iMyanmarHouse.com - Best Property Website for Myanmar
×

အချစ်ရေးမှာ အဆင်မပြေတာတွေ များနေမယ်။ ပြသနာတွေတက်၊ တစ်ရက်၊ နှစ်ရက်နေ ပြန်အဆင်ပြေသွားတာမျိုးရှိပေမယ့် တစ်လ၊ နှစ်လအထိ ကြာသွားတာမျိုးလည်း ရှိတယ်။ အစကတော့ နည်းနည်းပါးပါး ရန်ဖြစ်ရာကနေ၊ နောက်ပိုင်း ပြသနာတက်တဲ့အချိန်တွေ ပိုစိပ်လာမယ်။ နားလည်မှုလွဲတာတွေ အကြိမ်ပိုများလာမယ်။ သူငယ်ချင်းနဲ့ မိသားစုဝင်တွေက အချစ်ရေးအတွက် အကြံဥာဏ်တွေ ပေးကြပေမယ့် အဲ့ဒါတွေကြောင့်လည်း အချစ်ရေးမှာ တိုးတက်လာတာမျိုး မရှိဘူး။ ဒါဆို ဒီလို အချစ်ရေးမျိုး ပိုကောင်းလာဖို့ မျှော်လင့်နေသေးသလား စဉ်းစားစရာပေါ့။

လူနှစ်ယောက် သံယောဇဉ်ကြိုးတွေ အထပ်ထပ် ရစ်ပတ်ထားပြီးမှ လွယ်လွယ်ကူကူ ဖြတ်ပစ်ဖို့ဆိုတာကလည်း ကိုယ့်အနေနဲ့ မလွယ်ဘူး။ နာကျင်ကြရမယ်မှန်းသိနေတယ်။ ဒါဆို ဆုပ်ကိုင်ထားဦးမလား။ မျှော်လင့်ချက်ရော ရှိသေးရဲ့လား ပြန်စဉ်းစားသုံးသပ်ဖို့ လိုလာပြန်ရော။ ဘေးက လူတွေက ဖြတ်လိုက်တော့၊ ဒါမှမဟုတ်လည်း အဆင်ပြေအောင်နေပါဆိုတာမျိုးတွေက သူတို့အတွက် ပြောရလွယ်ပေမယ့် ကိုယ့်အတွက်တော့ ခက်ခဲနေလိမ့်မယ်။ ဒီတော့ ဘေးအနေနဲ့ ကူပေးနိုင်တာက သင့်ဆုံးဖြတ်ချက်တစ်ခုကို ရေရာသွားစေဖို့ ၊ ဆုံးဖြတ်ချက်ချနိုင်အောင် တစ်ချို့အချက်လေးတွေ ချပြပေးဖို့ပါပဲ။

၁။အရင်တုန်းက ခံစားချက်အဟောင်းတွေ ပြန်သတိရဖို့ ကြိုးစားပါ။

ကလေးဘ၀တုန်းကအကြောင်းတွေ ပြန်စဉ်းစားပါ။ အဲ့ဒီအချိန်တုန်းက သင်ဘယ်အရာတွေကို မနှစ်ခြိုက်ဘူးလဲဆိုတာ ချရေးပါ။ ဖြစ်လာတဲ့ခံစားချက်ကို သေချာအာရုံစိုက်ပါ။ အဲ့ဒီခံစားချက်တွေက အကြောက်တရားတွေ၊ ဒေါသ၊ ၀မ်းနည်စရာတွေ၊ လက်ခံပေးနိုင်တဲ့ စိတ်ဆန္ဒ စသဖြင့် အမျိုးမျိုးရှိပါလိမ့်မယ်။ အားလုံးချရေးလိုက်ပါ။

၂။ကိုယ်တကယ်လိုချင်ဖြစ်ချင်တဲ့ ဆန္ဒတွေ ရေးပါ။

နောက်တစ်ဆင့် ထပ်တွေးရမှာက သင်ဖြစ်ချင်ခဲ့တဲ့ ခံစားချက်တွေက ဘာလဲဆိုတာပါပဲ။ ဒါကိုလည်း ချရေးလိုက်ပါ။

၃။ခု ဘယ်လိုခံစားနေရတယ်ဆိုတာ ရေးပါ။

လက်ရှိခံစားနေရတဲ့ ခံစားချက်တွေက လတ်တလောအခြေအနေမှာ အတိတ်က ဖြစ်စဉ်တွေ ဘယ်လိုပါဝင်နေသလဲဆိုတာ ပြသမယ့် အဓိကသော့ချက်ပါပဲ။  ဥပမာ ဒီနေ့ဖြစ်လာတဲ့ စိတ်မကြည်စရာ၊ စိတ်ပျက်စရာ ခံစားချက်တွေရှိပါလိမ့်မယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခုမေးပါ။ ငါ ဒီလိုခံစားနေရတာ ဘယ်လောက်ကြာပြီလဲ ဆိုတာပါပဲ။ ဒီလို ခံစားချက်မျိုးနဲ့ အမြဲဖြစ်နေတာလား၊ ငါနဲ့တော်တော်လေးတောင် ရင်းနှီးနေပြီးလား။ ဒီလိုခံစားနေရတာ နှစ်နဲ့ချီနေပြီလား။ ဒီမေးခွန်းရဲ့အဖြေဟာ သင့်ကိုယ်သင် နားလည်သွားစေမှာ ဖြစ်သလို ခုဖြစ်နေတဲ့ အခြေအနေကိုလည်း သင်ပိုတိကျသေချာစွာ သိသွားပါလိမ့်မယ်။ ဒီအတိုင်းဆက်သွားမလားဆိုတာကတော့ သင့်အပေါ်မှာ မူတည်တာပေါ့။

၎။ခုဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကို ရေးသားပါ။

အဲ့ဒီလို ခုဖြစ်နေတဲ့ အဖြစ်အပျက်၊ အခြေအနေကို ရေုးလိုက်တဲ့အခါ ခံစားချက်က ခုနပြောထားတဲ့ ခံစားချက်မျိုးတွေနဲ့ သွားတူနေတယ်။ ဘယ်လိုအခြေအနေတွေကများ ကိုယ့်ကိုဒီလိုခံစားချက်တွေ ပေးနေပါသလဲ။ သာမာန်အခြေအနေတွေမှ ဟုတ်ရဲ့လား။

၅။ကိုယ့်ကိုယ်ကို မေးပါ၊ ဆုံးဖြတ်ချက်ချပါ။

ဒါနောက်ဆုံးအဆင့်ပါ။ ဘယ်လိုမျှော်လင့်ချက်တွေနဲ့ ဒီအခြေအနေကို ဆက်လက်ရင်ဆိုင်ဖို့၊ ရှေ့ဆက်ဖို့ လုပ်နေရသလဲဆိုတာတွေးပါ။ လူတိုင်းဟာ ပြသနာတွေတက်တိုင်း၊ အဆင်မပြေတိုင်း၊ ခံစားနာကျင်ရတိုင်း အချိန်တစ်ခုရောက်ရင်တော့ အားလုံးပြန်ကောင်းသွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှေ့ဆက်နေတတ်ကြပါတယ်။ ဒါပေမယ့် အမှန်တော့ ဒါဟာ မှားနေပါတယ်။ ဒဏ်ရာဟောင်း၊ နာကျင်စရာတွေများများလာတဲ့အခါ ပိုကောင်းတဲ့ အခြေအနေ၊ အတွေ့အကြုံတွေကို ဖန်တီးနိုင်ဖို့ ခက်သွားပါပြီ။ အခွင့်အလမ်းက တစ်ခုတည်းပါ။ သင်သာမပြောင်းလဲဘူးဆိုရင် အခြေအနေတွေကလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

ကိုယ်ကတော့ ရှိပြီးသားသံယောဇဉ်လက်ကျန်လေးနဲ့ ဒီအခြေအနေလေးကို ဆက်သွားချင်နေမိပါလိမ့်မယ်။ ဒါဟာ အလုပ်မဖြစ်တော့ဘူး၊ ပင်ပန်းလှပြီဆိုတာလည်း သင်သိပါလိမ့်မယ်။ တကယ်လို့ နောက်ထပ်အချိန်ပေးပြီး စောင့်ဦးမယ်ဆိုရင်တော့ အခြေအနေအားလုံးက အလုပ်ဖြစ် အဆင်ပြေသွားမှာလား။ တွေးဖို့လိုပါတယ်။

ဒါမှမဟုတ် ဒီအခြေအနေကို ပြောင်းလဲပစ်လိုက်မလား။ ဒါဆိုရင် သင်နာကျင်ရမယ်၊ ခက်ခဲမယ်ဆိုတာ သေချာတယ်။ ဘယ်အရာကမှတော့ မလွယ်ကူဘူး။ တစ်ခုတွေးသင့်တာက ဒီအတိုင်းဆက်နေခြင်းဟာ အချိန်ကာလကြာပြီး အကျိုးမရှိဘူးဆိုရင် နာကျင်ပြီးရှေ့ဆက်သွားလိုက်တာက ကောင်းမွန်တဲ့ရလာဒ်တစ်ခု သေသေချာချာကို ခံစားရနိုင်တယ်ဆိုတာပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top