iMyanmarHouse.com - Best Property Website for Myanmar
×










ဟာလိဝုဒ် စူပါစတားဂျွန်နီဒပ်နှင့် သရုပ် ဆောင်မင်းသမီး အမ်ဘာဟာ့ဒ် တို့သည် ဖေဖော်ဝါရီ ၃ ရက်တွင် လော့စ်အန်ဂျလိစ်မြို့ရှိ ဂျွန်နီဒပ် ၏ နေအိမ်၌ တိတ်တဆိတ်လက် ထပ်ခဲ့ကြသည်ဟု အမေရိကန်မီဒီ ယာများက ဖော်ပြသည်။

ဂျွန်နီဒပ်နှင့် အမ်ဘာဟာ့ဒ် တို့သည် ယခုသီတင်းပတ်ကုန် တွင် ဘာဟားမားစ်နိုင်ငံရှိ ဂျွန်နီ ဒပ်ပိုင်ဆိုင်သောကျွန်း၌ မင်္ဂလာပွဲ ကြီးတစ်ပွဲကျင်းပရန် စီစဉ်ထား သည်ဟု သတင်းရင်းမြစ်တစ်ခု ကို ကိုးကား၍ People မဂ္ဂဇင်းက ဖော်ပြသည်။

ဂျွန်နီဒပ်သည် ၁၉၈၃ မှ ၁၉၈၆ အထိ မိတ်ကပ်ပညာရှင် လိုရီအန်းအယ်လစ်ဆန်နှင့် တရား ဝင်အကြင်လင်မယားအဖြစ် နေ ထိုင်ခဲ့သည်။ ဂျွန်နီဒပ်သည် အယ် လီဆန်နှင့် ကွာရှင်းပြီး နောက်ပိုင်း ကျော်ကြားသော အမျိုးသမီးများ စွာနှင့် ချစ်ကြိုက်နေထိုင်ခဲ့သော် လည်း တရားဝင်လက်ထပ်ခဲ့ခြင်း မရှိပေ။

 ဂျွန်နီဒပ်တွင် (၁၄) နှစ်ကြာအတူနေချစ်သူ ပြင်သစ်သရုပ် ဆောင်မင်းသမီး ဗန်နက်ဆာပါရာ ဒစ်နှင့် ရရှိခဲ့သည့် ဆယ်ကျော် သက်အရွယ် သားသမီးနှစ်ဦးရှိ သည်။ဂျွန်နီဒပ်သည် ၎င်းထက် အသက် (၂၃)နှစ်ငယ်သော အမ် ဘာဟာ့ဒ်နှင့် ၂၀၁၁ တွင် The Rum Diary ရုပ်ရှင်ဇာတ်ကား၌ ပူးတွဲသရုပ်ဆောင်စဉ် စတင်တွေ့ ဆုံခဲ့ပြီး ၂၀၁၂ မှစ၍ လူသိရှင် ကြား ချိန်းတွေ့ခဲ့ကြသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top