iMyanmarHouse.com - Best Property Website for Myanmar
×










New Disc တက္ကသိုလ် ထိုင်ဝမ် မှ ဒေါက်တာ ထရန်ဟာ လတ်ဆတ် သန့်ရှင်းတဲ့ အသီးအနှံတွေကို အဓိကထားပြီး စားသုံးဖို့တိုက်တွန်းလိုက်ပါတယ်။ ကင်ဆာရောဂါသည်တွေအနေနဲ့ ဗိုက်ထဲမှာ ဘာအစာမှ မရှိပဲ အသီးအနှံတွေစားခြင်း အစားစားပြီး ရေနွေးသောက်ခြင်း စတဲ့အပြုအမူတွေကို ပြုလုပ်ပေးပါက ကင်ဆာကြောင့် သေဆုံးမှုနှုန်းကို လျော့နဲသွားစေပါတယ်တဲ့။

ဒေါက်တာ ထရန်ဟာ ဓာတ်ရောင်ခြည်သုံးပြီး ဆေးထိုးဆေးသောက်လုပ်နေတဲ့ ကင်ဆာရောဂါသည်တွေနဲ့ သူအသစ်တွေ့ရှိလိုက်တဲ့ နည်းဖြစ်တဲ့ အစာအိမ်ထဲ အစာမရှိခင် အသီးအနှံတွေစားသုံးပေးပြီး အစာစားပြီးတဲ့အခါ ရေနွေးသောက်သုံးပေးတဲ့ ရောဂါသည်တွေဆိုပြီး အုပ်စု နှစ်စုခွဲလေ့လာလိုက်ပါတယ်။ ဓာတ်ရောင်ခြည်သုံးကုသတဲ့လူနာတွေဟာ ဆေးကုသမှုအောင်မြင်ပြီး အသက်ဆက်ရှင်နိုင်ရင်တောင် အနည်းငယ်သော လူနာများသာ ၅ နှစ်နှင့်အထက် အသက်ရှင်ကြပြီး များသောအားဖြင့် ၂ နှစ်မှ ၃နှစ်အတွင်းသာ အသက်ရှင်ခွင့်ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဒုတိယအုပ်စုမှ ရောဂါသည်တွေကတော့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်သွားကြပါတယ်။
လတ်ဆတ်သန့်ရှင်းတဲ့ အသီးအနှံများကို စားပေးပါ။

လတ်ဆတ်တဲ့အသီးအနှံတွေကိုစားပါဆိုတာနဲ့ အသီးအနှံတွေကို ဒီအတိုင်းကိုက်စားရုံလောက် မရိုးရှင်းပါဘူး။ ထမင်းစားပြီး အချိုတည်းဖို့အတွက် အသီးတွေကိုစားကြတာ မှန်ကန်တဲ့အလေ့အထမဟုတ်ပါဘူး။

ပေါင်မုန့်နှစ်ချပ်စားပြီးမှ အသီးစားကြတယ်ဆိုပါစို့။ အစာအိမ်ထဲမှာ ပေါင်မုန့်ရောက်နျှင့်ပြီးဖြစ်တဲ့အတွက် အစာအိမ်ဟာ အစာချက်နေပါပြီ။ ဒီအခါမှာ အစာချက်တဲ့အတွက် အစာခြေရည်တွေနဲ့အတူ အက်ဆစ်ဓာတ်အချို့ပါ ထုတ်လွှတ်ပြီးနေပါပြီ။ အဲ့ဒီအခါမှာ ကိုယ်က အသီးစားလိုက်မယ်ဆို အသီးထဲမှာ ပါတဲ့အကျိုးရှိတဲ့ အဟာရတွေဟာ အစာအိမ်ကထုတ်လွှတ်လိုက်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ ပေါင်းစပ်သွားပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဟာရဓာတ်တွေပျက်ပြယ်သွားနိုင်ပါတယ်။

အစာမစားခင် အသီးအနှံစားခြင်း
အစာစားပြီးမှ အသီးအနှံတွေစားတဲ့အခါ အစာချေဖျက်မှုနှုန်း လျော့ကျသွားနိုင်ပြီး အစာမကြေဖြစ်နိုင်ပါတယ်။ ရင်ပြည့် ရင်ကယ်ဖြစ်တတ်တဲ့ အသီးမျိုးကို စားမိသွားရင်တော့ အိပ်မပျော်ခြင်း နေထိုင်မကောင်းဖြစ်ခြင်းတို့ပါဖြစ်လာနိုင်ပါတယ်။

အစာအိမ်ထဲမှာ ဘာအစာမှမရှိပဲ အသီးအနှံတွေစားမယ်ဆိုရင်တော့ အသီးအနှံမှရတဲ့ သက်စောင့် အဟာရဓာတ်တွေကို အစာအိမ်မှ အပြည့်အဝစုပ်ယူနိုင်တဲ့အပြင် အစာလည်းခံတာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းဖို့လည်း အထောက်အကူပြုစေပါတယ်။ အချို့တွေက အသီးစားရမှာထက် အသီးဖျော်ရည်သောက်ရတာပိုကြိုက်ကြပါတယ်။ ဒါပေမယ့် သစ်သီးဖျော်ရည်ကို မသောက်သုံးပေးသင့်ပါဘူး။ သစ်သီးကို ဖျော်စက်ထဲထည့်မွှေလိုက်တာနဲ့ အသီးထဲမှာပါဝင်တဲ့အာဟာရဓာတ်အချို့ ပျက်ပြယ်သွားပြီး လိုအပ်တဲ့ သက်စောင့်ဓာတ်ပမာဏကို မရရှိနိုင်တော့ပါဘူး။

ကီဝီ
ကီဝီသီးတစ်လုံးဟာ လိမ္မော်သီးထက်သေးငယ်ပေမယ့် သူ့ရဲ့ အဟာရသတ္တိတွေဖြစ်တဲ့ ပိုတက်စီယမ် မဂ္ဂနီဆီယမ် ဗီတာမင်အီး ဗီတာမင်စီ နဲ့ အမျှင်ဓာတ်ကတော့ လိမ္မော်သီးထက် ၂ဆပါဝင်ပါတယ်တဲ့။

ပန်းသီး
ဗီတာမင် စီ ကြွယ်ဝတဲ့ ပန်းသီးဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ချပေးတဲ့ အပြင် အခြား အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် တစ်နေ့တစ်လုံး ပုံမှန်စားသုံးပေးမယ်ဆိုရင်တော့ ဆေးရုံ ဆေးခန်းဆိုတာ မေ့တောင် မေ့နေနိုင်ပါတယ်တဲ့။

စတော်ဘယ်ရီ

စတော်ဘယ်ရီဟာ ဓာတ်တိုးဆန့်ကျင်ဓာတ်ပစ္စည်းကြွယ်ဝတာကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးပြီး သွေးခဲခြင်းမဖြစ်အောင်လည်း တားဆီးပေးပါသေးတယ်။ ဒါ့အပြင် အခြားကောင်းကျိုးများစွာလည်းပေးနိုင်တဲ့အတွက် ကျန်းမာရေးရဲ့ သက်တော်စောင့်လို့တင်စားခေါ်ဝေါ်ကြသလို သစ်သီးတွေရဲ့ဘုရင်လို့ တင်စားကြပါသေးတယ်။

လိမ္မော်သီး
လိမ္မော်သီးဟာ ဖျာနာခြင်းမဖြစ်အောင် ကာကွယ်ပေးပြီး ကိုလက်စရောပါဝင်မှုနှုန်းကိုလည်းလျော့ချပေးတဲ့အပြင် ကျောက်ကပ်တွင်ကျောက်တည်ခြင်း အူမကြီးကင်ဆာဖြစ်နိုင်ခြေနှုန်းကိုလည်းလျော့ချပေးပါတယ်။ တစ်နေ့ကို လိမ္မော်သီး ၂လုံးမှ၎လုံးအထိစားပေးဖို့လိုအပ်ပါတယ်။

ဖရဲသီး
ရေဓာတ် ၉၅ရာခိုင်နှုန်းပါဝင်တဲ့ ဖရဲသီးဟာ ရောဂါပိုးတွေကို ခုခံပေးနိုင်တဲ့ ကိုယ်ခံစွမ်းအားစန်စကိုမြှင့်တင်ပေးပြီး lycopene ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင် စီ နဲ့ ပိုတက်စီယမ်တို့ကြွယ်ဝစွာပါဝင်တာကြောင့် နေ့တိုင်းစားသုံးပေးဖို့လိုအပ်ပါတယ်။

ဖရဲသီးနဲ့ မာလကာသီး

ဗီတာမင်စီနဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဒီအသီးနှစ်မျိုးဟာ မျက်လုံးတွေအတွက်လည်း အကျိုးပြုစေတာမို့ ပုံမှန်စားသုံးပေးဖို့လိုအပ်ပါတယ်။

ထမင်းစားပြီး ရေခဲရေသောက်တဲ့အလေ့အထဟာ ကင်ဆာဖြစ်ဖို့တွန်းအားပေးတာကြောင့် အစာစားပြီးတိုင်း ရိုးရိုးရေ သို့မဟုတ် ရေနွေးသောက်သုံးပေးပါ။ ရေခဲရေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာရှိနေတဲ့ အစာနဲ့အဆီတွေကို အစိုင်အခဲအဖြစ်ပြောင်းလဲပြီး အစာအိမ်ထဲက ထုတ်လွှတ်လိုက်တဲ့ အက်ဆစ်ဓာတ်နဲ့ ဓာတ်ပြုပြီး ကင်ဆာဖြစ်စေတာကြောင့် အထူးရှောင်ရှားဖို့လိုပါတယ်

Credit : Herbal Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top