iMyanmarHouse.com - Best Property Website for Myanmar
×










သင့်ချစ်သူဟာ လိမ်ညာတတ်တဲ့သူလား။ ကိုယ်သူ့ကို မခန့်မှန်းနိုင်သေးတဲ့အချိန် ဘေးလူတွေ ပြန်ပြောမှ သိလိုက်ရတာမျိုးတွေ ကြုံဖူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်လေးတွေ ဖတ်ကြည့်ထားလိုက်မယ်ဆိုရင်တော့ သင့်ချစ်သူဟာ လိမ်ညာတတ်တဲ့သူ ဟုတ်မဟုတ်ဆိုတာ အနည်းအကျဉ်း ခန့်မှန်းနိုင်သွားမှာပါ။

၁။သူတို့တွေဟာ ကိုယ်နဲ့ မတွေ့ခင် အတိတ်မှာတုန်းကလည်း လိမ်ညာခဲ့ဖူးကြပါတယ်။
အတိတ်မှာတုန်းက လိမ်ညာဖူးသူတွေဟာ နောက်ထပ်လိမ်ညာဖို့အတွက်လည်း သိပ်ဝန်မလေးကြပါဘူးလို့ Alabama တောင်းပိုင်း တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ကိုယ်နဲ့မတွေ့ခင်တုန်းက လိမ်ညာဖူးတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ကိုလည်း အနည်းဆုံး သုံး၊လေးခါလောက် လိမ်ညာဖူးကောင်း လိမ်ညာဖူးနိုင်ပါတယ်။ ဒီတော့ အဲ့ဒီလူတွေကို နောက်ထပ် အခွင့်အရေးမပေးရတော့ဘူးလို့ မေးစရာရှိပါတယ်။ ဒုတိယအကြိမ် အခွင့်အရေးပေးနိုင်ပါတယ်။ ဒါပေမယ့် ထပ်ခါထပ်ခါတော့ မယုံကြည်သင့်၊ အခွင့်အရေး မပေးသင့်ပါဘူး။

၂။သူတို့တွေဟာ တည်ငြိမ်ပြီး ကြင်နာတတ်တဲ့ပုံဖြစ်အောင် နေကြတယ်။
ကိုယ့်ချစ်သူဟာ တည်တည်ငြိမ်ငြိမ်လေးမို့ လိမ်ညာတတ်တဲ့သူ မဟုတ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီလို လူမျိုးတွေဟာ ကြင်နာတတ်တဲ့ပုံစံလည်း ဖမ်းတတ်ကြပါသေးတယ်။ ဒါပေမယ့် ဒါကို ဘယ်လိုခွဲခြားမလဲဆိုပြီး စိတ်ပူစရာမလိုပါဘူး။ သူလိမ်ညာတာ၊ မညာတာကို သင့်ရဲ့မသိစိတ်က ခံစားနိုင်ပါတယ်။ စိတ်ထဲမှာ တစ်မျိုးဖြစ်နေမယ်။ ဘာအထောက်အထားမှ မရှိပေမယ့် မယုံသင်္ကာဖြစ်တာမျိုးတွေ ရှိလာလိမ့်မယ်။ နောက်တစ်ခုက စိတ်ထဲမှာ ယုံသလိုလို မယုံသလိုလို ခံစားနေရမယ်ဆိုရင် အဲ့ဒါကိုအခြေခံပြီး မှန်းကြည့်လိုက်ပါ။ ပြောချင်တာက တစ်ခါတစ်လေ လူတစ်ယောက်ကို ခန့်မှန်းနိုင်ဖို့ နောက်ခံသတင်းအချက်အလက်တွေ မလိုပါဘူး။ သင့်စိတ်ကိုက အလိုလိုသိနေတာမျိုးပါ။

၃။သူတို့တွေရဲ့ လက်သန်းကြွယ်ဟာ လက်ညှိုးထက် ပိုရှည်နေတတ်ကြပါတယ်။
Oxford တက္ကသိုလ်ရဲ့လေ့လာတွေ့ရှိချက်အရ လိမ်ညာတတ်သူတွေရဲ့ လက်သန်းကြွယ်ဟာ လက်ညှိုးထက် ပိုရှည်တတ်ကြတယ်လို့ ဆိုပါတယ်။

၎။လိမ်ညာတတ်တဲ့သူတွေဟာ များသောအားဖြင့် အမျိုးသားတွေသာ ဖြစ်တယ်။
ဒါကို သိပ်တော့ မမျှတဘူးလို့ ဆိုဖွယ်ရာရှိပါတယ်။ ဒါပေမယ့် Oxford ရဲ့ တွေ့ရှိချက်အရတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ကို ပိုလိမ်ညာတတ်ကြတယ်လို့ ဆိုပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ အမျိုးသားတွေရဲ့ ၇၇ရာခိုင်နှုန်းဟာ လိမ်တတ်ကြသလို အမျိုးသမီးတွေရဲ့ ၄၇ရာခိုင်နှုန်းလောက်ကလည်း လိမ်ညာတတ်ကြပါတယ်တဲ့။

၅။သူတို့ရဲ့ ဖခင်တွေကလည်း လိမ်ညာတတ်သူတွေ ဖြစ်ကြတယ်။
ကိုယ့်လက်တွဲဖော်ဟာ လိမ်တတ်ညာတတ်တယ်ဆိုရင် သူ့ရဲ့မျိုးရိုးဗီဇကို တစ်ချက်ကြည့်ဖို့ လိုပါပြီ။ များသောအားဖြင့်တော့ အဖေက လိမ်ညာတတ်တဲ့သူဆိုရင် သူတို့ရဲ့ သား၊ သမီးတွေကလည်း လိမ်ညာတတ်လေ့ရှိပါတတ်တယ်။ ဒါကို မျိုးဆက်နဲ့ပတ်သက်ဆက်နွယ်မှုလို့ ဆိုရပါတယ်။ ဒီတော့ မိသားစုတစ်ခုရဲ့ နောက်ခံအကြောင်းအရာသမိုင်းကလည်း အရေးကြီးလာပြီပေါ့။

၆။သူတို့တွေ ကိုယ်မသိအောင်ခိုးတွဲတဲ့သူဟာ ကိုယ့်လောက်မှမချော၊ မလှတဲ့သူတွေကိုသာ ဖြစ်တတ်ကြတယ်။
ခုလိုပြောလိုက်လို့ သိပ်စိတ်ပူစရာ မလိုဘူးလို့တော့ မတွေးလိုက်ပါနဲ့။ အလိမ်ခံလိုက်ရရင်တော့ ကိုယ့်ထက် ချောချော၊ မချောချော ဆိုတာမျိုးထက် ငါ့အပြင် နောက်တစ်ယောက်ဆိုတာကိုသာ ခေါင်းထဲပိုရောက်ကြပါတယ်။ ဒီအချက်ကို Victoria Milan ဆိုက်ကနေ ဖော်ပြထားတာဖြစ်ပြီး လိမ်ညာတတ်တဲ့သူတွေဟာ သူတို့ရည်းစားမသိအောင် ခိုးတွဲလိုက်ပြီဆိုရင် သူတို့ရည်းစားတွေလောက် မချောတဲ့၊ မလှတဲ့သူတွေနဲ့ များတယ်လို့ ဆိုပါတယ်။ ဆိုလိုချင်တာက သူတို့တွေဟာ သူတို့မြင်မြင်သမျှ မိုက်ပါတယ် ဆိုတဲ့လူတွေနောက်ကိုတော့ လိုက်လေ့မရှိဘူးဆိုတာပါပဲ။

၇။သူတို့ဟာ ဒေါသဖြစ်လွယ်ကြတယ်၊ လိုတာထက် ပိုသ၀န်တိုတတ်ကြတယ်။
စိတ်ပညာလေ့လာသုံးသပ်ချက်အရတော့ သင့်ချစ်သူဟာ ဒေါသထွက်တာမြန်မယ်၊ ဘာမဟုတ်တာလေးကို သ၀န်တိုနေပြီဆိုရင်တော့ သူတို့ဟာ လိမ်ညာတတ်သူတွေ ဖြစ်ဖို့ အလားအလာများနေပြီဆိုတာပါပဲ။

၈။သူတို့ရဲ့ သူငယ်ချင်းတွေဟာလည်း လိမ်ညာတတ်သူတွေ ဖြစ်တာများတယ်။
ခုနပြောလိုက်တဲ့ လိမ်ညာတတ်တဲ့ အမျိုးသား ၇၇ရာခိုင်နှုန်းရဲ့ သူငယ်ချင်းတွေဟာလည်း လိမ်ညာတတ်သူတွေ ဖြစ်တာများတယ်။ ဒီအချက်ကို ရှာဖွေတွေ့ရှိဖော်ပြထားတာကတော့ The Truth About Cheating စာရေးဆရာ M.Gary Newman ပဲဖြစ်ပါတယ်။ သူတို့တွေရဲ့ သူငယ်ချင်းအားလုံးဟာ လိမ်ညာတတ်သူတွေ အကုန်လုံး မဟုတ်ဘူးဆိုရင်တောင် သူတို့သူငယ်ချင်းတွေရဲ့ ခုလိုပြုမူလုပ်ဆောင်နေတာတွေကို အပြစ်လို့ မထင်ကြပါဘူး။ မလုပ်ဖို့လည်း တားဆီးတာမျိုး မရှိကြပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top