iMyanmarHouse.com - Best Property Website for Myanmar
×

 တေလာ ဆွစ်ဖ်သည် နာမည်ကျော် Style သီချင်းအတွက် တေးဂီတဗီဒီယို ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။

အဆိုတော်တေလာဆွစ်ဖ် က Style တေးဂီတဗီဒီယိုထွက်ရှိ မည့်သတင်းကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာများဖြစ်သော Twitter နှင့် Instagram စာမျက်နှာတို့မှတစ် ဆင့် ကြေညာခဲ့သည်။

တေလာဆွစ်ဖ်သည် ယင်း တေးဂီတဗီဒီယိုထွက်ရှိမည့် သတင်းနှင့်အတူ ၎င်းကို မီးခိုးငွေ့ များလွှမ်းခြုံသွားသည့်ပုံ    ရိုက် ကူးထားသော ဗီဒီယိုကလစ်တစ် ခု ဖော်ပြပေးခဲ့သည်။

Style သီချင်းသည် တေလာ ဆွစ်ဖ်၏ ပဉ္စမမြောက်စတူဒီယို အယ်လ်ဘမ် 1989 မှထွက်ရှိပြီး ဖြစ်သော တတိယမြောက်သီချင်း ဖြစ်သည်။

1989 တေးအယ်လ်ဘမ်ထဲ မှ Shake It Off နှင့် Blank Space သီချင်းများအတွက် တေး ဂီတဗီဒီယိုများမှာ ထွက်ရှိပြီးဖြစ် ပြီး ယခုအခါ အလွန်နာမည်ကျော် လူကြိုက်များသော တေးဂီတဗီဒီ ယိုများဖြစ်လာသည်။  

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top