iMyanmarHouse.com - Best Property Website for Myanmar
×










ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ One Lady Show ကို ၃ လပိုင်း ၂၁ ရက်နေ့မှာ ကျင်းပ ပြုလုပ်တော့မယ်လို့ သိရပြီး ကျင်းပမယ့်နေရာကတော့ MEP (Myanmar Event Park) ပါတဲ့။ ဒါ့အပြင် သူမဟာ ခါချနေရတယ်ဆိုတဲ့ တေးသံရှင် အမျိုးသား ၁၅ ယောက်နဲ့ တွဲဆိုထားတဲ့ အတွဲခွေကလဲ ပြည်ထောင်စုနေ့မှာ ထွက်ရှိမှာဖြစ်ပြီး ကန်တော်ကြီး ( ကရ၀ိတ်ဥယျာဉ်ကမ္ဘာ ) Sou Venir Area မှာ လက်မှတ်ရေး ထိုးရောင်းချ ဖျော်ဖြေပေးသွားဦးမှာမို့ သူမရဲ့ ဂီတလှုပ်ရှားမှုတွေ၊ သရုပ်ဆောင် အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီး သွားရောက်တွေ့ဆုံ မေးမြန်းဖြစ်ခဲ့တာကတော့ “၀ိုင်းစုရဲ့ One Lady Show က ၃ လပိုင်း ၂၁ ရက်နေ့မှာ MEP မှာလုပ်ပါမယ်။

ဒါဝိုင်းစုရဲ့ ပထမဆုံး တစ်ကိုယ်တော်ရှိုးပေါ့။ ၀ိုင်းစုအနေနဲ့ ပရိသတ်ကြိုက်မဲ့ သီချင်းတွေကို ရွေးထားတယ်။ Performance ထည့်လို့ရတဲ့ သီချင်းတွေဆို Performance ထည့်မယ်။ အတွဲဆိုပေးမဲ့သူတွေတော့ ပါမယ်။ ကိုဇာနည်၊ ကိုဟဲလေး၊ Ar-T၊ ဒီးဒီပါမယ်။ နောက်လူတွေကတော့ မသေချာသေးပါဘူး။ လက်မှတ် ကတော့ မတ်တပ်ရော၊ ထိုင်ခုံနဲ့ရော အဆင်ပြေအောင် ၀ိုင်းစု လုပ်ပေးထားပါတယ်။ အဲ့ဒါမှာ ဈေးနှုန်းတွေလဲ ခွဲထားပါတယ်။ ဂီတသက်တမ်း ၁၀ နှစ်အကြာမှာ ဒီ One Lady Show လေးကို လုပ်ဖြစ်ခဲ့တာပေါ့။ ဒီ၁၀နှစ်တာမှာလဲ ၀ိုင်းစုဖန်တီးခဲ့တဲ့ သီချင်းတွေအတွက် ၀ိုင်းစုကျေနပ်တယ်။ ပရိသတ်တွေကလဲ အခွေတိုင်းလိုလိုကို အားပေးကြတယ်။ အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်။ ဒီပွဲလေးလုပ်ဖို့အတွက် ၀ိုင်းစု ကြောက်နေခဲ့တယ်။ တခါမှလဲ မလုပ်ဖူးဘူး။

မနိုင်မနင်းဖြစ်မှာလဲ ကြောက်တယ်။ တွေ့တဲ့ပရိသတ်တွေ မြှောက်ပေးတာလဲ ပါပါတယ်။ သီချင်းတွေလဲ အကောင်းဆုံး ရွေးထားတယ်။ Performance ပိုင်းကိုလဲ အကောင်းဆုံး ဖန်တီးမှာပါ။ တော်တော်များများကတော့ လာမယ်လို့ပြောကြတယ်။ ဒါပေမဲ့ကြောက်တော့ကြောက်တယ်။”လို့ သူမက ဖွင့်ဟသွားပါတယ်။

အ၀တ်အစားစီစဉ်မှုအပိုင်းနဲ့ ခါချနေရတယ် အခွေနဲ့ ပတ်သက်ပြီးတော့လည်း သူမက “မပုံ့စီစဉ်ပေးနေပါတယ်။ မပုံ့နဲ့လဲ တိုင်ပင်ဖြစ်တယ်။ Dancer တွေနဲ့လဲတိုင်ပင်ဖြစ်တယ်။ အမေကြီးနဲ့လဲ တိုင်ပင်ဖြစ်တယ်။ အချိန်ကတော့ ၆ ကနေ စမယ်။ ၁၁ လောက်ထိပဲပေါ့။ လက်မှတ်နှုန်းထားကတော့ ၁၀၀၀၀ ကနေ ၁၀၀၀၀၀ ထိပဲပေါ့။ မတ်တပ်ကတော့ ၁၀၀၀၀ လောက်ပဲပေါ့။ လှူဖို့တန်းဖို့ကတော့ စဉ်းစားနေတယ်ပေါ့။ စာနယ်ဇင်းပွဲကျရင်တော့ အတိအကျ သိရပါပြီ။

 ပြည်ထောင်စုနေ့မှာ အမျိုးသား ၁၅ ယောက်နဲ့ ခါချနေရတယ် ဆိုတဲ့ အခွေထွက်မယ်။ ကြားထဲမှာ ဘာပွဲမှ လက်မခံထားဘူး။ ကျန်းမာရေးကို ဂရုစိုက်ရမယ်။ One Lady Show အတွက် အသံပိုင်းကို ပြင်ဆင်ရမှာမို့လို့ပါ။ အသံပိုင်း မထိခိုက်အောင် ကျန်းမာရေးကို ဂရုစိုက်ဖြစ်ပါမယ်။ ခုလက်ရှိဘ၀လေးကတော့ အလုပ်တွေနဲ့ပဲပေါ့။ ကိုယ့်အမျိုးသားနဲ့လဲမတွေ့ဖြစ်ဘူး။ ညဆိုလဲ Night Scene တွေရှိတော့ ကိုယ်ပြန်လာရင် သူက အိပ်နေပြီ။ အမျိုးသားကိုတော့ Stage design ဆွဲခိုင်းထားတယ်။ သူလုပ်နိုင်တာလေးတွေ လုပ်ပေးမယ်ပေါ့။ ခု Duet ခွေထွက်မယ်။ ပြီးရင် One Lady Show ရှိမယ်။ ပြီးရင်တော့ ၀ိုင်းစု ကားရိုက်ဖက်ကို ပြန်လှည့်ဖြစ်မယ်”တဲ့။

ခုလက်ရှိမှာ သူမက ခဏခဏ မကြာမကြာပြောဖူးပါတယ်ဆိုတဲ့ ဇာတ်ကားမှာ အောင်ရဲလင်းနဲ့ တွဲဖက်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top