iMyanmarHouse.com - Best Property Website for Myanmar
×














အကြောင်းအရင်း (၁)
အပူချိန်ကျ ဆင်းခြင်းဟာ အအေးဒဏ်ကို ခံစားရသည် သာမက အချို့လူများတွင် နာကျင်မှုကိုပါ ဖြစ် ပေါ်စေပါတယ်။ ဆောင်းတွင်းမှာ မေးရိုး နာကျင်ခြင်းကို ခံစားရရင် ပထမဦးဆုံး ပြုလုပ်သင့်တာက သွား ဆေးခန်းသွားပြီး သွားပိုးစား၊အပေါက် တွေရှိနေလား စစ်ဆေးဖို့ပါ။ ဒါပေ မယ့် ရာသီဥတုဟာ လူ့ခန္ဓာကိုယ် အပေါ် မျှော်လင့်မထားတဲ့ နည်းလမ်း များဖြင့် သက်ရောက်မှုပေးနိုင်ပါတယ်။

အကြောင်းအရင်း (၂)
သုတေသီများက အပူချိန်ကျ ဆင်းခြင်းနှင့်အတူ ဖြစ်ပေါ်တတ်တဲ့ လေထုဖိအား အပြောင်းအလဲဟာ ခန္ဓာကိုယ်ထဲမှာ ပူစီဖောင်းလေးများ ဖြစ်စေပြီး အာရုံကြောနာဗ်များအပေါ် တွင် ဖိအားသက်ရောက်မှုဖြစ်စေကာ နာကျင်မှုကို ခံစားရစေပါတယ်။

အကြောင်းအရင်း (၃)
အရွယ်ရောက်ပြီး အမျိုးသမီး များတွင် Temporomandibular အမျက်ကျန်းမာရေးပြဿနာ အဖြစ် များပါတယ်။ ရောဂါလက္ခဏာ များမှာ နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာဝါးလျှင် နာကျင်ခြင်း၊ ပါးစပ် ဖွင့်ရန် ခက်ခဲခြင်း၊ အဆစ်အမျက် များ အသံမြည်ခြင်းတို့ ဖြစ်ပါတယ်။

အကြောင်းအရင်း (၄)
အေးသောရာသီတွင် ချမ်းတုန် ခြင်းဟာ မေးရိုးရှိကြွက်သား များကို ကျုံ့၊ ဆန့်မှု ဖြစ်စေတာမို့ ရလဒ် အနေနဲ့ နာကျင်ခြင်းကို ခံစားရပါ လိမ့်မယ်။ သင့်ရဲ့အခြေအနေပေါ်မူတည် ပြီး ဘာကြောင့် နာကျင်မှုကို ခံစားရ သလဲ ဆိုတာကို ဆုံးဖြတ်ဖို့ ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးပါ။

Credit : HEALTH DIGEST

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top