iMyanmarHouse.com - Best Property Website for Myanmar
×











သင်ဟာ စမတ်ကျတဲ့ အမျိုးသမီးတစ်ဦးပါ။ ကိုယ့်အားကိုယ်ကိုးတယ်။ ကြိုးကြိုးစားစား နေထိုင်တတ်သူ၊ ဒါပေမယ့် အရမ်းချစ်တတ်တဲ့သူ ဖြစ်ကောင်းဖြစ်မယ်။ တကယ်လို့ သင့်ချစ်သူကောင်လေးက သင့်အပေါ် ဒီလိုအချက်တွေ ပြုမူလေ့ရှိတယ်ဆိုရင်တော့ ဘ၀ကို တစ်ယောက်တည်းသာ ရဲရဲဝံ့ဝံ့ဖြတ်သန်းလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ခုဖော်ပြပေးမယ့်အချက်တွေကို ပြုမူတတ်တဲ့ အမျိုးသားတွေကြောင့် ပျော်ရွှင်ရတဲ့ ချစ်သူရည်းစားဆိုတာ ခပ်ရှားရှားမို့လို့ပါပဲ။

၁။ကိုယ့်နာမည်ကို ဘယ်တော့မှမသုံးဘူး။ ခေါ်လည်း မခေါ်ဘူး။
ချစ်၊ သဲ၊ ဘေဘီ စတာတွေကို ကိုယ့်ချစ်သူက ကိုယ့်ကို အမြဲသုံးတာ၊ ခေါ်တာ ဘာမှမဖြစ်ဘူးလို့ ထင်တယ်ဟုတ်။ ဒါပေမယ့် စတွေ့ကတည်းက သင့်နာမည်ကို ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးဘူး။ သင့်အတွက် သီးသန့်သူပေးချင်တဲ့ နာမည်လည်း မရှိဘူး။ ဒါ့အပြင် ခုန ချစ်၊ သဲ၊ ဘေဘီတွေကိုလည်း ပါးစပ်ထဲ တွေ့ကရာခေါ်တတ်တယ်ဆိုရင် နည်းနည်းတော့ စဉ်းစားကြည့်ပေါ့။ အထူးသဖြင့် သင်နဲ့ text လုပ်တဲ့အခါတွေမှာတောင် သင့်အတွက် သူစဉ်းစားထားတဲ့ ထူးခြားတဲ့ နာမည်ဆိုတာ မရှိဘူး။

၂။လုပ်ချင်ရာ လုပ်တတ်ပြီး ကိုယ့်ကိုအလေးမထားဘူး။
ဒီတစ်ပတ်စနေနေ့ သင့်ကို သူ့မိသားစုနဲ့ပေးတွေ့မယ်၊ ဒါမှမဟုတ် သူ့သူငယ်ချင်းမင်္ဂလာဆောင် ခေါ်သွားမယ် ပြောထားပြီး စနေမနက်ရောက်ရော သူဘာပြောထားသလဲတောင် မမှတ်မိတော့ဘူး။ ဒီတော့ အကောင်းဘက်ကတွေးရင်တော့ သူက စိတ်ရှုပ်တတ်တဲ့လူမျိုးမို့လို့ပေါ့လေ။ အဆိုးဘက်က တွေးရင် သင့်ကိုသူက မျှော်လင့်ချက်ပေးပြီး သူတစ်ခုခုကြောင့် ပေါ်မလာရင်တောင် အဆင်ပြေစေချင်တဲ့သဘောပါ။ ကြာရင် သင်ခံစားလာရမယ့် ကိစ္စတွေ ကြုံလာနိုင်ပါတယ်။

၃။သူ့ဖုန်းကို ပေးမထိဘူး၊ ကိုယ်နဲ့မရှိတဲ့အချိန်ဆိုရင် ဖုန်းအားမရှိလို့ ဖုန်းပိတ်နေတာများတယ်။
သင်လည်း ပညာတတ်တာပဲ။ ဒါ့အပြင် သင့်စိတ်ထဲ ဒါဖြစ်နိုင်လား၊ မဖြစ်နိုင်လား ခံစားကြည့်နိုင်တဲ့ အခြေအနေလည်း ရှိနိုင်တာပဲလေ။ ဒီတော့ သူ့အပြုအမူကိုလည်း လေ့လာကြည့်ရတော့မှာပေါ့။ ခုလိုအဖြစ်မျိုးဟာ မူမှန်တဲ့ အခြေအနေ တော့ မဟုတ်ပါဘူး။

၎။သူဟာ အရင်တုန်းကလည်း ရှုပ်ပွေတယ်ဆိုပြီး သတင်းထွက်ဖူးတယ်။
သူဟာ အရင်ကဘယ်လောက်ရှုပ်ရှုပ်၊ ကိုယ်နဲ့ကျ ခြေငြိမ်သွားတယ်ဆိုတာမျိုး သင်ယုံကြည်တာ အမှားမဟုတ်ပါဘူး။ ဒါပေမယ့် နည်းနည်းစောင့်ကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အရမ်းယုံပြီး ပုံအပ်ရင် သင့်စိတ်ဆင်းရဲရတဲ့ အခြေအနေ ကြုံရနိုင်လို့ပါ။

၅။မိန်းမတွေ မကောင်းကြောင်း အမြဲပြောနေတတ်တယ်။
သင့်ချစ်သူက မိန်းမတွေက ဘယ်လိုအသုံးမကျဘူးဆိုတာမျိုတွေချည်း အမြဲပြောတတ်သလို သူနဲ့ထိုက်တန်တဲ့ အမျိုးသမီးမျိုး မဆုံခဲ့ဖူးဘူးဆိုတာမျိုး ပြောတယ်ဆိုရင်တော့ သူနဲ့ ခပ်ဝေးဝေးသာ နေပေတော့။

၆။သူ လိမ်ညာတာတွေကို ခဏခဏ ပြန်သိရတယ်။
သင့်ကို မနာကျင်စေတဲ့ မုသားမဟုတ်ပဲ တကယ့်ပြသနာ၊ ကိစ္စရပ်အကြီးကြီးတွေကို လိမ်ညာထားတယ်ဆိုတာမျိုး တစ်ကြိမ်၊ နှစ်ကြိမ်မက သင်သိရပြီဆိုရင်တော့ မြန်မြန်သာ ဒိုးခိုင်းလိုက်ပါတော့။

၇။သူ့သူငယ်ချင်းတွေနဲ့ တစ်ခါမှ မဆုံဖူးသေးဘူး။
သူ့ သူငယ်ချင်းတွေ ဘယ်လိုဆိုတာ တစ်ခါမှ မမြင်ဘူးသလို ဆုံတွေ့ဖို့လည်း သူက ဘယ်တော့မှ စီစဉ်ပေးလေ့မရှိဘူးဆိုရင် ဒါဟာ သံသယဖြစ်စရာအချက်ပဲ မဟုတ်လား။

၈။တစ်ခုခုဆိုရင် ကိုယ့်ကိုချိန်းထားတာကိုသာ ဖျက်ပြီး အခြားကိစ္စတွေကို အရေးပေးတတ်တယ်။
သူငယ်ချင်းတွေနဲ့ပဲ ချိန်းချိန်း၊ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ မိသားစုရေးရာကြောင့်ပဲ ဖြစ်နေဖြစ်နေ ကိုယ့်ကို ဒုတိယနေရာထားပြီး ကျန်တာတွေကိုသာ အရေးပေးလုပ်ဆောင်တတ်တယ်ဆိုရင် ကိုယ့်အခြေအနေကိုယ်သိလိုက်ပါတော့။

၉။ကိုယ့်အခြေအနေက လမ်းကြုံလို့ ၀င်တွေ့ခံရတဲ့ အခြေအနေဖြစ်မှန်းမသိ ဖြစ်နေတယ်။
ကိုယ့်ချစ်သူနဲ့ အတူတ လျှောက်လည်ရတာမျိုးလည်း မရှိ၊ ရုပ်ရှင်သွားကြည့်တာမျိုးတွေလည်း မရှိ၊ ပန်းခြံသွားရတာ ဘာဆိုဘာမှမရှိပဲ ညဘက် သူကဆိုင်တစ်ဆိုင်မှာ ခဏလာတွေ့တာမျိုး၊ အိမ်ရှေ့ခဏလာတွေ့တာမျိုးဟာ သင့်ကို လမ်းကြုံလို့ ၀င်နှုတ်ဆက်တဲ့သဘော သာသာလိုက်ပါပဲ။

၁၀။ကိုယ့်ကိုဆို မိုက်မိုက်ရိုင်းရိုင်းစကားလုံးတွေနဲ့ အမြဲစနောက်နေတတ်တယ်။
သူနဲ့တွေ့ချိန်တိုင်း၊ chat ကြချိန်တိုင်း ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ တစ်ခြားမိန်းကလေးကိစ္စတွေ ပြောတာမျိုးပဲဖြစ်ဖြစ် ၊ လိင်ကိစ္စတွေ ပြောပြီး စသလို နောက်သလို အမြဲသွေးတိုးစမ်းတတ်တယ်ဆိုရင် သင်စဉ်းစားဖို့ လိုလာပါပြီ။

၁၁။သင့်သူငယ်ချင်းတွေအားလုံးက သင့်အတွက် စိတ်ပူနေကြတယ်။
အချစ်က ဘာဆိုဘာမှ မမြင်အောင် သင့်ကိုဖမ်းစားထားလိုက်လို့ သင်ကသာ ဘာမှမသိတာပါ။ ဘေးပတ်ဝန်းကျင်ကလူတွေ၊ သင့်သူငယ်ချင်းတွေကတော့ သင့်ကောင်လေး အချိုးမပြေတာ သိကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့သင့်အတွက် စိတ်ပူနေကြတာပါ။

၁၂။သင်တို့နှစ်ယောက်အတွက် ရှေ့ရေးဆိုတဲ့အရာ အမြဲပျောက်ကွယ်နေမယ်။
သင့်အတွက် သူစီစဉ်ထားတဲ့ အနာဂတ်ရေးရာ ဘာမှမရှိပါဘူး။ မေးလိုက်ရင်လည်း အီရောအီရောနဲ့ ပြီးသွားပါလိမ့်မယ်။

၁၃။သင်အလိုလို သိရှိခံစားနေရတာတွေ ရှိနေပါတယ်။
သင်နဲ့ရှိနေတဲ့အချိန်၊ စကားပြောနေချိန်လေးတွေဆိုရင်တော့ အိုကေနေတာပဲ။ သူနဲ့ နှစ်ယောက်အတူလည်း မရှိတော့ရော အချိုးက ပြောင်းသွားတာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးတွေ ကြုံလာရရင် ဆုံးဖြတ်ချက်တစ်ခုခုကို အမြန်ချဖို့ လိုပါပြီ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top