iMyanmarHouse.com - Best Property Website for Myanmar
×










အမျိုးသားတွေဟာ မားစ်ဂြိုလ်က ဆင်းသက်လာပြီး အမျိုးသမီးတွေက ဗီးနပ်စ်ဂြိုလ်က လာကြတယ်လို့ ဆိုရိုးတစ်ခုရှိပါတယ်။ ဘယ်လိုပဲ အမျိုးသားနဲ့ အမျိုးသမီးဆိုပြီး အုပ်စုကွဲနေပါစေ ကိုယ်ကျင့်စရိုက်နဲ့ လက္ခဏာ ကတော့ တစ်ယောက်တမျိုးစီး ရှိကြစမြဲပါ။

လူမှုရေးဖောက်ပြန်သူတွေဟာ ယောက်ျားလည်း ဖြစ်နိုင်သလို မိန်းမလည်း ဖြစ်နိုင်ပါတယ်။ သစ္စာရှိသူတွေမှာလည်း အမျိုးသမီးများစွာရှိသလို အမျိုးသား များစွာလည်း ရှိနေပြန်ပါတယ်။
အခု အောက်စ်ဖို့ဒ်တက္ကသိုလ်က လေ့လာထားတဲ့ စစ်တမ်းတစ်ခုအရ လူတစ်ယောက်ချင်းစီမှာ ရှိတဲ့ လက်ညှိုး အတိုအရှည်ဟာ သူ့ရဲ့လူမှုရေး ရှုပ်ထွေးမှု အကျင့် ရှိမရှိကို သိနိုင်တယ်လို့ ဆိုလာပါတယ်။ ဒီလေ့လာမှုကိုတော့ အောက်စ်ဖို့ဒ်တက္ကသိုလ် စိတ်ပညာအယူအဆလေ့လာရေး အဖွဲ့က ပါမောက္ခ Robin Dunbar နဲ့ Northumbria တက္ကသိုလ်က ပါမောက္ခ ဂျွန်မန်နင်းတို့က ဦးဆောင်ဖော်ထုတ်ခဲ့ပြီး Biology Letters ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

သူတို့ပိုင်ဆိုင်ထားတဲ့ လက်ညိုးအတိုအရှည်တွေက သူတို့ရဲ့ လှုမှုရေးရှုပ်ထွေးမှုအကျင့်ကို ဖော်ပြပေးလျှက် ရှိနေပါတယ်။ တစ်ချို့တွေက လိင်မှုရေးရာ ကိစ္စတွေမှာ ရှုပ်ပွေတက်တဲ့အကျင့်ရှိပြီး တစ်ချို့ကတော့ သစ္စာရှိရှိ ချစ်တဲ့ အချစ်မျိုးသာ ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့်လည်း ဒီလေ့လာချက်ဟာ ယောက်ျား၊ မိန်းမ လိင်ကွဲပြားမှုနဲ့ တော့ မသက်ဆိုင်ပဲ တစ်ဦးချင်းစီနဲ့သာ သက်ဆိုင်နေပါတယ်။

ဗြိတိန်နိုင်ငံက အမျိုးသား၊ အမျိုးသမီး ၁၃၁၄ ဦးကို လက်ညှိုးနဲ့ လက်သူကြွယ် အတိုအရှည်ကို ကြည့်ပြီး လေ့လာခဲ့တာဖြစ်ပါတယ်။ လေ့လာချက်အရတော့ လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်သူတွေဟာ လူမှုရေးရှုပ်ထွေးတက်တဲ့ အကျင့်ရှိတက်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့်လက်ညှိုးနဲ့ လက်သူကြွယ် အတိုအရှည် ညီသူတွေကတော့ တစ်စုံတစ်ယောက်နဲ့ ကြာရှည်ခိုင်မြဲစွာ ချစ်ခင်ပေါင်းသင်းလိုစိတ် ရှိကြတဲ့ သူတွေဖြစ်နေပြန်ပါတယ်။ ဒါဟာ ယောက်ျား၊ မိန်းမနဲ့ မဆိုင်ပဲ တစ်ဦးချင်းစီနဲ့ သက်ဆိုင်ပါတယ်။

လက်ညှိုးက လက်သူကြွယ်ထက် ပိုရှည်သူတွေကတော့ အများထက် ဟော်မုန်းပိုများတက်တဲ့ သဘာဝ ရှိတဲ့သူတွေဖြစ်ပြီး အရွယ်ရောက်သူ တစ်ယောက်ဖြစ်လာတဲ့အခါ လူမှုရေးရှုပ်ထွေးမှု လုပ်တက်ပြန်ပါတယ်။

‘‘ လိင်မှုရေးရာ သဘာဝမှာ ဘယ်သူတွေက ဘယ်နည်းတွေသုံးပြီး ချဉ်းကပ်လေ့ရှိလဲဆိုတာကို လေ့လာတဲ့ အခါမှာ အဓိကအားဖြင့်တော့ အုပ်စုနှစ်ခု ကွဲထွက်သွားတာ တွေ့ရပါတယ်။ ဘယ်အမျိုးအစားက ကိုယ့်ကိုကိုယ် ဖိနှိပ်တက်ပြီး ဘယ်အမျိုးအစားက လမ်းမှားရောက်အောင် စိတ်ကိုလွှတ်ပေးတက်လဲဆိုတာ တွေ့ခဲ့ရတယ်’’ လို့ Dr Wlodarski ကရှင်းပြပါတယ်။

Credit : Planet Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top