iMyanmarHouse.com - Best Property Website for Myanmar
×











၁။ ပိုးကောင် ကိုက်တာကို သက်သာစေပါတယ်။
 နွေ၊ မိုး၊ ဆောင်း သုံးရာသီ ပတ်လုံး အုန်းဆီက ပိုးကောင်ကိုက်တဲ့ ယားနာ အဖုအပိန့်တွေကို သက်သာစေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အုန်းဆီမှာ ပိုးမွှားတွေကို သေစေတဲ့ ဓာတ်ပါလို့ ဖြစ်ပါတယ်။ အုန်းဆီက အန္တရာယ်ရှိတဲ့ ပိုးမွှားတွေနဲ့ ဘတ်တီး ရီးယားတွေကို ဖယ်ရှားပေးပြီး အနာကိုလည်း အကျက် မြန်စေပါတယ်။ နာကျင်ခြင်း၊ ယားယံခြင်း တို့ကိုလည်း သက်သာစေပါတယ်။

၂။ နားကိုက်ခြင်းနှင့် ဆီးလမ်းကြောင်း ရောဂါတစ်ချို့ကိုလည်း ကာကွယ် ပေးပါတယ်။
အဖြစ် များတတ်တဲ့ နားနဲ့ ပတ်သက်တဲ့ ကူးစက် ပိုးမွှားတွေရန်မှ ကာကွယ် ပေးပါတယ်။ နားထဲကို အုန်းဆီ ထည့်ခြင်းက သာမန် နားကိုက်တာကို ပျောက်ကင်း စေပါတယ်။ ထိုမျှသာမက  ဆီးလမ်းကြောင်း တစ်လျှေက် ဖြစ်တတ်တဲ့ ရောဂါပိုး မွှားတွေကိုလည်း ဖယ်ရှား ပေးပါတယ်။ ကုသနည်း ကတော့ အုန်းရည် သောက်ခြင်းနှင့်  အစား အစာထဲကို အုန်းဆီ တစ်စက် နှစ်စက် ထည့်စားသုံးခြင်းတို့ ဖြစ်ပါတယ်။

၃။ အသားပပ်တာကို ကုသပေးပါတယ်။
 ကြမ်းရှရှ ခြေဖနောင့်၊ ကြမ်းရှရှ လက်ဖ၀ါး၊ ခြောက်သွေ့တဲ့ အသားအရေတို့ကို အပြီးပိုင် နှုတ်ဆက် လိုက်ပါတော့၊ အုန်းဆီက အသက်အရွယ် မရွေးသုံးလို့ရတဲ့ လိုးရှင်းတစ်မျိုး ဖြစ်ပါတယ်။

၎။ ချေးချွတ် ပေးပါတယ်။
အုန်းဆီက အရေပြားကို သဘာဝအတိုင်း နူးနူးညံ့ညံ့ အန္တရာယ် ကင်းကင်းနဲ့ ချေးချွတ်ပေးတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ အုန်းဆီကို လိမ်းပေးခြင်းဖြင့် အရေပြားပေါ်က ဆဲလ်အသေတွေကို သဘာဝအတိုင်း ဖယ်ရှားပစ်ပါတယ်။ အဓိကအားဖြင့် အရေပြား အစိုဓာတ်ကို ထိန်းပေးပြီး အရေတွန့်တာကို လျှော့ချပေးပါတယ်။ ၀က်ခြံကိုတောင်မှ ပျောက်ကင်းစေပါတယ်။

၅။ သဘာဝ ဆံပင်ပျော့ဆေး တစ်ခု ဖြစ်ပါတယ်။
 နေ့စဉ် ဆံပင်ပျော့ဆေး အဖြစ် သုံးနိုင်ပြီး ခြောက်သွေ့သော ဆံသားကို လိမ်းထားနိုင်ပါတယ်။ အကုန်အကျလည်း သက်သာတာပေါ့။

၆။ အရေပြားက အနာတွေကို ကုသပေးပါတယ်။
 အုန်းဆီက နာကျင်မှုကို သက်သာစေပြီး အနာကျက်စေတဲ့ ဓာတ်ရှိပါတယ်။ အစားအစာ ဓာတ်မတည့်မှုနှင့် အရေပြား ပြည်တည်နာတွေကို ကုသပေးပါတယ်။

၇။ အာဟာရရှိတဲ့ အချိုပွဲ၏ ပါဝင် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
ကွတ်ကီးတွေ၊ ရေခဲမုန့်တွေမှာ အုန်းဆီ ပါဝင်ခြင်းက အာဟာရ ပိုဖြစ်စေပြီး အစာ ချေဖျက်မှုစနစ်ကို ပိုကောင်းမွန် စေပါတယ်။ အုန်းဆီကို ရေခဲမုန့်မှာဆမ်းပြီး စားနိုင်ပါတယ်။ အုန်းဆီက သာမန် အပူချိန်မှာ အရည် ဖြစ်ပေမယ့်လည်း ရေခဲမုန့်ပေါ် လောင်းချတဲ့ အခါမှာ ချက်ချင်း မာကျော သွားပါတယ်။

၈။ သွားနဲ့၊ သွားဖုံးတွေကို ပိုကျန်းမာစေပါတယ်။
အုန်းဆီကို စားသုံးခြင်းက ကလေး၊ လူကြီးမရွေး သွားကျန်းမာရေးကို ပိုကောင်းစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ သွားကျန်းမာရေးကို သာမက သွားဖုံး ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ ဒါကြောင့် တစ်ချို့ သဘာဝ သွားတိုက် ဆေးတွေမှာ အုန်းဆီကို ထည့်သွင်း ကြပါတယ်။ တချို့လူတွေက အုန်းဆီနဲ့တောင် အာလုတ် ကျင်းကြပါတယ်။

၉။ ဖျားနာခြင်းကို ကာကွယ် ပေးပါတယ်။
 အုန်းဆီက ရာသီဖျား၊ တုပ်ကွေးနဲ့ သာမန် အအေးမိ ကူးစက်ဖျားနာခြင်းတို့မှ ကာကွယ် ပေးပါတယ်။ ဒါကြောင့် နေ့စဉ်စားတဲ့ အစားအစာမှာ အုန်းဆီ ထည့်တာပဲ ဖြစ်ဖြစ်၊ လိမ္မော်ရည်ထဲ ထည့်သောက်တာပဲ ဖြစ်ဖြစ်၊ စွပ်ပြုတ်ထဲ ထည့်သောက်တာပဲ ဖြစ်ဖြစ် စားသုံးပေးတာက ဖျားနာတုပ်ကွေးကို တိုက်ထုတ်ပေးပါတယ်။

၁၀။ ဗောက်ပျောက်စေပါတယ်။
 ခေါင်းမလျှော်ခင် ဦးရေပြားမှာ အုန်းဆီလိမ်းပြီး နှိပ်နယ်ပါ။ ထို့နောက် ရေဆေးချပါ။ ဗောက်ကို ကင်းစင်စေပါတယ်။

Credit : messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top