iMyanmarHouse.com - Best Property Website for Myanmar
×














ပျိုးခင်း ( ၂ ) က တင်တဲ့ မင်းသမီး ၃ ယောက်ထဲမှာ အနုပညာနဲ့ ပတ်သက်ပြီး အနည်းငယ်စိမ်းသလို အနုပညာ အခွင့်အရေးနဲ့ပတ်သတ်ပြီး လက်ရှိအချိန်ကျမှ ထုတ်ဖော်ကြိုးစား ပြသခွင့်ရတဲ့ ရတနာဗိုက လက်ရှိ ကားရိုက်အတွေ့အကြုံများနဲ့ပတ်သက်ပြီး “အခုရိုက်နေတဲ့ ကားလေးက သေနတ်တစ်လက်၊ သနပ်ခါးတစ်စက် ၊ ဓားတစ်လက်နဲ့ကျွန်တော်တဲ့ ။ ကိုခန့်နဲ့ ညီမတို့ ပျိုးခင်း ( ၂ ) နဲ့ ဆုံတဲ့ ကားလေးပေါ့။ ညီမက ဒီကားလေးထဲမှာ သနပ်ခါးတစ်စက်ပေါ့။ ကာရိုက်တာပိုင်းကတော့ ဘယ်ကားမဆို ဆရာတွေကပဲ ရွေးချယ်ပေးတာပါ။ ဒီကားလေးက ညီမအတွက် ၄ ကားမြောက်ပေါ့။ အန်ကယ်လေးနဲ့ရိုက်ပြီးပြီ။ ကိုခန့်နဲ့လဲ ရိုက်ဖူးပြီးပြီ။ ကျန်တဲ့ ဆရာတွေနဲ့ကတော့ မဆုံရသေးပါဘူး”လို့ သူမက ပြောပါတယ်။

ခုနောက်ပိုင်း အနုပညာရှင်တွေရော၊ လူငယ်တွေပါ လူမှုကွန်ယက်တွေကို အချိန်တော်တော်များများ အသုံးပြုလာကြပြီဖြစ်တာကြောင့် သူမရဲ့ အမြင်ကို မေးကြည့်လိုက်တော့ သူမက “facebook သုံးတာက လွဲနေတယ်လို့မြင်မိတယ်။ လိုင်းဖွင့်တယ်။ noti ကြည့်တယ်။ chat box ကိုကြည့်တယ်။ ပုံတွေ တစ်နေ့တစ်နေ့ကို ပုံပေါင်းများစွာ တင်တယ်။ facebook ကိုအကျိုးရှိရှိ အသုံးချစေချင်တယ်။ ကိုယ့်ရဲ့ လိုအပ်ချက်တွက် လုပ်ငန်းတွက်၊ ပညာရေးတွက်ပဲ အသုံးချစေချင်ပါတယ်။ ညီမကိုဆို Like တွေ လာပြိုင်ကြတယ်။ ညီမက Like သိပ်မရဘူးလေ။ ကိုယ့်စိတ်ထဲမှာလဲ Like ရတယ်။ မရဘူးကို အဲ့လောက်ထိ feel မရှိဘူး။ ဘာလို့ ရတနာဗိုက Like မရတာလဲလို့ ပြောကြတော့ အဲ့ဒီ Like က လူတစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲနိုင်လို့လားပေါ့။ ကိုယ်ကြိုးစားမှ ၊ ကိုယ်လုပ်မှ ပြောင်းလဲလာမှာလေ။ Like တစ်ခုက ဘာမှမှ လုပ်လို့မရတာ၊ Feel လဲမဖြစ်ဘူး။ ကိုယ်တင်တယ် ဆိုတာက ကိုယ့်အတွက် အမှတ်တရဖြစ်အောင် တင်တာပဲရှိတာ။  Like က အရေးမှမကြီးတာ၊ အဲ့ဒါကို  Like ရဖို့အရေး ဒို့အရေး၊ cmt ရဖို့အရေး ဒို့အရေး လုပ်နေတာ မြင်ရတော့ လူငယ်တွေကို အဲ့လိုမဖြစ်စေချင်ပါဘူး”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top