iMyanmarHouse.com - Best Property Website for Myanmar
×













ရက်ပ်အဆိုတော် Kanye West နဲ့ ကန်းထရီး အဆိုတော်မလေး Taylor Swift တို့ဟာ ၂၀၁၅ ခုနှစ် ဂ၇မ်မီဆုပေးပွဲမှာ အချစ်ဆုံးသူငယ်ချင်း၂ ယောက်လို နေထိုင်ခဲ့ပြီး အတိတ်ကဖြစ်ပျက်ခဲ့ဖူးတဲ့ မပြေလည်မှုတွေကို အဆုံးသတ်လိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရက်ပ်အဆိုတော် Kanye West ဟာ အသက် ၂၄ နှစ်သာ ရှိသေးတဲ့ Taylor Swift ကို ၂၀၀၉ ခုနှစ် ဆုပေးပွဲမှာတုန်းက အကောင်းဆုံး အမျိုးသမီး ဂီတဗီဒီယိုဆု ရရှိစဉ်က စင်မြင့်ပေါ်တက်ပြီး ရှုံ့ချခဲ့ပါတယ်။

ထိုဆုဟာ Kanye West ရဲ့ မိတ်ဆွေဖြစ်တဲ့ Jay-Z ရဲ့ ဇနီးဖြစ်တဲ့ Beyonce သာ ရသင့်တယ်လို့ စင်ပေါ်တက်ပြီး Taylor Swift ရဲ့ မိုက်ခရိုဖုန်းကို လုယူပြောဆို ရှုံ့ချခဲ့ပေမယ့် ၆ နှစ်ကြာတဲ့အချိန်မှာတော့ သူတို့ ၂ ယောက်လုံးဟာ ထိုအဖြစ်အပျက်တွေကို မေ့ဖျောက် ပစ်လိုက်နိုင်ပါတယ်။
သူတို့ ၂ ယောက်ဟာ ၂၁၀၅ ခုနှစ် ဂရမ်မီဆုပေးပွဲမှာ ဖက်လှဲတကင်း နဲ့ ချစ်ချစ်ခင်ခင် ရှိခဲ့တာကို တွေ့ရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top