iMyanmarHouse.com - Best Property Website for Myanmar
×














 ဆောင်းရာသီမှ နွေရာသီသို့ ပြောင်းတော့မည့်အချိန်တွင် ရာသီဥတုရောနှောနေမှုကြောင့် ချောင်းဆိုးခြင်း၊ အအေးမိခြင်းကဲ့ သို့ ကျန်းမာရေးပြဿနာများ အမြဲဖြစ်လေ့ရှိသည်။ ယင်းသို့ ဖြစ် တတ်သည့်အကြိမ်တိုင်း ဆေးဝါးများဖြင့်ကုသရန်ချည်းသာအကြံ ပြု၍မရပေ။ ဆေးဝါးများ၏
 ဘေးထွက်ဆိုးကျိုးများမှာ ဥပေက္ခာပြု ၍ မရနိုင်သောကြောင့်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများမရှိသော လွယ်ကူ ရိုးရှင်းစွာ ကုသနိုင်မည့် အိမ်သုံးနည်းလမ်းအချို့ကို ဖော်ပြပေး လိုက်ပါသည်။


ဆားအနည်းငယ်ထည့်ထားသော ရေနွေးဖြင့် ပလုတ်ကျင်း လိုက်ပါ။ လည်ပင်းနာကျင်ခြင်း ပျောက်ကင်းရန် အထောက်အကူ ဖြစ်ပါလိမ့်မည်။ကော်ဖီနှင့် လက်ဖက်ရည်ကြမ်း (သို့မဟုတ်) ရိုးရိုးရေနွေးကဲ့ သို့ ပူပူနွေးနွေး သောက်စရာများ သောက်ပေးပါ။

ရေနွေးထဲတွင် နနွင်းမှုန့်၊ ချင်းမှုန့်ထည့်ပြီး ပျားရည်တစ်ဇွန်း ထည့်သောက်ပါ။ ယင်းသို့ သောက်ပေးခြင်းကြောင့် ချောင်းဆိုးခြင်း ပျောက်ကင်းရန် အထောက်အကူပြုရုံသာမက ခန္ဓာကိုယ်ကိုက်ခဲ ခြင်း၊ အအေးမိခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ကိုလည်း သက်သာစေ သည်။

အအေးမိခြင်းသက်သာစေရန် ရေနွေးငွေ့ ရှူပေးခြင်းမှာ အ ကောင်းဆုံးနည်းလမ်းဖြစ်သည်။ ရေပူထဲသို့ ယူကလစ်ဆီထည့်ပြီး ရှူပါက အအေးမိခြင်း သက်သာ သွားပါလိမ့်မည်။

ပင်စိမ်းရွက် အနည်းငယ်နှင့် ထုခြေထားသော ချင်းစိမ်းကို ငရုတ်ကောင်းအနက်နှင့် ပေါင်းထည့်၍ သောက်ပါက ချောင်းဆိုးခြင်းနှင့် အအေးမိခြင်းများစွာ သက်သာသွားနိုင်သည်။ဆီးဖြူသီးများ စားပေးခြင်းဖြင့်လည်း ချောင်းဆိုးခြင်းနှင့် အ အေးမိခြင်းကို ကာကွယ်ရန် ကိုယ်ခံအားကောင်းမွန်လာစေမည် ဖြစ် သည်။

လည်ပင်းနာခြင်းကို ရေနွေးပလုတ်ကျင်း၍ ကုသရန်အပြင် ရေ နွေးထဲသို့ ဆားအနည်းငယ်နှင့် ထောပတ်ထည့်၍ ပလုတ်ကျင်းခြင်း ဖြင့် ချောင်းဆိုးပျောက်နိုင်ကြောင်း သိရသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top