iMyanmarHouse.com - Best Property Website for Myanmar
×














နဂိုဆံပင်သားနဲ့ လှပတဲ့ လူရှိသလို့ ဆံပင်အရောင်တင်ကာမှ ပိုလှတဲ့သူ ရှိပါတယ်။ မွေးရာပါ ဆံပင်သား အရောင်အသွေး မွဲတဲ့သူက အရောင်တင်မှ လှပပါလိမ့်မယ်..

၁။ ဆံပင်အရောင် မဆိုးခင် နှစ်ရက် ကြိုပြီး ပေါင်တင်ထားရမယ်

အိမ်မှာ ဖြစ်ဖြစ် ဆိုင်မှာဖြစ်ဖြစ် ဆံပင်ဆိုးမယ်လို့ စိတ်ကူးထားရင် မဆိုးခင် နှစ်ရက်အလိုမှာ ပေါင်းတင်ပေးတာက ဆံပင်သား ကျန်းမာခြင်း၊ ဆေးသားကျန်ခြင်း နဲ့ ဆံသားကို ထဲထဲဝင်ဝင် အားဖြည့် ပေးနိုင်ပါတယ်။

၂။ ရေပူ ရေနွေးနဲ့ ခေါင်းလျှော်ခြင်းကို ရှောင်ပါ။

ရေနွေးနဲ့ ရေချိုးရင် အသားခြောက်သွေ့သွားသလို့ပဲ ရေနွေးနဲ့ ခေါင်းလျှော်လိုက်တာဟာ အရောင်တင်ထားတဲ့ ဆံသားအရောင်တွေ ကျသွားပါလိမ့်မယ်။

၃။ ရေကူးတတ်တဲ့ အပြုအမူမျိုး လုပ်သူဟာ ဆံပင်ကို ကန်ရေနဲ့ မထိတွေ့အောင် ထားပါ။

ဆံပင်ကို ကလိုရင်းထည့်ထားတဲ့ ရေကူးကန်မှာ ကန်ရေနဲ့ ထိတွေ့စေတာတို့၊ နေပူထဲ ရေကူးထွက်တာတို့၊ ပင်လယ်ထဲ ရေကူးထွက်တာတို့ ဆိုရင် အချိန်အကြာကြီး ရေထိခြင်းက သင့်ဆံပင်ကာလာအတွက် ဆိုးကျိုးဖြစ်ပေါ်စေပါတယ်။ ထိုအခါမျိုး ဆံပင်ကို တစ်ခုခုစွပ်ပြီး ကူးတာမျိုး လုပ်သင့်ပါတယ်။

၎။ အပူပေး ကိရိယာတွေနဲ့ လိုတာထက်ပိုပြီး အပူပေးတာမျိုးကို ရှောင်ပါ။

ဆံပင်ဆိုးထားတယ်ဆိုရင် အပူချောင်း၊ ဒရိုင်ယာ တို့နှင့် လိုတာထက် ပိုပြီး လုပ်တာတို့ ဖြောင့်စက်နဲ့ ခဏခဏ ဆွဲတာတို့ဟာ ဆံပင်သား ပျက်စီးစေရုံမက အရောင်လည်း ကျစေတတ်ပါတယ်။

၅။ ဆံပင်ကို မကြာခဏ ပေါင်းပေးပါ။

ဆံပင် ပေါင်းတာမျိုးက ဆိုင်မသွားချင်ရင် အိမ်မှာလဲ မကြာခဏဆိုသလို ပေါင်းတင်လို့ ရပါတယ်. Mask သုံးပြီးပေါင်းတင်တာမျိုးက ပိုထိရောက်ပါတယ်.အနည်းဆုံးတစ်ပတ် တစ်ခါ ပေါင်းတင်ပေးသင့်ပါတယ်..

Credit : YangonLifeMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top