iMyanmarHouse.com - Best Property Website for Myanmar
×














လက်ရှိမှာ ဂီတစာဆိုလွှမ်းပိုင်အခွေကို အမ်တီဗီရိုက်ကူးနေပြီး တစ်ဖက်ကလဲ ဖျော်ဖြေရေးတွေနဲ့ ခရီးတွေ ဆက်တိုက်ထွက်နေရတာမို့ မကြာခင်မှာ ကျရောက်တော့မဲ့ ချစ်သူများနေ့နဲ့ပတ်သတ်ပြီး လွှမ်းပိုင်ရဲ့စိတ်ခံစားချက်အချို့ကို အခုလို မေးမြန်းဖြစ်တဲ့ခါ “ချစ်သူများနေ့က ရှိုးပွဲရှိတယ်။ အပြင်က လူနေမှုဘ၀မှာတော့ ဘာမှမရှိပါဘူး။ ဘာလက်ဆောင်မှလဲ မစီစဉ်ထားပါဘူး။ အချစ်ရေးကတော့ အေးဆေးပါပဲ။ ချစ်သူများနေ့ကတော့ အားလုံးအတွက် သတ်မှတ်ထားတဲ့နေ့ပေါ့။ အဲ့ဒီနေ့မှတော့ ကိုယ့်ချစ်သူကို Surprise လေးတွေ လုပ်ကြပေါ့။ လုပ်တဲ့သူရော၊ လုပ်ခံရတဲ့သူရော ပျော်ဖို့ ကောင်းကြမှာပါ။ ကျွန်တော်ကတော့ မလုပ်ဖူးပါဘူး။ ဒီနှစ်ချစ်သူများနေ့ကတော့ facebook မှာပိုပြီး Surprise တွေ ပိုများမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ပိုခေတ်မှီလာတာကိုး။ ကိုယ်ကိုယ်တိုင်ကတော့ ဘာမှလုပ်ပေးဖို့မရှိပါဘူး”တဲ့။

ဂီတစာဆိုအမ်တီဗီနဲ့ပတ်သတ်ပြီးတော့ သူပြောသွားတာက “သီချင်း ၆ ပုဒ်လောက်တော့ ရိုက်ပြီးသွားပါပြီ။ နောက်ထပ် ၁၀ပုဒ် ကျန်သေးတယ်။ ကျွန်တော်နှစ်ပိုင်းစာ ခွဲထုတ်မယ်ဆိုရင်တော့ ၂ပုဒ်လောက် ထပ်ရိုက်ပြီးရင် ထုတ်လို့ရပြီ။ အစီအစဉ်ကတော့ ရှိတယ်။ မသေချာသေးဘူး။ ဘာလုပ်ရမှန်းလဲ မသိသေးဘူး။ လုပ်တာကတော့ အရမ်းလုပ်ချင်တယ်။ စိုးရိမ်တာက ဘာလဲဆိုတော့ ပထမဆုံး စဖောက်တဲ့လူလဲ ဖြစ်နေတယ်။ ပြီးတော့ ကွိုင်တက်သွားမလားပေါ့။ ကိုယ့်အခွေကို ပြန်သတ်သလိုများ ဖြစ်သွားမလားပေါ့။ နောက်တစ်ချက်က ပရိသတ်တွေ ကိုယ့်ကို ရိုက်စားလုပ်တယ် လို့ထင်မှာလဲစိုးတယ်။ စိုးရိမ်စရာက များနေတော့ ဘယ်အပုဒ်ကို ဘယ်မှာထားပြီး ထုတ်ရမှန်းလဲ မသိဘူး။ ဥပမာ ပရိသတ်တွေသဘောကျတဲ့ ကိုကိုနဲ့ဗိုလ်နေတိုးကို တစ်ခွေတည်းထဲလိုက်ရင် နောက်ခွေအတွက် အားနည်းသွားမလားပေါ့။

ခုချိန်ထိကတော့ စဉ်းစားနေတုန်းပါပဲ။ ဗိုလ်နေတိုးရိုက်ဖို့ တွက် ကျွန်တော်ကိုနေတိုးကို ပြောထားပါတယ်။ သူကလဲ ကူညီပေးမယ်လို့ ပြောပါတယ်။ အဲ့တော့ကျွန်တော်ကတော့ ဒီသီချင်းကို အမ်တီဗီရောသီချင်းရောက အစပ်ဖြစ်သွားနိုင်တော့ ဗိုလ်နေတိုးက ပထမအခွေမှာပါတဲ့ ဗိုလ်နေတိုး၊ ဗိုလ်နေတိုးကို ဖိုက်မဲ့သူက နောက်အခွေမှာပါမယ်။ အဲလိုတော့ စဉ်းစားထားတယ်။ ဒီမှာတော့ ကိုနေတိုးပေါ့။ အမ်တီဗီရဲ့အဆုံးမှာတော့ သူ့ကို ဖိုက်ဖို့ နောက်တစ်ယောက် ထွက်လာမယ်ပေါ့။ ဒါရိုက်တာကတော့ ကိုဝင်းလွင်ထက်နဲ့ရိုက်မှာပါ။ ခုလက်ရှိမှာ ထက်ထက်အခွေထဲမှာ သီချင်းသုံးပုဒ်ရေးပေးထားပါတယ်။ တစ်ပုဒ်ကတော့ အိမ်ထောင်ရှင် စိတ်ကူးတဲ့။ အဲ့ဒါလေးကိုတော့ အားလုံးကို နားထောင်စေချင်ပါတယ်။ အဲ့ဒီသီချင်းလေးကို ရှေးခေတ်မိုနို စတိုင်လေးနဲ့ရေးပေးထားပါတယ်”လို့သူက ပြောပြခဲ့ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top