iMyanmarHouse.com - Best Property Website for Myanmar
×










အစားရှောင်စားရုံသက်သက်ဖြင့် ကိုယ်အလေးချိန်လျှော့ချရန်ကြိုး စားပါက ခန္ဓာကိုယ်မှအဆီများ အလွယ်တကူလောင်ကျွမ်းနိုင်ခြင်းမရှိသဖြင့် လှပပြီးအဆီမရှိသော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရန် အစာငတ် ခံစရာမလိုပေ။ခန္ဓာကိုယ်အဆီများလောင်ကျွမ်းမှုကို အရှိန်မြှင့်တင်ရန် အစား အစာကုန်အောင်စားလေ့ရှိခြင်းကိုလျှော့ပြီး လမ်းလျှောက်သည့် အလေ့အထကို ပို၍အာရုံစိုက်ပါ။

ကိုယ်လက်လှုပ်ရှားမှုနည်းပါးပြီး ကိုယ်အလေးချိန်ပိုနေသော အရွယ်ရောက်ပြီးသူများကို ကိုယ်အလေးချိန်လျော့ကျစေရန်နည်း လမ်းသုံးခုဖြင့် သုတေသီများက ကြိုးစားခိုင်းခဲ့သည်။ သုတေသီများ က လူတချို့ကို လမ်းလျှောက်ခြင်းအများစုပါဝင်သော လေ့ကျင့်ခန်း သက်သက်လုပ်ခိုင်းပြီးနောက် လူတချို့ကို အစားရှောင်စားခိုင်းကာ နောက်ဆုံးလူတစ်စုကို လေ့ကျင့်ခန်းနှင့် ဓာတ်စာတွဲ၍ ကိုယ်အလေး  ချိန်လျှော့ချခိုင်းခဲ့သည်။ အဖြေမှာ စားသောက်ပုံကိုသာ အလေး ထားသူများထက် လမ်းလျှောက်သူများက အဆီအလွယ်တကူလျှော့ ချနိုင်ကြောင်း သိရသည်။

တစ်နေ့လျှင် မိနစ် ၃၀ မျှလမ်းလျှောက်ပေးခြင်းဖြင့် ရောဂါ များဖြစ်ပွားမှုနှင့် စိတ်ဖိစီးမှုတို့ကို ပို၍ကာကွယ်ပေးနိုင်သည်။ ထို့ အပြင် အဆီပိုများကို လောင်ကျွမ်းစေပြီး အခြားကျန်းမာရေးအကျိုး ကျေးဇူးများစွာရရှိနိုင်မည်ဖြစ်သည်။

ကျန်းမာရေးနှင့်မညီသော အစားအသောက်စားလိုသောဆန္ဒ ကိုထိန်းချုပ်ပါ။ ဥပမာ သကြားလုံးများစားလိုပါက အထုပ်ကြီးကြီး အစား အထုပ်သေးသေးကိုသာစားပါ။ မကြာမီက လေ့လာမှုများအရ အစားအစာထုပ်ပိုးမှုသေးငယ်နေခြင်းက အစာများစွာစား လိုမှုကို ပြောင်းလဲနိုင်ကြောင်း သိရသည်။

ကိုယ်အလေးချိန်ပိုများလာခြင်းနှင့်ပတ်သက်၍ မစိုးရိမ်သူများ မှာ မုန့်ပဲသရေစာအထုပ်သေးများထက် အထုပ်ကြီးများ ပို၍စားလေ့ ရှိကြကြောင်း သိရသည်။

ထို့ကြောင့် ရွေးချယ်စားသောက်မည့်အစားအစာပမာဏကို ထိန်းချုပ်ပြီးမှစားပါ။ ယင်းကဲ့သို့ အစာစားသောက်ပုံအလေ့အထကို အလေ့အကျင့်ဖြစ်အောင်လုပ်ပြီး လေ့ကျင့်ခန်းလုပ်ပါက ပိုနေသော ကိုယ်အလေးချိန်များ လွယ်ကူစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top