iMyanmarHouse.com - Best Property Website for Myanmar
×









အီရန်အစိုးရ၏ တရား ဝင်တားမြစ်မှုကို အာခံဖီဆန်၍ အီရန်ဒါရိုက်တာဂျာဖာဖန်နာဟီ ရိုက်ကူးတင်ဆက်ထားသော Taxi     ရုပ်ရှင်ဇာတ်ကားသည် ဖေဖော်ဝါရီ ၁၄ ရက် (၆၅)ကြိမ် မြောက် ဘာလင်နိုင်ငံတကာရုပ် ရှင်ပွဲတော်၌ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုအတွက် ပေးအပ် သည့် ရွှေဝက်ဝံဆုကို ဆွတ်ခူးရရှိ ခဲ့သည်။

အကောင်းဆုံးရုပ်ရှင်ဒါရိုက် တာဆုကို Aferimi ရုပ်ရှင်ဇာတ် ကားဖြင့် ရိုမေးနီးယားဒါရိုက်တာ ရာဒူဂျု့ဒ်နှင့် Body ရုပ်ရှင်ဇာတ် ကားဖြင့် ပိုလန်ဒါရိုက်တာ မယ် ဂေါ်ဇာတာဆူမိုစကာတို့က ပူးတွဲ ရရှိခဲ့သည်။

45 Year ရုပ်ရှင်ဇာတ်ကား မှ တွမ်ကော့ထ်နေးသည် ဘာလင် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှ ချီး မြှင့်သည့် အကောင်းဆုံးသရုပ် ဆောင်မင်းသားဆုကိုရရှိခဲ့ပြီး ယင်းဇာတ်ကားဖြင့်ပင် ရှားလော့ ရမ်းပလင်းက အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆုရရှိခဲ့ သည်။

၁၁ ရက်ကြာကျင်းပသည့် (၆၅)ကြိမ်မြောက် ဘာလင်နိုင်ငံ တကာရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင် ဇာတ်ကားပေါင်း ၄၀၀ ကျော် ပြသခဲ့ပြီး ယင်းအနက် ၁၉ ကားမှာ အဆိုပါပွဲ၏ အဓိကဆုဖြစ်သော ရွှေဝက်ဝံအတွက် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။ ဆုများကို အကဲဖြတ် ဒိုင်လူကြီးခုနစ်ဦးက ဆုံးဖြတ်ပေး ခဲ့သည်ဟု သိရသည်။

Credit :7daydaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top