iMyanmarHouse.com - Best Property Website for Myanmar
×











Marvel ကုမ္မဏီဟာ သူတို့ရဲ့ Spider-Man ဇာတ်ကောင်ကို Marvel Cinematic Universe မှာရော ၊ Sony Film က ထုတ်လုပ်မယ့် ဇာတ်လမ်းတွဲအသစ်မှာပါ ထည့်သွင်းပါဝင်စေမယ်လို့ တရားဝင် ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း Sony ရဲ့ ထုတ်လုပ်ပြီး Amazing Spider Man ဇာတ်လမ်းတွဲဟာ ရုပ်သိမ်းလိုက်ပြီဖြစ်သလို Andrew Garfield ဟာလည်း Spider Man ဇာတ်လမ်းရဲ့ မင်းသားအဖြစ် သရုပ်ဆောင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ Peter Parker ဇာတ်ကောင်ကို ပြန်လည် ရိုက်ကူးမှာဖြစ်ပြီး မကြာမီ ထွက်ရှိလာတော့မယ့် Marvel Studio ရဲ့ ဇာတ်လမ်းထဲမှာ မင်းသားအသစ်နဲ့ ပွဲဦးထွက် ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

Marvel Cinematic Universe ရဲ့ ဇာတ်လမ်း ထွက်ရှိပြီးတဲ့အခါမှာ Sony ကရိုက်ကူးမယ့် Spider Man ဇာတ်လမ်းဟာထပ်မံ ထွက်ရှိလာမှာဖြစ်ပြီး Marvel က အသုံးပြုထားတဲ့ မင်းသားနဲ့ Peter Parker ဇာတ်ကောင်ကို ပြန်လည် အသုံးပြုမှာဖြစ်ပါတယ်။

ထို Sony က ထုတ်လုပ်မယ့် Spider Man ဇာတ်လမ်းမှာလည်း Marvel ကုမ္မဏီ ရဲ့ အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ Kevin Feige က တွဲဖက် ထုတ်လုပ်သူအဖြစ် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top