iMyanmarHouse.com - Best Property Website for Myanmar
×











မနက်မိုးလင်းတိုင်း  အိမ်မွေးတိရိစ္ဆာန်လေးတွေကို ကြိုးဆွဲပြီး လမ်းလျောက်ထွက်နေကြတဲ့သူတွေ ကို အမြဲလိုလို တွေ့မိကြတာတွေ ရှိမှာပါ။ အိမ်တွေထဲမှာ၊ ခြံတွေထဲမှာ ၊ ပန်းခြံတွေထဲမှာ  ချစ်စရာ ခွေးကလေးတွေ ၊ကြောင်လေးတွေ နဲ့ ပြေးတမ်းလိုက်တမ်း ပျော်မြူးကစားနေကြတာလည်း ရှိပါတယ်။ဒါဟာ အိမ်မွေးတိရိစ္ဆာန်လေးတွေအပေါ် မှာ ချစ်ခင်ကြင်နာတတ်ကြသူတွေရဲ့ သ ဘာဝဘဲဖြစ်ပါတယ်။ ဒီလို တိရိစ္ဆာန်လေးတွေကို ချစ်တတ်ကြသူများဟာ သူတို့ ရဲ့ ခွေးလေး ၊ကြောင်လေးတွေအပေါ်မှာ သံယောဇဉ်ကြီး တတ်ကြသလို သူတို့ ပြောင်းရွေ့ရာ အရပ်ဒေသကိုလည်း မပါမဖြစ် အရခေါ်သွားလေ့ရှိကြပါတယ်။ ဒါပေမယ့် ပြည်တွင်း က ပြည်ပကို ခေါ်သွားလိုတဲ့အခါမှာတော့  လုပ်ဆောင်စရာတစ်ချို့ကို မဖြစ်မနေလုပ်ဆောင်ကြရတာရှိပါတယ်။

ပြည်ပကနေပြီး ပြည်တွင်း ကို ယူလာချင်တဲ့အခါ

 (၁) ခွေးကလေး အား ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ထိုးထားပြီး ဖြစ်ကြောင်း ကျန်းမာရေးထောက်ခံချက်နဲ့ ခရီးသွားလာခွင့် အထောက်အထား တို့ကိုယူဆောင်လာရပါမယ.်။ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို နေထိုင်ခဲ့တဲ့နိုင်ငံ က  မထွက်ခွာခင် အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်ပြီးထိုးထားဖို့လိုပါတယ်။

(၂) မိမိစီးရမယ့် လေယာဉ်ရဲ့ ခရီးစဉ် အခြေအနေ ကို လေ့လာသိရှိထားဖို့လိုပါတယ်။ လေကြောင်းလိုင်းတွေဟာ တိုက်ရိုက်ပျံသန်းမှုခရီးစဉ် ဖြစ်ရင် အိမ်မွေးတိရိစ္ဆာန်လေးတွေကို ခရီးဆောင်အိတ်တွေထဲမှာ ထည့်ပြီး သယ်ဆောင်ခွင့်ပြုကြပါတယ်။ တကယ်လို့ တိုက်ရိုက် ခရီးစဉ်မဟုတ်ဘဲ ခရီးစဉ် အကူးအပြောင်းတွေ ပါတဲ့အခါ ခွေးလေး၊ကြောင်လေးတွေ ကို အိတ်တွေထဲက  ထုတ်ပြီး အစာကျွေးခြင်း ၊ ရေတိုက်ခြင်း၊ ပြန်လည်စစ်ဆေးတို့ကိုခွင့်ပြု အချိန်ပေးပါတယ်။Cargo လေကြောင်းလိုင်းလိုမျိုးတွေကတော့ အိမ်မွေးတိရိစ္ဆာန်တွေကို တင်ပို့ရာမှာ ဈေးကြီးပါတယ်။

(၃) ရန်ကုန်လေဆိပ်တွင် တိရိစ္ဆာန် များ အား စစ်ဆေးတဲ့ ကောင်တာ ကဆိုက်ရောက်နယ်မြေ ရဲ့ဘယ်ဘက်ခြမ်းတွင်ရှိပါတယ်။

ပြည်တွင်း ကနေပြီး  ပြည်ပ ကို ခေါ်သွားချင်တဲ့အခါ

(၁) သွားရောက်မယ့် နိုင်ငံရဲ့ အစိုးရပိုင်ဓာတ်ခွဲခန်းသို့ အနည်းဆုံး ၃ လကြိုတင်ပြီး ခွေးကလေးရဲ့ သွေးနမူနာကိုပို့ပေးထားဖို့လိုပါတယ်။ဒါဟာ ၎င်းနိုင်ငံကို ရောက်သွားတဲ့အခါ သီးသန့်စမ်းသပ်ချိန်ကာလအတွင်း ဖြစ်နိုင်ခြေအန္တရာယ်ကို လျော့ချနိုင်ဖို့ဖြစ်ပါတယ်။

(၂) တိရိစ္ဆာန်မွေးမြူရေး နဲ့ ကာကွယ်ကုသရေးဌာန က လိုအပ်လာတဲ့အခါ  ပေးဆောင်နိုင်ဖို့ မိမိတို့ရဲ့ခွေးကလေးကို အနည်းဆုံး ဓာတ်ပုံ ၃ပုံ ၄ ပုံလောက် ရိုက်ထားရပါမယ်။

(၃) ဓာတ်ခွဲခန်း က စစ်ဆေးပြီးတဲ့ အချက်အလက်တွေကို တင်ပို့မှုအထောက်အထားအတွက် စုဆောင်းထားရပါမယ်။ အနီးအနားဝန်းကျင် က တိရိစ္ဆာန်ဆရာဝန် တစ်ယောက်ရဲ့ ကျန်းမာရေးထောက်ခံချက်ဟာလည်း ခွေးကလေး ဒါမဟုတ် ကြောင်ကလေး အတွက် သွားလာဖို့ အထောက်အထားအတွက် အဆင်ပြေစေပါတယ်။

(၄) ပတ်ဝန်းကျင် စိမ်း မှာ ကျင့်သားဖြစ်နေရန်ခွေးလေးအား ခွေးလှောင်အိမ် ထဲ မှာ တစ်ရက်ကိုနာရီအနည်းငယ်ကြာထည့်ပြီးလေ့ကျင့်ထားခြင်းဖြင့် လေဆိပ်ကိုရောက်တဲ့အခါ အဆင်ပြေမှု ဖြစ်စေပါတယ်။

(၅) မိမိရဲ့ခွေးကလေး ငြိမ်ငြိမ်သက်သက် ခရီးသွားနိုင်ဖိုးအတွက်လေကြောင်းလိုင်းတွေကို အသေအချာ လေ့လာထားဖို့လိုပါတယ်။ တကယ်လို့ခွေးကလေး က ရုန်းရင်းဆန်ခတ်လုပ်လာရင်  လေဆိပ်ဆရာဝန်  က ငြိမ်သွားအောင်ပြုလုပ်ပေးပါလိမ့်မယ်။ဒါ့အပြင် ခွေးကလေးရဲ့ကိုယ်အလေးချိန် က လေဆိပ်မှာခန့်မှန်းတွက်ချက်တဲ့အခါ  လွဲချော်နိုင်တာကြောင့် မိမိခွေးရဲ့ကိုယ်အလေးချိန် ကို အသေအချာသိထားဖိုးလိုပါတယ်။တကယ်လို့ခွေးကလေး ဟာအလွန်ငြိမ်ကျနေခဲ့ရင် ခရီးစဉ်အကူးအပြောင်းအတွင်း လေဆိပ် ရဲ့ထိန်းသိမ်းစောင့်ရှောက်ရေးဌာန က ခေါ်ယူစစ်ဆေးမှုပြုလုပ်ပေးကြပါလိမ့်မယ်။

Credit : Yangon Life Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top