iMyanmarHouse.com - Best Property Website for Myanmar
×














တောင်ကိုရီးယားမိန်းကလေးအဆိုရှင်များအဖွဲ့ miss A မှ အဖွဲ့ဝင်ဆူဇီသည် ၎င်း၏ခွင့်ပြုချက်မရှိဘဲ ကြေညာများတွင် ၎င်း၏ အမည်နှင့် ရုပ်ပုံကို အသုံးပြုခဲ့သည့် အွန်လိုင်းရှော့ပင်းမောတစ်ခုကို တရားစွဲဆိုရာ ရှုံးနိမ့်ခဲ့သည်။

‘‘ဆိုးလ်ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်ရပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို အယူခံဝင်မယ်၊ မဝင်ဘူးဆိုတာကို မနက်ဖြန်ကျရင် ရှေ့နေနဲ့တိုင် ပင်ပြီး ဆုံးဖြတ်သွားပါမယ်’’ဟု ဆူဇီ၏ အေဂျင်စီ JYP Entertainment က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားသည်။

အင်တာနက်ရှော့ပင်းမော Aသည် ၂၀၁၁ စက်တင်ဘာမှ ၂၀၁၄ ဖေဖော်ဝါရီအထိ ဆူဇီ ဦးထုပ်များကို ရောင်းချခဲ့သည်။ ယင်းဦးထုပ်ကြော်ငြာများတွင် ဆူဇီ ၏ ဓာတ်ပုံများကို အသုံးပြုထားခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဆူဇီက ၎င်း၏ ခွင့်ပြုချက်မရှိဘဲ ၎င်း၏ အမည် နှင့် ရုပ်ပုံများကို အသုံးပြုခဲ့သည့် ရှော့ပင်းမောအား ကြော်ငြာအခွင့် အရေးချိုးဖောက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဆိုးလ်ဗဟိုတရား ရုံးက ယင်းကြော်ငြာများကြောင့် ဆူဇီတွင် ဘဏ္ဍာရေးအရ ထိခိုက်ဆုံးရှုံးမှုများရှိသည်ဟူသော သက် သေအထောက်အထားမရှိသောကြောင့် ဆူဇီ၏ နစ်နာကြေးတောင်းဆိုမှုကို ပယ်ချကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ကြေညာခဲ့သည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top