iMyanmarHouse.com - Best Property Website for Myanmar
×

Lorde ရဲ့ ပရိသတ်တွေကတော့ သူမရဲ့ အယ်လ်ဘမ်သစ်နားထောင်နိုင်ဖို့အတွက် ဘယ်တော့များ ထွက်မလဲရယ်လို့ မျှော်တလင့်လင့်ရှိနေကြပါတယ်။ ဒီသတင်းဟာ သူမရဲ့ အမာခံပရိသတ်တွေ ၀မ်းသာပျော်ရွှင်သွားစေမယ့် သတင်းလို့ ဆိုနိုင်ပါတယ်။ Lordeရဲ့ ပရိုဂျူဆာဖြစ်တဲ့ Joel Little  ဟာ ၂၀၁၃ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Pure Heroine ကတည်းက လက်တွဲခဲ့သူဖြစ်ပြီး ခုနောက်ထပ်အခွေသစ်အတွက် စတူဒီယိုဝင်တော့မယ်ဆိုတဲ့အကြောင်းကိုလည်း သူပဲ ထုတ်ပြန်ခဲ့တာပါ။ သူပြောခဲ့တာကတော့ "ကျွန်တော်တို့အားလုံး မကြာခင်အချိန်အတွင်းမှာ စတူဒီယို ၀င်ကြတော့မှာပါ။ အကြမ်းဖျင်းကတော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်။ ခုလည်း သီချင်းတွေ စရေးနေပါပြီ"တဲ့။

သတင်းအချက်အလက်ဟာ မပြည့်စုံဘူးလို့ ဆိုရင်လည်း ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သီချင်းအမျိုးအစား၊ ပုံစံတွေက ဘယ်လိုဖြစ်မယ်ဆိုတာနဲ့ အခွေအတွက် အချိန်ဘယ်လောက်သတ်မှတ်ထားတယ် ဆိုတာမျိုး အတိအကျ မထုတ်ပြန်သေးတာကြောင့်ပါ။ Lorde ကတော့  ချစ်သူများနေတုန်းက Twitter မှာ သီချင်းသစ်တွေအကြောင့် အရိပ်အမြွက် ပြောသလိုမျိုး ရှိခဲ့ပါတယ်။ ဒါကလည်း အတည်ယူလို့မရသေးပြန်ပါဘူး။ သူမရဲ့ Twitter မှာ long-dead flowers ဆိုပြီး tweet လုပ်ထားတာ မြင်ပေမယ့် ဒါဟာ သီချင်းစာသာလား၊ ကဗျာလား၊ ဘာမှမသိတာကြောင့် အတိအကျတော့ ဘာမှပြောလို့ မရပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top