iMyanmarHouse.com - Best Property Website for Myanmar
×










 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ဂျန်းဒုံဂန်သည် နှစ်ပေါင်း ၂၀ ခန့်ကြာပြီးနောက် တက္ကသိုလ်ပြန်တက်ရန် ဆုံးဖြတ် လိုက်သည်ဟု တောင်ကိုရီးယား မီဒီယာတစ်ခုဖြစ်သော Sports Kyunghyang က ဖော်ပြသည်။

အသက်(၄၃)နှစ်အရွယ်ရှိ ဂျန်းဒုံဂန်သည် ၁၉၉၄ တွင် ကိုရီး ယားအမျိုးသားအနုပညာတက္က သိုလ်သို့ တက်ရောက်ခဲ့သော် လည်း ဘွဲ့မရမီ ကျောင်းထွက်ခဲ့ သည်။

၎င်းသည် ကျောင်းထွက်ပြီး ၂၁ နှစ်ခန့်အကြာတွင် တက္ကသိုလ်ပြန်တက်ရန် ဆုံးဖြတ်လိုက်သည်။ ကေဒရာမာစတား ဂျန်းဒုံဂန်သည် ဆိုးလ်ဆိုက်ဘာတက္ကသိုလ်၌ ၂၀၁၅ နွေဦးရာသီ ပညာသင်နှစ် ၏ နှစ်ဝက်စာသင်ကာလအတန်း တက်ရောက်ရန် စာရင်းသွင်း လိုက်သည်။ ယင်းတက္ကသိုလ်၌ စီးပွားရေးနှင့် အနုပညာတို့ အပြန်အလှန်အကျိုးပြုပုံကို လေ့လာ မည်ဖြစ်ကြောင်း ဂျန်းဒုံဂန်နှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တစ် ခုက ဆိုသည်။

ဆိုးလ်ဆိုက်ဘာ တက္ကသိုလ် သည်   ကျောင်းသားများအား အွန်လိုင်းမှတစ်ဆင့် ပညာသင်ယူ ခွင့်ပြုထားသောကြောင့်   ရိုက် ကူးရေးများဖြင့် မအားလပ်သော ဂျန်းဒုံဂန်အနေဖြင့် ကျောင်းသို့ သီးသန့်သွားရန်မလိုဘဲ    အွန် လိုင်းမှတစ်ဆင့် ပညာသင်ယူနိုင် မည်ဖြစ်သည်။

ဂျန်းဒုံဂန်သည် ၂၀၁၄ တွင် ထွက်ရှိသော No Tears for the Dead ရုပ်ရှင်ဇာတ်ကားပြီးနောက် ရိုက်ကူးရေးများ နားထားသည်ဟု သိရသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top