iMyanmarHouse.com - Best Property Website for Myanmar
×














ဗင်လင်တိုင်းနေ့ စေ့စပ်ကြောင်းလမ်းမှု တစ်ခုဖြစ်ခဲ့ပါတယ်။ သူတို့ လျို့ဝှက်သတင်းအရင်းအမြစ်တွေ ဖြည့်စွက်ဖော်ပြရင်း Lady Gaga နဲ့ Taylor Kinney တို့ရဲ့ စေ့စပ်ကြောင်းလမ်းမှု အခိုင်အမာဖြစ်ကြောင်း Us Weekly က ဒီကနေ့ သတင်းမှာ ဖော်ပြထားပါတယ်။

ပျော်စရာကောင်းတဲ့ အဲဒီနေ့မှာ Gaga ဟာ ဖခင်ရဲ့ စားသောက်ဆိုင်မှာ ညစာစားခဲ့ပြီး သူမရဲ့ စေ့စပ်လက်စွပ်ကို ကြွားလုံးထုတ်ဖို့ သူမနဲ့ Kinney နှစ်ဦး ခဏ ထွက်လာခဲ့ပါတယ်။ ချစ်သူများနေ့မှာ တင်ထားတဲ့ instagram post တွေထဲမှာ Lady Gaga က ဗင်လင်တိုင်းအတွက် သူမ အဆင်သင့်ဖြစ်နေခဲ့တယ်လို့ ဆိုခဲ့ပြီး ပန်းစည်းအကြီးကြီး တစ်ခုပုံကိုလည်း ရှဲခဲ့ပါတယ်။

ဒါပေမယ့် လက်စွပ်အကြောင်း တစ်စုံတစ်ခုမှတော့ ရေးသားဖော်ပြခြင်း မလုပ်ခဲ့ပါဘူး။ သူမဟာ  Kinney နဲ့ You & I မြူးဇစ်ဗီဒီယို ရိုက်ကွင်းမှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်ကတည်းက သူတို့နှစ်ဦး စတင် တွဲနေတာဖြစ်ကြောင်း သူမ ပရိတ်သတ်တွေကို ပြောပြခဲ့ပါတယ်။ ခုချိန်မှာတော့ သူတို့နှစ်ဦးဟာ တကယ်ပဲ သဘောတွေ့ မနောခွေ့ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top