iMyanmarHouse.com - Best Property Website for Myanmar
×











အမျိုးသမီးတွေလိုပါပဲ ၊ အမျိုးသားတွေဟာ သူတို့ရဲ့ စိတ်ထဲက ခံစားချက်တွေကို ထုတ်ဖော်ပြောပြလေ့ မရှိပါဘူး။ ဒါပေမယ့် အမျိုးသားတွေ အတွက်ကတော့ သူတို့ ဘာတွေစဉ်းစားနေတယ် ဆိုတာကို အများကြီး ပြောပြစရာ မလိုပါဘူး။ သူတို့ရဲ့ အမူအရာတွေကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ Success Signals, A Guide to Reading Body ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပြီး ခန္ဒာကိုယ် အမူအရာ ဘာသာစကားမှာ ဆရာတစ်ဆူဖြစ်တဲ့ Patti Wood ရဲ့ပြောကြားချက်အရ အမျိုးသမီးတွေအတွက် သမီးရည်းစား မဖြစ်ခင် အချိန်ကာလမှာ အမျိုးသားတွေ ရဲ့အမူအရာကို ကြည့်ပြီး သူတို့ဘာတွေစဉ်းစားနေတယ်ဆိုတာ သိနိုင်စေမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူ့ရဲ့ မျက်ခုံးတွေကို ပင့်တင်ထားရင်

လူတွေဟာ သူတို့သဘောကျတာကို တွေ့တဲ့အခါမှာ မျက်လုံးကတစ်ဆင့် သိနိုင်ပါတယ်။ အဲဒီလိုပါပဲ ၊ အမျိုးသား တစ်ယောက်က မျက်ခုံးတွေကို ပင့်တင်ထားတယ် ဆိုရင် တစ်ဖက်လူပြောသမျှ အားလုံးကို သဘောကျတယ်ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။

၂။ သူ့ရဲ့ အရှေ့သွားတွေကို ဖော်ထားရင်

အမျိုးသားတွေဟာ အသက် ၅ နှစ် အရွယ်က စတင်ပြီး ဟက်ဟက်ပက်ပက် ရယ်မောခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် အမျိုးသားတစ်ယောက်က သင့်ရှေ့မှာ သွားတွေပေါ်နေအောင် ရယ်နေတယ်ဆိုရင်တော့ သူတကယ် ပျော်နေလို့ပါ။

၃။ သူ့ရဲ့နှုတ်ခမ်းကို လျှာနဲ့သပ်နေရင်

အမျိုးသား တစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုအောက် နစ်မြောနေချိန်တွေမှာ ပါးစပ်ကနေ သွားရေတွေ ပိုထွက်တတ်ပါတယ်။ ဒါကြောင့် အမျိုးသားတစ်ယောက်ဟာ သူ့နှုတ်ခမ်းကို သူ လျှာနဲ့ သပ်နေတယ်ဆိုရင်တော့ သူဟာ တစ်ယောက်ယောက်ရဲ့ ဆွဲဆောင်မှုအောက် ရောက်နေတာ သေချာပါတယ်။

၎။ သင့်ကို မြင်တဲ့အခါမှာ သူဟာ သက်ပြင်းတွေ ချနေတယ်ဆိုရင်

အမျိုးသားတွေဟာ အောက်စီဂျင် ပိုလိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် အသက်ကိုရှုပြီး အစာအိမ်ထဲကနေ ပြန်လည် ထုတ်လိုက်တာဟာ သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ပိုမို ကြည့်ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် သူအသက်ပြင်းပြင်း ရှုနေတာဟာ သင့်ကို ဆွဲဆောင်ချင်နေတယ်လို့ပဲ မှတ်ပါ။

၅။ ခြေထောက်နှစ်ချောင်းကို ချိတ်ပြီး ထိုင်နေတယ်ဆိုရင်

အမျိုးသား တစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ကို ကျောပေးပြီး တစ်ဖက်ကို လှည့်ကာ ခြေထောက် ၂ ချောင်းကို ချိတ်ပြီး ထိုင်နေတယ်ဆိုရင်တော့ သူဟာ တစ်ဖက်လူကို စိတ်မ၀င်စားတဲ့ သဘောကို ဆောင်ပါတယ်။ တစ်ကယ်လို့ သူဟာ ခြေထောက်၂ ချောင်းကို ချိတ်ထားပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို မိန်းကလေးဘက် လှည့်ပြီး ထိုင်နေတယ်ဆိုရင်တော့ သေချာတာက သူရှက်နေတာပါ။

၆။ သင်စကားပြောနေတုန်း သင့်နားကို တစ်ဖြည်းဖြည်း တိုးလာမယ်ဆိုရင်

ဒီအမူအရာရဲ့ အဓိပ္ပာယ်လေးကတော့ ရိုးရှင်းပါတယ်။ သူဟာ သင့်ရဲ့ အနီးဆုံးကို လာချင်နေတာပါ။

၇။ သင့်ကို မျက်နှာချင်းမဆိုင်ပဲ စကားတွေပြောနေရင်

အမျိုးသားတွေဟာ မိန်းကလေး တစ်ယောက်ရဲ့ မျက်နှာကို မကြည့်ပဲ စကားတွေ ပြောနေမယ်ဆိုရင် ကိုယ်ခန္ဓာ ဘာသာစကားအရ သူ့ရဲ့ ရွေးချယ်ခွင့်တွေကို ထိန်းသိမ်းနေတဲ့ သဘောပါ။ သူဟာ ထို မိန်းကလေးကို စိတ်ဝင်စား နေပေမယ့်လည်း ၀န်မခံချင်ပဲ ရှက်နေတယ်လို့ ဆိုနိုင်ပါတယ်။

၈။ သူ့ရဲ့လည်ပင်းကို သူ့ဘာသာသူ ကိုင်ထိနေတယ်ဆိုရင်

လည်ပင်းဟာ ဆက်သွယ်ခြင်း နဲ့ အားနည်းချက်တွေကို ကိုယ်စားပြုနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေစဉ်မှာ သူ့ရဲ လည်ပင်းကို ကိုင်ထိနေမယ်ဆိုရင် ထိုအမျိုးသားဟာ မိန်းကလေးကို စိတ်ဝင်စားနေပေမယ့်လည်း ရလဒ်ကောင်းတွေ ပြန်မရမှာ ကို စိတ်ပူနေပါတယ်။

၉။ သူစကားပြောနေစဉ်မှာ သင့်လက်မောင်းတွေကို မထိတထိ လုပ်နေရင်

ဒီ အမူအရာရဲ့ အဓိပ္ပာယ်ကတော့ ပြတ်သားပါတယ်။ သူဟာ သူစကားပြောနေတာကို နားထောင်နေတဲ့ မိန်းကလေးကို အာရုံပိုစိုက်စေချင်တဲ့ သဘောပါ။ သူပြောသမျှ မိန်းကလေးကို နားထောင်စေချင်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။

၁၀။ သင့်ရဲ့ ပေါင်တွေကို ထိလိုက်ပြီး ရုတ်တရတ် လက်ကို ဖယ်လိုက်တယ်ဆိုရင်

ဒါဟာတော့ အမျိုးသားတွေရဲ့ စိတ်ဝင်စားမှု အတိုင်းအတာကို စစ်ဆေးဖို့အတွက် နည်းလမ်းတစ်ခု လည်းဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ အမျိုးသမီး တစ်ယောက်ရဲ့ ပေါင်ကို ရုတ်တရတ် ထိလိုက်ပြီး မသိချင်ယောင်ဆောင် လက်ကိုဖယ်လိုက်ကာ မျက်နှာက ပြုံးနေတယ်ဆိုရင်တော့ ထိုအမျိုးသားဟာ လိင်ကိစ္စ(Sex) ကို သာ စိတ်ဝင်စားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top