iMyanmarHouse.com - Best Property Website for Myanmar
×











အမျိုးသမီးများသည် လစာ ထုတ်ရက်တွင် ဈေးဝယ် ထွက်လေ့ ရှိသည်ဟု  ယူဆကြသော်လည်း အမျိုးသမီးများကို ဈေးဝယ် ထွက်ဖြစ်အောင် လှုံ့ဆော်နိုင်သော အချိန် တစ်ချိန် ရှိသေးကြောင်း ထပ်မံ တွေ့ရှိခဲ့ရသည်။

 အမျိုးသမီးများသည် သားဥ ကြွေချိန်တွင် ပစ္စည်းပို အ၀ယ်များကြောင်း အမျိုးသမီး (၅၀၀) ကျော်ကို လေ့လာ ဆန်းသစ်မှု အရ သိရှိရသည်။ လေ့လာမှုများ အရ အသက် (၁၈) နှစ်မှ (၄၀) အတွင်း အမျိုးသမီးများသည် သားဥ ကြွေချိန်တွင် သူတို့၏ ချစ်ခရီးကို တည်တံ့လိုစိတ် တွန်းအားကြောင့် အသုံးအဆောင် ပစ္စည်းအမျိုးစုံ ရှာဖွေ ၀ယ်ယူချင်စိတ် ရှိကြကြောင်း သိရသည်။

တံငါသည်က ပိုက်ကွန်ကို ကျယ်ကျယ်ဖြန့်ကျက် ချသကဲ့သို့ အမျိုးသမီး များသည်လည်း သားဥ ကြွေချိန်တွင် ယင်းတို့ကို ချစ်ရေး ဆိုချင်သူ အရေအတွက် များလာအောင် ဖန်တီးချင်လိုစိတ် ရှိကြောင်း သိရသည်။ ယခင် လေ့လာမှုများ အရ သားဥ ကြွေချိန်သည် ချိန်းတွေ့သည့် အလေ့အထကိုပါ အပြောင်းအလဲ ဖြစ်စေကြောင်း တွေ့ရှိခဲ့ရသည်။

 လေ့လာ တွေ့ရှိချက် အရ ရွေးချယ်စရာ များများရှိသော အမျိုးသမီးများသည် ဈေးဝယ် ပိုထွက်တတ်လေ့ ရှိကြောင်း သိရသည်။ အမျိုးသမီးများကို ချစ်သူနဲ့ လက်တွဲတော့မည့် ဆက်ဆံရေးမျိုး သို့မဟုတ် လက်ထပ် လက်စွပ် ဆင်မြန်း ရတော့မည်ဟု စိတ်ကူးယဉ် ခိုင်းကြည့်သည့် အခါ သားဥ ကြွေချိန်လောက် ဈေးဝယ်ချင်စိတ် မရှိတော့ကြောင်း သိရသည်။  အဆိုပါ တွေ့ရှိချက်သည် အရောင်းအ၀ယ် သမားများ အပေါ် ဂယက် ရိုက်ခတ်မှု ရှိကြောင်း သိရသည်။

ကုမ္ပဏီ အနေဖြင့် သုံးစွဲသူ ရွေးချယ်ရာတွင် ပစ္စည်း အမျိုးစုံပြီး ထူးခြား ဆန်းပြားသည်ဟု ခံစားလာရအောင် ဆွဲဆောင်မှုများ ပြုလုပ် ရောင်းချဖို့ လိုလာသည်။ လူမှုစံနှုန်း၊ ကုန်ကျစရိတ်နှင့် ကုန်ပစ္စည်း၏ အကျိုး ကျေးဇူးတို့က အမျိုးမျိုးသော ရွေးချယ်မှုများကို ရှာဖွေလိုသည့် သားဥ ကြွေချိန်၏ အကျိုးဆက်ကို လွှမ်းမိုးနိုင်စွမ်း ရှိမရှိ ဆက်လက် လေ့လာရန် လိုအပ်ကြောင်း သိရှိရသည်။ 

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top