iMyanmarHouse.com - Best Property Website for Myanmar
×














ထိုင်းနှင့် ဖက်စပ်ရိုက်ကူးမည့် အချစ်အက်ရှင်ရုပ်ရှင် ဇာတ်ကားကို ပထမဆုံးရုပ်ရှင် ကားအဖြစ် သရုပ်ဆောင် ရွှေသမီးပါဝင်မည်ဟု သတင်းရရှိသည်။

ထိုင်းနိုင်ငံမှ ဒါရိုက်တာက ရိုက်ကူးမည်ဖြစ်ပြီး ထိုင်းမင်းသမီး နှင့်အတူ မြန်မာသရုပ်ဆောင် ပြေတီဦးလည်း ပါဝင်မည် ဖြစ်သည်။

၎င်း၏ ပထမဆုံးရုပ်ရှင်ကား အဖြစ် ထိုင်းနိုင်ငံနှင့် ဖက်စပ်ရိုက် ကူးခွင့်ရသည့်အတွက် အလွန် စိတ်လှုပ်ရှားနေကြောင်း ရွှေသမီး က ပြောသည်။

‘‘ဒီကားမှာ သရုပ်ဆောင်ဖြစ် တာက ကိုပြေတီဦးကနေ ဆက် သွယ်လာတာပါ။ ကာရိုက်တာကတော့ ကိုပြေတီရဲ့ ညီမနေရာက နေ သရုပ်ဆောင်ရမှာပါ။ ညီမက ထိုင်းမှာ သွားရိုက်မယ့် အခန်းမပါ ဘူး။ ညီမပါတဲ့ အခန်းတွေက ဒီမှာပဲ ရိုက်သွားမှာပါ’’ဟု ဇာတ်ကား နှင့် ပတ်သက်၍ ရွှေသမီးက ရှင်းပြသည်။ လက်ရှိတွင် မည်သည့်ရိုက် ကူးရေးမှ မရှိသေးဘဲ ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက်အထိ ယင်းရုပ်ရှင် ဇာတ်ကား ရိုက်ကူးရမည်ဖြစ်ပြီး နောက်ပိုင်းမှစ၍ ၎င်းတို့ အနု ပညာပျိုးခင်း (၂) မှ သရုပ်ဆောင် သုံးဦးနှင့်အတူ သရုပ်ဆောင် ခန့် စည်သူ၊ နေတိုးတို့နှင့် ဗီဒီယိုဇာတ် ကားများ ရိုက်ကူးမည်ဟု ဆိုသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top