iMyanmarHouse.com - Best Property Website for Myanmar
×














အချစ်ရေး မဖြေဘူးလို့ပြောလာတဲ့ နန်းဆုဦးက လက်ရှိမှာ ဗီဒီယိုကားရိုက်ကူးမှုတွေ ဆက်တိုက် ရှိနေခဲ့ပြီး ကိုယ့်ကိုပေးလာတဲ့ ကာရိုက်တာတိုင်းကို အကောင်းဆုံးနဲ့ အစွမ်းကုန် ကြိုးစားနေတယ် လို့ပြောလာတာကြောင့် သူမရဲ့ ဖန်တီးကြိုးစားနေတဲ့ အနုပညာ တစိတ်တဒေသအကြောင်း တီးခေါက်ကြည့်မိတဲ့အခါ သူမက “ခုရိုက်နေတဲ့ ကားလေးက ခရေဖြူတိုက်အတွက်ပေါ့နော်။ ကားနာမည်လေးက သေမင်းတမန် လမ်းပေါ်ကချစ်သူတဲ့။ မင်းသားက နေဒွေး၊ ဒါရိုက်တာက ကိုစတီးလ်ပေါ့။ ဒီဇာတ်ကားလေးက အမှတ်တရလဲ တော်တော်များတယ်။ မနေ့ကဆို ဒါရိုက်တာ ကိုစတီးလ်ရဲ့ ၇သိန်းတန် ဂိုးပရို ပျောက်တယ်။ မင်းသားက ကားဘရိတ် ပေါက်တယ်။ ရိုက်တဲ့ လိုကေးရှင်းက ခရီးထွက်နေရသလိုပဲ။ ဒီနေ့ဆို တညင် ၊ မနက်ဖန်ဆို ပဲခူးက Shwe Pyi Resort မှာ သွားရိုက်မယ်။ ပြီးရင် ရန်ကုန်နေပြည်တော် အမြန်လမ်းမှာလဲ သွားရိုက်ပါမယ်။ ပျော်ဖို့လဲ ကောင်းတယ်။ အမှတ်တရတွေလဲ များတယ်ပေါ့။ နောက်ပြီး ဒီကားလေးက Outdoor တွေ များတယ်။ အိမ်မှာ ရိုက်ရတဲ့ ဆင်းန်တွေထက်ကိုပေါ့။ အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် တခြားကားလေးတွေနဲ့တော့ နည်းနည်းလေး ရိုက်ရတာ စိတ်ကို relax ဖြစ်စေပါတယ်”တဲ့။

ကာရိုက်တာပိုင်း ရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ “သိပ်အများကြီးတော့ ရွေးလို့မရဘူး။ ခုတိုက်တွေက လာငှားတဲ့အခါ ညီမနဲ့အဆင်ပြေတဲ့ဇာတ်ဆို ရိုက်တယ်။ ခုလက်ရှိမှာ ကိုယ်က ကြိုးစားဆဲ၊ ပရိသတ်အားပေးမှုကို ဖြေးဖြေးနဲ့မှန်မှန်ယူနေရတဲ့ အချိန်ဆိုတော့ ဒီကာရိုက်တာ မရိုက်ချင်ဘူး။ ဟိုကာရိုက်တာပဲ ရိုက်ချင်တယ်ဆိုပြီး ငြင်းလို့တော့မရဘူး။ ကိုယ့်ကို လာငှားတဲ့ ဇာတ်တွေကို ကြည့်တယ်။ ကိုယ်နဲ့လိုက်ပြီး ကိုယ့်အတွက်လဲ လုပ်ကွက်ရမယ်။ ပရိသတ်တွက်လဲ တစ်ခုခုကျန်မယ်ဆိုရင်တော့ ရိုက်ဖြစ်တယ်။ သိပ်အများကြီးလဲ မရွေးဖြစ်ပါဘူး။ ဇာတ်တွေကိုတော့ မေမေနဲ့ညီမနဲ့နှစ်ယောက်စဉ်းစားပြီးတိုင်ပင်ဖြစ်တယ်။ လက်ခံဖြစ်ပါတယ်။ ဒါပြီးရင်လဲ ဗီဒီယိုတွေပဲ ဆက်ရိုက်ဖို့ရှိတယ်။ ဇာတ်လမ်းပိုင်းကိုတော့ မထပ်အောင် ညီမ ရိုက်ပါတယ်။ ခုဆို ကိုညိုနဲ့ထွက်ထားတဲ့ ငါဒီညပြန်လာမယ်ဆိုတဲ့ ကားလေး အဲ့ဒီကားလေးဆို ပရိသတ်တွေ ကြိုက်ကြတယ် လို့ပြောကြတယ်။ အဲ့လိုကြားရတော့ ၀မ်းသာတယ်။ နောက်ပြီး လရောင်နံပါတ်ခြောက်ဆိုတဲ့ အချစ်ကားလေး အဲ့ဒီကားလေးဆိုလဲ ပရိသတ်တွေ အရမ်းအားပေးကြတယ်။ လူငယ်အချစ်ဖန်စီ ကားလေးဆိုတော့လေ။ အဲ့လိုတွေပြန်ကြားရတဲ့ခါ အမောလဲပြေတယ်။ ကြိုးစားရကြိုးလဲနပ်တယ်။”လို့ သူမက ပြောပြသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top