iMyanmarHouse.com - Best Property Website for Myanmar
×










အိမ်ထောင်သုံးကြိမ် ကွဲခဲ့ဖူးတဲ့ အသက် ၄၅ နှစ်အရွယ် အဆိုတော် Jennifer Lopez ဟာ အရက်သောက်ခြင်း သို့မဟုတ် ဈေးဝယ်ထွက်ခြင်းနဲ့ အချစ်ရေးဆိုလာသူ ရှိလာတဲ့ကိစ္စမျိုးဆိုရင် ငြင်းဆိုမိမှာ မဟုတ်ပေမယ့် အရက်၊ ကော်ဖီ၊ လက်ဖက်ရည်ဆိုင်တစ်ခုခု ထိုင်နေရင်း ကြုံဆုံမိတဲ့ အမျိုးသားတွေ ချက်ချင်းကောက်ယူလိုက်တာမျိုး လုပ်မိမှာ မဟုတ်ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ ဒါပေမယ့် ဒီအတိုင်း အပျင်းပြေတွေ့ချင်ရင်တော့ တွေ့မိမှာပေါ့နော်။

"လုပ်ချင်စိတ်ပေါ်ရင် ဘာမဆို ကျွန်မ လုပ်တတ်ပါတယ်။ ကျွန်မအကြိုက် မဟုတ်ပေမယ့် လက်ဖက်ရည်၊ ကော်ဖီ၊ အရက်ဘားဆိုင်သွားပြီး တစ်ယောက်ယောက်နဲ့ အပျင်းပြေ သွားတွေ့ချင်စိတ်ဖြစ်လာရင် အဲဒါလည်းဖြစ်နိုင်တယ်။ စနေ၊တနင်္ဂနွေ အပတ်တိုင်း ဈေးဆိုင်တွေလျှောက်ပတ်လည်မယ်ဆိုတာမျိုးမဟုတ်ပေမယ့် တစ်စုံတစ်ဦးနဲ့ တွေ့သွားခဲ့ရင် အဲတစ်နေ့တော့ အဲ့မှာပဲ ချောချောမောမောကုန်ဆုံးသွားပါလိမ့်မယ်။"လို့ သူမက ဖွင့်ဟထားပါတယ်။

Jennifer ရဲ့ နောက်ဆုံး အနုပညာလှုပ်ရှားမှုကို အိမ်နီးနားချင်းမှ သူမ အပြုအမူစွဲလမ်းမိတဲ့ အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ထားတဲ့ “The Boy Next Door” ရုပ်ရှင်ကားထဲ မြင်တွေ့ရမှာပါ။ ယခင်ယောက်ျား Marc Anthony နဲ့ရခဲ့သည့် အသက် (၇) နှစ်အရွယ် အမွှာကလေး Max နဲ့ Emme နှစ်ယောက်ရဲ့ မိခင် Jennifer က သူ့မရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကြမ်းတမ်းတဲ့ မေးခွန်းတွေကိုချိုချိုသာသာ ဘယ်လို ပြန်ဖြေရမယ်လဲဆိုတာ နားလည် သဘောပေါက်ကြောင်း ဝန်ခံပြောဆိုထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top