အလေးချိန်တက်လာတဲ့ မိခင်တွေဟာလည်း နောင်တစ်ချိန်မှာ ကျန်းမာရေး ပြသနာများစွာကို ရင်ဆိုင်ရလိမ့်မယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။

အဲဒီလို ကိုယ်ဝန်ဆောင်နေစဉ်မှာ အလေးချိန်တက်လာတဲ့ မိခင်တွေက မွေးတဲ့ ကလေးတွေဟာလည်း နှလုံးရောဂါ ၊ Type 2 Diabetes နဲ့ Stroke ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားဖို့က အရမ်းကို အရေးကြီးပါတယ်။

၁၉၃၀ နဲ့ ၁၉၄၀ ၀န်းကျင်နှစ်တွေမှာ မွေးဖွားခဲ့သူ မိခင် ၁၃၀၀၀ ယောက် ရဲ့ လက်ရှိအချိန်အထိ အခြေအနေတွေကို သုတေသန ပြုလုပ်ခဲ့ရာမှာ အဆီတက်စေမယ့် အစားအစာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးခဲ့တဲ့ မိခင်တွေက မွေးဖွားတဲ့ ကလေးတွေဟာ ဖွံဖြိုးမှုနှုန်းနှေးပြီး ထိုနှေးကွေးမှုအပေါ် အလွယ်တကူ စိတ်ဓါတ်ကျနိုင်တယ်လို့ သိရပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top