iMyanmarHouse.com - Best Property Website for Myanmar
×










မေး။ ။ကျောရိုးအဆစ်တွေ တစ်ဆစ်ပြီး တစ်ဆစ်နာနေပါတယ်။ သက်သာအောင် ဘယ်လိုလုပ် မလဲ..

ဖြေ။ ။ ကျောရိုးနာနေတာ ရက်သတ္တပတ် ၆ ပတ် ကျော်နေပြီလား။ ကျော်လဲကျော်ပြီ တစ်ဆစ်ပြီးတစ်ဆစ်လည်း နာနေပြီဆိုရင်တော့ အရိုးအထူးကုနဲ့တွေ့ပြီး အနည်းဆုံး ဓာတ်မှန်လောက်တော့ ရိုက်ကြည့်တာ အကောင်းဆုံးဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အတွင်းထဲက ပြဿနာအကြောင်းအရင်းမသိသေးပဲ
လေ့ကျင့်ခန်းလုပ်တာတွေကို အကြံမပေးချင်သေးလို့ပဲဖြစ်ပါတယ်။ တခါတရံမှာ ပိုးဆိုးသွားစေနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်များကို ပြုလုပ်နိုင်ပါတယ် သို့သော် အခြားအသုံးဝင်သောနည်းလမ်းများလည်း ရှိနိုင်ပါသေးတယ်။

၁။ နာကျင်မှုခံစားနေရတဲ့ရက်တွေမှာ ပြင်းထန်တဲ့လှုပ်ရှားမူတွေ၊ အလေးအပင်မခြင်းတို့ကို ခဏတာ နားထားပါ။ ခါးထဲမှာဖြစ်ပေါ်နေတဲ့ ကြွက်သားရောင်ရန်းခြင်းကို သက်သာစေလို့ နာကျင်မှုလည်းသက်သာမှာဖြစ်ပါတယ်။

၂။ ရေခဲကပ်ခြင်းဟာ အနာဖြစ်ဖြစ်ပြီးခြင်း

၂၄ နာရီမှ ၇၂ နာရီအတွင်း ပြုလုပ်ရန် အကောင်းဆုံးဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ရေနွေး (အနွေးဓာတ်) ကပ်ပေးနိုင်ပါတယ်။ ရေခဲသုံးသည်ဖြစ်စေ ရေနွေးကပ်သည်ဖြစ်စေ မိနစ် ၂၀ ထက် ပိုမကပ်ရပါ…အရေပြားအားအနားပေးရန် နှင့် မလောင်စေရန်ဖြစ်သည်။

၃။ နာကျင်မှုသက်သာလျင်သက်သာခြင်း

ပုံမှန်လုပ်နေကျအလုပ်များကို ဖြေးဖြေးခြင်းပြန်လည်စတင် ပြုလုပ်ပါ။ နာကျင်မှုလုံးဝမရှိတော့မှသာ ရေးကူးခြင်း၊လမ်းလျောက်ခြင်း၊ စက်ဘီးစီးခြင်း စသော လေ့ကျင့်ခန်းများကို ပြန်လည်ပြုလုပ်ပါ။ နာကျင်စေတဲ့ လှုပ်ရှားမှုတွေကို ရှောင်ရှားပြီး တက်တက်ကြွကြွလှုပ်လှုပ်ရှားရှား နေနိုင်ပါတယ်။

၎။ ခါးကို အမြဲတမ်း မတ်မတ်ထားပါ။

ခါးကိုအထောက်အကူပေးတဲ့ ခါးပတ်များလည်း ၀တ်ဆင်ပါတယ်။

၅။ ဆေးဆိုင်တွေမှာ ရနိုင်တဲ့ အကိုက်အခဲပျောက်ဆေးများ သောက်လို့ရပါတယ်။ သို့သော် သောက်သုံးသင့်သော ပမာဏထက် မလွန်ကဲစေရန် သတိပြုပါ။ အစာအိမ်ထိုက်ခိုက်ရန် လွယ်ကူပါသည်။

အထက်ပါအချက်များဟာ သက်သာစေရန်သာဖြစ်ပြီး အခြေခံအကြောင်းအရင်း ပြဿနာကို ကုသပေးရန် မဟုတ်ပါ။ မသက်သာပါက ဆရာဝန်နှင့်တွေ့ပါ။ နိုင်ငံကျော်ဖြစ်ရန်မလို အရိုးအထူးကုဖြစ်ရန်သာ လိုပါသည်။ ခါးရိုးအထူးကုဆိုရင်ပိုကောင်းပါတယ်။

မှတ်ချက်။ ။ စာရေးသူသည် ဆရာဝန်တစ်ယောက် မဟုတ်ပါ။ သူနာပြုတစ်ယောက်ဖြစ်လို့ သူနာပြုတစ်ယောက်၏ လုပ်ပိုင်ခွင့်နယ်ပယ်အတွင်း၌သာ ကိုးကားရေးသား ဖေါ်ပြထားခြင်းဖြစ်ပါတယ်။

Credit : သင့်အတွက်ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top